img.emoticon { padding: 0; margin: 0; border: 0; }
Showing posts with label သုတစုံ-စာအုပ်များ. Show all posts
Showing posts with label သုတစုံ-စာအုပ်များ. Show all posts

Saturday, August 2, 2014

Internet သုံးဖို. အဆင်ပြေချိန်မှာ ebooksတွေ စုကြဖို.


အမျိုးအစားအလိုက်ရှာရန်
နက္ခတ္တရောင်ခြည်မဂ္ဂဇင်း - သြဂုတ် (နောက်ဆုံးထုတ်)
လင့်နှစ်ခုပေးထားပါသည်

Download Link (1) - http://www20.zippyshare.com/v/24567870/file.html
( အ၀ါရောင် ဒေါင်းလော့ခလုတ်ကိုနှိပ်ဆွဲပါ )

Download Link (2) - http://www.mediafire.com/view/zmn8d0qrwy8mc5e/97_NetKhatTaYaungChiMagazine_2014Aug.pdf

မြန်မာ epub စာအုပ်များ
http://goo.gl/uCP686
ဘာသာပြန်စာအုပ်များ
http://is.gd/opA6Qm
English ၀တ္ထုစာပေများ
http://is.gd/rkKUiA
သမိုင်းစာအုပ်များ
http://is.gd/Yr6fFUန
မြန်မာစွယ်စုံကျမ်း၊စာပေကျမ်း၊စာတမ်း၊ကျောက်စာစာအုပ်များ
http://is.gd/4K4SFK
စာပေဟောပြောပွဲ mp3 ဖိုင်များ
http://is.gd/zy4PuA
အထွေထွေသုတစာအုပ်များ
http://is.gd/MxlUeR)
ဖက်ရှင်ဒီဇိုင်းနှင့်အလှအပဆိုင်ရာစာအုပ်များ
http://is.gd/Efh2iD
လှို့ဝှက်သည်းဖို စုံထောက်ဝတ္ထုများ
http://is.gd/B3uZQn
ဘာသာစကားဆိုင်ရာ စာအုပ်များ
http://is.gd/xEB8ac

Sunday, July 27, 2014

စိတ်ဖိစီးမှုကင်းသော ဘ၀တစ်ခုတည်ဆောက်ရန်

သင်အလုပ်ရှုပ်နေပြီး တရားထိုင်ရန်နှင့် အသက်ရှူလေ့ကျင့် ခန်းလုပ်ရန် အမှန်တကယ်အချိန်မရှိဖြစ်နေလျှင် သည်းခံစိတ်လျော့ နည်းလာပြီး သင်၏အလုပ်အစီအစဉ်ကို အနှောင့်အယှက်ဖြစ်စေမည့် စိတ်ဖိစီးမှုမြင့်တက်လာနိုင်သည်။

စိတ်ဖိစီးမှုကင်းသော ဘ၀တစ်ခုတည်ဆောက်ရန် မခက်ခဲဘဲ အလွယ်တကူပင်ရရှိနိုင်သည့် စိတ်ဖိစီးမှုကင်းအောင်နေရန် လုပ်ဆောင်ရမည့် အချက်အလက်များကို ဖော်ပြပေးလိုက်ပါသည်။ အမြဲတမ်းဆိုသလို စိတ်ဖိစီးမှုကင်းအောင်နေနိုင်ရန် စိတ်ကို ထိန်းချုပ်ထားဖို့လိုသည်။ ဘ၀တွင်ကြုံတွေ့လေ့ရှိသော ကိစ္စ  သေးသေးမွှားမွှားများကြောင့် အနှောင့်အယှက်မဖြစ်နိုင်မည့် စိတ်အကာအကွယ်တစ်ခုလိုအပ်သည်။ ယင်းအကာအကွယ်ကို ရရှိရန် နေ့စဉ်တစ်ကြိမ်ထက်ပို၍ တရားထိုင်ရမည်ဖြစ်ကြောင်း ယောဂဆရာကီယာရေးက ပြောသည်။
မည်သည့်နေရာတွင် ဖြစ်စေ တရားထိုင်နိုင်သည်။ မျက်စိကို ပိတ်ထားပြီး ၀င်လေထွက်လေ မှတ်ပါ။ နှာသီးဝသို့ လေထိတွေ့သည်ကို အာရုံစူးစိုက်ပါ။ ယင်းကဲ့သို့ တစ်နေ့လျှင် အနည်းဆုံးနှစ်ကြိမ်ခန့် ၈ မိနစ်မှ ၁၀ မိနစ်အထိ ပုံမှန်လုပ်ပါ။

ကွန်ပျူတာကို လေ့လာ ပါတော့မယ် ဆိုတဲ့ မောင်မယ်များ အတွက်




ကွန်ပျူတာကို လေ့လာ ပါတော့မယ် ဆိုတဲ့ မောင်မယ်များ အတွက် ကျွန်တော် သိမ်းထား မိသမျှ ကွန်ပျူတာ ဆိုင်ရာ လေ့လာ စရာ
စာအုပ်ကောင်း များပါ။ အကုန် မြန်မာလိုကြီးပါပဲ ဖြည်းဖြည်း ချင်း ဖတ် ပြီး မှတ် သွား ရုံပါပဲ။

  1. Introduction
  2. What is Virus
  3. Basic Dynamic
  4. BIOS and CMOS အကြောင်း
  5. Boot Setting Configur
  6. CD and DVD Drive များအကြောင်း
  7. Format USB Drive

Wednesday, July 16, 2014

စာရေးဆရာ၊ စာရေးဆရာမ 49 ဦးရဲ့ စာပေဟောပြောပွဲ အသံဖိုင် 132 ခု လိုချင်ရင်


စာရေးဆရာ အစုံပါတယ် ဇာဂနာတို ၊ ကိုကိုကြီးတို့  အခုနောက်ပိုင်း ဆရာလင်းသိုက်

ဟိုးအရင်ကဆို ဦးသုခ ၊ နန္ဒာသိန်းဇံ၊ ဒေါက်တာမတင်ဝင်း ၊ လယ်တွင်းသား စောချစ်

မြန်မာပြည်အပါအ၀င် နိုင်ငံတကာ ဟောပြောခဲ့တဲ့ ဟာတွေ တစ်စုထဲ ယူလို့ ရပါပြီ

Tuesday, July 15, 2014

ခန္ဓာကိုယ်တွင်း အဆီလောင်မြိုက်စေမည့် အစားအစာ (၁၀) မျိုး



ဗိုက်ခေါက် အဆီပျဉ်တွေ ချဖို့ အတွက် gym ဆော့ ကြသော်လဲ၊ အထိရောက်ဆုံး နှင့် အလွယ်ကူဆုံး နည်းကတော့ အဆီဆဲလ် တွေကို ဖြိုခွင်းပေးနိုင် သော ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာ များကို စားသောက်ခြင်းဘဲ ဖြစ်ပါတယ်။

(၁) ကွေကာအုတ်(အကြမ်း)

ကွေကာအုတ်(အကြမ်း) တွေက အရသာ မရှိသော်လဲ၊ ဆာလောင်မွတ်သိပ်မှုကို ပြေပျောက် စေတဲ့အပြင် ကျန်းမာရေးနှင့် ညီညွတ် စေတာကြောင့် နံက်စာ အာဟာရအဖြစ် မှီဝဲသင့်ပါတယ်။ ၄င်းထဲမှာ ပါရှိတဲ့ အမျှင်ဓာတ်များက ခန္ဓာကိုယ်ကိုဆိုးကျိုးပေးတဲ့ LDL ကိုလက်စထရောကို ထိရောက်စွာ ထိန်းညှိပေးပါတယ်။ ကွေကာအုတ်(အကြမ်း) များကို City Mart ဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူရ ရှိနိုင်ပါတယ်။

Myanmar Business Today Vol 2, Issue 28 _ July 17-23, 2014


Myanmar Times (English) Issue 737 _ July 14-20, 2004

Monday, June 30, 2014

သင့်ကွန်ပျူတာအတွက်မရှိမဖြစ်ဆော့ဝဲများ


စာအုပ်အမည် - သင့်ကွန်ပျူတာအတွက်မရှိမဖြစ်ဆော့ဝဲများ
စာရေးသူ - ဂျူလိုင်စိုး
အမျိုးအစား - PDF
အရွှယ်အစား - 11.09 MB

View ကိုနှိပ်ပြီး တိုက်ရိုက်ဖတ်ရှု့နိုင်သလို Download ကိုနှိပ်ပြီးလည်းဒေါင်းနိုင်ပါတယ်


ဒီမှာနှိပ်ပါ

ကွန်ပျူတာတစ်လုံးကိုယ်တိုင်တည်ဆောက်ခြင်း


စာအုပ်အမည် - ကွန်ပျူတာတစ်လုံးကိုယ်တိုင်တည်ဆောက်ခြင်း
စာရေးသူ - မောင်မောင်ကြီး 

အမျိုးအစား - PDF
အရွှယ်အစား - 5.71 MB

View ကိုနှိပ်ပြီး တိုက်ရိုက်ဖတ်ရှု့နိုင်သလို Download ကိုနှိပ်ပြီးလည်းဒေါင်းနိုင်ပါတယ်


ဒီမှာနှိပ်ပါ

Wednesday, May 28, 2014

၂၀၁၄ မေလ ၂၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် လိုက်နာကျင့်သုံးမှု ကင်းမဲ့နေသည့် ဥပဒေများ

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် လိုအပ်ချက်အလိုက် ဥပဒေအမျိုးမျိုး ပြဋ္ဌာန်းထားရှိသည်။ အုပ်ချုပ်မှုရှိသော နေရာမှန်သမျှ လိုက်နာကျင့်သုံးရမည့် ဥပဒေဟူ၍ ရှိသည်။ ဥပဒေဆိုသည်မှာ လူသားတို့ကို ပရမ်းပတာ မဖြစ်စေအောင် ထိန်းသိမ်းကွပ်ကဲရန်အတွက် ပြဋ္ဌာန်းထားခြင်း ဖြစ်သည့်အတွက် ကမ္ဘာပေါ်တွင် ဥပဒေကင်းမဲ့သည့် နိုင်ငံ၊ ဥပဒေကင်းမဲ့သည့် ဒေသဟူ၍ မရှိစကောင်းပေ။ ဥပဒေ ကင်းမဲ့နေသည်ဆိုသည့် အဓိပ္ပာယ်မှာ တရားမျှတမှုမရှိ၊ လက်နက်ရှိသူက လက်နက်မဲ့သူကို အနိုင်ကျင့်၊ အင်အားရှိသူက အင်အားနည်းသူကို နှိပ်စက်၊ ပရမ်းပတာ ဖြစ်ချင်တိုင်းဖြစ်နေခြင်းကို ဆိုလိုချင်းပင် ဖြစ်သည်။ မြန်မာစကားပုံတွင် “အကွပ်မဲ့ကြမ်း ပရမ်းပတာ” ဟူ၍ ရှိသည်။ အသက်မရှိသည့်ကြမ်းပင် အထိန်းအကွပ်မဲ့သည့်အခါ ပရမ်းပတာ ဖြစ်သည်ဆိုလျှင် အသက်ရှိသည့် လူသားများ၌သာ ထိန်းကွပ်ကြီးကြပ်သည့် ဥပဒေ မရှိပါက ပို၍ပရမ်းပတာဖြစ်ဖို့ရာ ရှိသည်။

Wednesday, May 14, 2014

လူ့ဘဝမှာ မစောင့်သင့်တဲ့အရာ ၈ခု


(၁) ဆင်းရဲနွမ်းပါးသွားမယ့်အချိန်ထိ မစောင့်ပါနဲ့....
အချိန်ကြာလာတာနဲ့အမျှ ဆင်းရဲနွမ်းပါးရတာအကျင့်ဖြစ်သွားတတ်လို့ပါ။

(၂) စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ အချိန်ကိုမစောင့်ပါနဲ့....
ကြိုးစားအားထုတ်မှုနောက်ကျသွားတဲ့အခါ အသက်ကြီးလာတာနဲ့အမျှ စိတ်ကူးအိပ်မက်တွေ အရောင်လွှင့်သွားတတ်လို့ပါ။

(၃) သင်ယူလေ့လာဖို့ အချိန်ကိုမစောင့်ပါနဲ့....
သင်ယူတာနည်းလေ စိတ်ကူးအိပ်မက်ကိုအကောင်အထည်ဖော်ဖို့ အရည်အချင်းနည်းလေဖြစ်တတ်လို့ပါ။

အောင်ပွဲရဖို့ဆိုတာ အကြောင်းသုံးချက်ပြည့်စုံရတယ်။



- တခြားသူတွေထက် ပိုသိရမယ်

- တခြားသူတွေထက် ပို ကြိုးစားရမယ်

- အဲ… တခြားသူတွေလောက်တော့ အလှမ်းမကျယ်စေနဲ့။

ပြဇာတ်ဥသျှောင် ၀ီလျှံ ရှိတ်စပီးယား

Tuesday, May 6, 2014

အရွယ်တင်ချင်သော အမျိုးသားများအတွက်

သက်တူရွယ်တူ အပေါင်းအသင်းတွေနဲ့ ယှဉ်လိုက်ချိန်မှာ သင်က အသက်ပိုကြီးတယ်လို့ သူများတွေ မထင်စေဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာပေးဖို့ လိုပါတယ်။

အိပ်ရေးပျက်မခံပါနှင့်

အမျိုးသားအများစုဟာ အိပ်ချိန်နည်းတတ်ကြပါတယ်။ တချို့တွေက အရမ်းနောက်ကျမှ အိပ်ရာဝင်တတ်ကြပြီး မနက်ပိုင်းမှာ အိပ်ရာထ နောက်ကျတတ်ပါတယ်။ အိပ်စက်မှု ပုံစံ မှန်ကန်မှု မရှိတာကလည်း သင့်အရေပြားက ဆဲလ်တွေကို လျော့တွဲစေပြီး အရေးအကြောင်း တွေ ဖြစ်စေပါတယ်။ တစ်နေ့ကို ပျမ်းမျှ ရှစ်နာရီ လောက် အိပ်စက်ဖို့ လိုပြီး အိပ်ရာဝင်ပြီးလို့ မိနစ် ၂၀ လောက်မှ အိပ်ပျော်ပါစေ။

ဆေးလိပ်ရှောင်ပါ

ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိသူတွေဟာ ဆေးလိပ်မသောက်တတ်တဲ့သူတွေ ထက်ပိုပြီး ရင့်တတ်ကြပါတယ်။ ဆေးလိပ်သောက်သူတွေဟာ အသက်အရွယ် တူပေမယ့် ၁၀နှစ်လောက် ကွာနေတယ်လို့ ထင်ရစေပါတယ်။ ဆေးလိပ်သောက်တဲ့ အမျိုးသားတွေမှာ အရေပြား ပေါ်မှာ အရေးအကြောင်းတွေနဲ့ လိုင်းတွေပေါ်လာတတ်ပြီး အရေပြားလည်း ခြောက်သွေ့နေတတ်ပါတယ်။

အမွှေးရိတ်ချိန် သတိထားပါ

အမျိုးသားတိုင်း မုတ်ဆိတ်မွေးနဲ့ ပါးသိုင်းမွေးတွေကို ရိတ်တတ်ကြပါတယ်။ သတိထားရမှာက အမွေး မရိတ်ခင် အချိန်မှာ ခရင်မ်တစ်မျိုးသုံးပေးပြီး အရေပြား ထိခိုက်မှုကို ကာကွယ်ပါ။ အမွေးရိတ်ပြီးချိန်မှာ လည်း ရေနွေးနွေးနဲ့ သန့်စင်ပေးပြီး ရေဓါတ်ပါဝင်တဲ့ တိုနာ ဒါမှမဟုတ် ဖောင်ဒေးရှင်းခရင်မ် တစ်မျိုး သုံးပေးပါ။

အစားအစာ ရွေးစားပါ - ဒေါက်တာသက်ဦး

   ကျန်းမာရေး


လူဖြစ်လာရင် မကင်းဆုံးအရာက အစားအသောက် မဟုတ်လား။ ရှင်သန်ဖို့၊ ဖွံ့ ဖြိုးဖို့၊ ကျန်းမာဖို့ အစား အသောက်ကို မှီခိုရပါတယ်။ စားကြတယ်၊ သောက်ကြတယ်။ နံနက်စာ၊ နေ့လယ်စာ၊ ညစာ၊ ညလယ်စာ၊ သရေစာ အချိန်တိုင်းမှာ စားကြတယ်။ တချို့ကျတော့ အစားတွင်မက လာဘ်ပါ စားကြပြန်တယ်။ စားတိုင်း ကောင်းတာတော့ မဟုတ်ပါဘူး။ စားတတ်မှသာ အစားအသောက်ရဲ့ အကျိုးကျေးဇူးတွေ ခံစားရမှာပါ။ ကျန်းမာရေးနဲ့ပြည့်စုံပြီး သင့်တင့်မျှတတဲ့ အစားအသောက်တွေကသာ နေကောင်းထိုင်သာ အကျိုးရှိစေမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားသုံးဖို့ သော့ချက်လေးတွေ ရှိပါတယ်။

ရေခဲ ရေ သို့မ ဟုတ် အဆိပ် သောက်နေ ကြသူ များ


မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက်အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ် ရေသန့်ဘူးပေးလိုက်ရာတစ်ရှိန်ထိုးမော့ချလိုက်ပြီးနောက်သတိလစ်လဲကျပြီး
ပါးစပ်မှအမြှုပ်များထွက်လာသဖြင့် ပြင်ပ ဆေးရုံတစ်ခုသို့ ပို့လိုက်ရသည်ဟု သိရပါသည်။

နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ် ရေသန့်ဘူးပေးလိုက်ရာတစ်ရှိန်ထိုးမော့ချလိုက်ပြီးနောက်သတိလစ်
လဲကျပြီးပါးစပ်မှအမြှုပ်များထွက်လာသဖြင့် ပြင်ပ ဆေးရုံတစ်ခုသို့ ပို့လိုက်ရသည်ဟု သိရပါသည်။
နေပူ ထဲ မှ ပြန် လာပြီး အိမ်ရောက် သည်နှင့် ရေခဲသေတ္တာထဲမှ ရေအေးအေး တစ်ပုလင်း ထုတ်ယူပြီး အားရပါးရ သောက်ချလေ့ရှိသူ တစ်ဦးသည် လွန်ခဲ့သော ရက်ပိုင်းက မျက်စိ များ
နီရဲလာပြီးခေါင်းကိုက်လာသဖြင့် ပြင်ပဆေးခန်းတစ်ခုတွင် သွေးချိန်ကြည့်ရာ အပေါ်သွေး 200 mm Hg တက်နေသဖြင့် ဦးနှောက်သွေးကြော ပေါက်နိုင်သောကြောင့် ဆရာဝန်က ဆေးရုံ တက် ခိုင်း လိုက်ရ သည်ဟု သိရသည်။

Thursday, May 1, 2014

ကိုယ့်အတွက် ပျော်ရွှင်ခြင်းအစစ် ဆိုတာ

“ သူတစ်ပါးရဲ့ နာကျင်မှုအပေါ် မတည်ဆောက်ထားရဘူး ”
“ သူတစ်ပါးရဲ့ အားနည်ချက်အပေါ် အခွင့်အရေးယူတာမဖြစ်စေရဘူး ”
“ သူတစ်ပါးရဲ့ ဒါဏ်ရာ ကို နင်းခြေတာမျိုးမဖြစ်ရဘူး ”
“ သူတစ်ပါးကို ထိခိုက်စေတာမျိုးမဖြစ်ရဘူး ”

ကိုယ့်အတွက်နဲ့ သူတစ်ပါး ပျော်ရွှင်သွားရင်
ကိုယ့်အတွက်နဲ့ သူတစ်ပါး ကောင်းကျိုး ဖြစ်ခဲ့ရင်

ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ ပျော်ရွှင်ခြင်း အစစ်ပါပဲ ။

သက်တန့်ချို

ယားယံခြင်း



အရေပြား ယားယံခြင်း

အရေပြား ယားယံခြင်းဟာ ပတ်ဝန်းကျင်မှာ တွေ့လေ့တွေ့ထ ရှိတဲ့ ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်တယ်။

ခန္ဓာကိုယ် အရေပြားနဲ့ အရေပြားအောက်ရှိ အာရုံကြောငယ်တွေ အထိမခံနိုင်အောင် ဖြစ်စေတဲ့အထိ ယားယံ ခြင်းမျိုးကို ခံစားရတတ်တယ်။ အာရုံကြောငယ် အထိမခံ ဖြစ်လာရင် နာလာတယ်။ ယားယံတာ ကလည်း တစ်နေရာတည်းမှာ ဖြစ်တယ်။ ဒါ့အပြင် ဝဲ၊ ယားနာများ ပေါက်လို့ ခန္ဓာကိုယ်အနှံ့ ယားယံခြင်းလည်း ဖြစ်တတ်တယ်။ ခြေချောင်းများ အကြား၊ လက်ဖဝါး၊ ခြေဖဝါးများ အကြား၊ တံတောင်ဆစ်၊ ပေါင်ခြံတစ်ဝိုက် တွေမှာ ယားယံ တတ်တယ်။ ဝဲစိုနဲ့ ဝဲခြောက် နှစ်မျိုးရှိပြီး နှစ်မျိုးလုံးဟာ ကူးစက် တတ်တယ်။