img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, June 26, 2012

နိုင်ငံတကာသို့ တရားဝင် ဖုန်းခေါ်ဆိုနိုင်သညY.talk စနစ် အားရတနာပုံ Call Center မှ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း Blue Ocean ကုမ္ပဏီမှသိရသည်။


 ”လောလောဆယ် ဝန်ဆောင် မှုမပေးနိုင်သေးတာက ကောက်ခံမဲ ဝန်ဆောင်ခနှုန်းထားတွေကိုY.talk ဝန်ဆောင်မှုပေးတဲ ကုမ္ပဏီနဲ့ ညှိနှိုင်း ရမှာဖြစ်တဲ့အတွက်ပါေ ကြာင်း ဇူလှိုင် လထဲမှာတော့ ဝန်ဆောင်မှုပေးနိုင် အောင် အပြီးသတ်ဆောင်ရွက်ပေးသွားမှာပါ” ဟု Blue Oceanကုမ္ပ ဏီမှ မန်နေဂျင်းဒါရိုက်တာဦးထွန်း ထွန်းနိုင် ကပြောသည်။
ဝန်ဆောင်မှုပေးမည့် ပုံစံမှာ နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုချင်သူများ အနေဖြင့်မိမိခေါ်ဆိုလိုသည့် ဖုန်းနံ ပါတ်အားရတနာပုံCall Center  1877သို့ဖုန်း ဆက်သွယ်ရမည်ဖြစ်ပြီးCall Center  မှ အဆိုပါဖုန်းနံပါတ်ကို ဖုန်း ခေါ်၍ပြန်လည်လွှဲပေးခြင်းဖြစ်ကြောင်း၎င်းက ဆက်လက်ပြောသည်။ ”ဖုန်းခေါ်ဆိုခတွေကို မြန်မာ ကျပ်ငွေနဲ့ တယ်လီဖုန်း ဘီလ်ထဲက နုတ်ယူသွားမှာပါ၊ ကိုယ့်ဖုန်းခေါ်မဲ့ နိုင်ငံတွေရဲ့ ကုတ်နံပါတ်တွေမသိရင် လဲ မေးမြန်းနိုင်ပါတယ်၊ နှုန်းထား သတ်မှတ်ပြီးတာနဲ့ အေ ကြာင်းကြား မှုတွေ အမြန်ဆုံးပြုလုပ်ပေးသွားမှာပါ”ဟု၎င်းကထပ်လောင်းပြောသည်။ယင်းဝန်ဆောင်မှုကို ရတနာပုံ Call Center  နှင့် VMG TELECOMS ကုမ္ပဏီ တို့မှ မြန်မာ့ဆက်သွယ်ရေး  လုပ်ငန်း၏ခွင့်ပြုချက်ဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီးတရား မဝင်ဖုန်းခေါ်ဆိုမှုများ ပပျောက်ရေး အတွက်ရည်ရွယ်၍ ဆောင် ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ”အင်တာနက်ဆိုင် မသွားဘဲ နိုင်ငံတကာကို ဖုန်းခေါ်ဆိုလိုရပြီ ဆို ရင်တော့ ပိုပြီးအဆင်ပြေမှာပါ၊ ဒါ ပေမဲ့ ကိုယ့်ဖုန်းကတဆင့် ရတနာပုံ Call Center အဲဒီကမှတဆင့် နိုင်ငံ တကာဖုန်းကိုပြန်ခေါ်တယ်ဆိုတော့ ဖုန်းကိုင်ထားရမှာ အကြာကြီးပဲ၊ ငွေ ကောက်ခံတာများနေမယ်ဆိုရင်တော့ မလွယ် ဘူး။”ဟု ပုဇွန်တောင်မြို့နယ် မှ မလဲလဲဝင်းက ပြောသည်။လက်ရှိ တွင်Y.talk  စနစ် ဖုန်းခေါ်ဆိုမှုအား တိုင်းဒေသကြီးအချို့ရှိ အင်တာနက် ဆိုင်များသာ ဝန်ဆောင်မှုေ ပးလျက် ရှိနေပြီး ကိုယ်ပိုင်ကွန်ပျူတာများနှင့်တဆင့်ဖုန်းပြန်ခေါ်ဆိုပေးသည့် စင် တာများမရှိသေးပေ။
အောင်ဇော်၊ သုတလင်း

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား