img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, May 22, 2013

myanmarjournaldownload

 

မြန်မာ့ အလင်း

23-05-2013

ကြေးမုံ

23-05-2013

ရတနာပုံ နေ့စဉ်

23-05-2013

မြ၀တီ ရောင်စုံ

23-05-2013

New Light of Myanmar

23-05-2013

Health Digest Journal

Vol 10 No 27
23-05-2013

Education Digest

Vol 2 No 17
23-05-2013

Myanmar Business Today

Vol 1 Issue 15
22-05-2013

သမ္မတ ဦးသိန်းစိန် အမေရိကန်သို့ သုံးရက်ကြာ သွားရောက်ခဲ့သည့် သမိုင်းဝင် ခရီးစဉ်မှ ပြန်လည်ရောက်ရှိ /ElevenMediaGroup

အမေရိကန် သမ္မတ ဘာရက်အိုဘားမားနှင့် အိမ်ဖြူတော်၌ တွေ့ဆုံရန် အမေရိကန် ပြည်ထောင်စုသို့ သုံးရက်ကြာ သွားရောက်ခဲ့သော သမ္မတ ဦးသိန်းစိန်သည် မေ ၂၂ ရက် ည ၁၀ နာရီကျော်က ကိုရီးယား လေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သမ္မတ ဦးသိန်းစိန်အား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
သမ္မတ ဦးသိန်းစိန်၏ ယခု ခရီးစဉ်သည် ၁၉၆၆ ခုနှစ်တွင် သမ္မတ ဂျွန်ဆင်၏ ဖိတ်ကြားချက်အရ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်း အိမ်ဖြူတော်သို့ သွားရောက်ပြီးနောက် နှစ်ပေါင်း ၄၇ နှစ်အတွင်း မြန်မာခေါင်းဆောင် တစ်ဦး အိမ်ဖြူတော်သို့ သွားရောက်သည့် သမိုင်းဝင်ခရီးစဉ် ဖြစ်သည်။

Tap4Call - free phone calls V1.3.4 For Android

 
 
 
Android သမားတွေအတွက် အရမ်းလန်းတဲ့ Free Call ခေါ်လို့ရတဲ့ ဆော့ဝဲအလန်းလေးပါ ။
ထိုဆော့ဝဲကို အသုံးပြုရာတွင်လဲ ဘာအကောင့်မှလုပ်စရာမလိုပါဘူး ။ မိမိဖုန်းခေါ်လိုသော ဖုန်းနံပါတ်ကိုနှိပ်ပြီး တိုက်ရိုက်ခေါ်ဆိုနိုင်ပါတယ် ။ ကိုယ်ခေါ်ဆိုသော တစ်ဘက်ဖုန်းမှာ အင်တာနက်ရော ထိုဆော့ဝဲရောရှိစရာ လုံးဝမလိုပါဘူး ။
သင်ထိုဆော့ဝဲကို အသုံးပြုရာတွင် သင့်အား $.30 ကျပ်ပေးထားပါတယ် ထိုပိုက်ဆံနှင့် သင်ခေါ်ဆိုခြင်းဖြစ်ပါတယ် အကယ်၍Freeပေးထားသော ထိုပိုက်ဆံကုန်သွားပါက ပိုက်ဆံထက်ဝယ်စရာမလိုပါဘူး သင့်ဖုန်းSettings ထဲသွားပြီး Clear Data သို့မဟုတ် Uninstall လုပ်ပေးလိုက်ပါက အရင်တိုင်းပိုက်ဆံပြန်ရောက်လာပါတယ် ။

မိတ္တီလာတွင် သံဃာတစ်ပါးကိုသတ်ဖြတ်ခဲ့မှု၌ ကျူးလွန်ခဲ့သူများအား ပြစ်ဒဏ်ချမှတ် /ElevenMediaGroup

ဒေါ်လာဈေး ဆွဲတင်မှု အကျိုးဆက် အများပြည်သူ စတင်ခံစားရပြီ၊ စက်သုံးဆီ၊ ဆေးဝါးမှစ၍ လူများစု မဖြစ်မနေ အသုံးပြုရမည့် ကုန်စည်များ ဈေးစတက်



ဒေါ်လာဈေး ဆွဲတင်မှု အကျိုးဆက်ကို အများပြည်သူ အနေဖြင့် စတင်ခံစားရပြီဖြစ်ပြီး လက်ရှိတွင် စက်သုံးဆီ၊ ဆေးဝါးမှစ၍ လူများစု မဖြစ်မနေ အသုံးပြုရမည့် ကုန်စည်ဈေးနှုန်းများမှာ ဈေးစတင်တက်နေပြီ ဖြစ်ကြောင်း ကုန်စည်ဈေးကွက် အတွင်းမှ သတင်းရရှိသည်။ မတ်လ အတွင်းက ဗဟိုဘဏ်မှ ဒေါ်လာဈေးအား တစ်ဒေါ်လာ ၈၆၀ ၀န်းကျင် သတ်မှတ်ခဲ့ပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၈၆၃ ကျပ်ဝန်းကျင် ပေါက်ဈေးရှိခဲ့ရာမှ ယခုမေ ၂၁ ရက်တွင် ဗဟိုဘဏ် သတ်မှတ်ဈေးမှာ တစ်ဒေါ်လာ ၉၄၀ ကျပ်အထိ ထိုးတက်ခဲ့ပြီး ပြင်ပဈေးမှာ တစ်ဒေါ်လာ ၉၄၅ ကျပ်အထိ မြင့်တက်ခဲ့ရသည်။ "ဒီဇယ်သွင်းတဲ့ဈေးက ရန်ကုန်အရောက် CIF ဈေး တစ်ဂါလန်ကို ၃ ဒသမ ၈ ဒေါ်လာ ရှိတယ်။ အရင်တစ်ဒေါ်လာ ၈၆၀ တုန်းကနဲ့ တစ်ဂါလန်ကို ၃၂၆၈ ကျပ် အခု ၉၄၅ ကျပ်နဲ့ဆို တစ်ဂါ ၃၅၉၁ ကျပ်ဆိုတော့ ၃၂၃ ကျပ် ဈေးတက်သွားတယ်။ ဒါက ကုန်သွယ်လုပ်ငန်းခွန်နဲ့ Customs Duty မပါပဲ ရန်ကုန်အရောက်သွင်းတဲ့ ဈေးပေါ်မှာ တက်တာ" ဟု စက်သုံးဆီ တင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။ အများပြည်သူ မဖြစ်မနေ သုံးစွဲရသည့် အိမ်သုံးဆေးဝါး ဆေးပစ္စည်းများ အားလုံးမှာလည်း ယခုလပိုင်းအတွင်း ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်သွားကြောင်း ဆေးဝါးတင်သွင်းသူ လုပ်ငန်းရှင်မှ အတည်ပြု ပြောကြားထားသည်။

Monday, May 20, 2013

မြန်မာ့ပညာရေး အထောက်အကူပေးဖို့ သမ္မတ ပန်ကြား

မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ် တည်ဆောက်နိုင်ဖို့ သူ့အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်း၊ အထူးသဖြင့် အမေရိကန်လို နိုင်ငံကြီးတွေက ကူညီပံ့ပိုးဖို့လည်း သမ္မတ ဦးသိန်းစိန်က မနေ့က ၀ါရှင်တန်ဒီစီမြို့တော် Johns Hopkins တက္ကသိုလ်၊ နိုင်ငံတကာ လေ့လာရေးဌာနမှာ မိန့်ခွန်းပြောကြားရင်း တိုက်တွန်း ပြောသွားခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ သမ္မတ ဦးသိန်းစိန်ရဲ့ ဆွေးနွေးပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ပြုပြင်ပြောင်းလဲရေး....သို့မဟုတ် Revolution & Evolution.....

စနစ်တစ်ခု၊ လုပ်ငန်းတစ်ခု၊ အခြေအနေတစ်ခု ပြောင်းလဲလိုသည်၊ သို့မဟုတ် ပြောင်းလဲရန် လိုအပ်သည်၊ သို့မဟုတ် ပြောင်းလဲရမည်ဟု ဆိုရာတွင် ဝေဖန်ပိုင်းခြားရန် အကြောင်းများစွာ ရှိပါသည်။
ထမ ထိုစနစ် သို့မဟုတ်၊ လုပ်ငန်း သို့မဟုတ်၊ အခြေအနေ၏ လက်ရှိအခြေအနေအား အမှန်အတိုင်း သိရှိနိုင်ရပါမည်....၊

.myanmarjournaldownload.

Smart Pro

Vol 1 Issue 16 - Good Quality
20-05-2013

Smart Pro

Vol 1 Issue 16 - Normal Quality
20-05-2013

Myanmar Times (Myan)

Vol 31 No 620
20-05-2013

Commerce Journal

Vol 13 No 18
20-05-2013

TV Guide

Vol 4 No 9
20-05-2013

Mobile Guide Journal

No 103
20-05-2013

Myanmr ICT

Issue 17
19-05-2013

Privatisation in the 21st. Century: Recent Experiences of OECD Countries2010

Nellis Privatization

Nellis Privatization by Leiway Thar

Sunday, May 19, 2013

VZO Chat ကို Android ဖုန်းအတွက် ထွက်ရှိလို့လာပါပြီ

 


Android သမားတွေအတွက် သတင်းကောင်းလေးပါ ။ VZO Chat ကို Android ဖုန်းအတွက် ထွက်ရှိလို့လာပါပြီ ။ ဖုန်းကနေ PC သို့ ။ PC
ကနေ ဖုန်းသို့ လှန်းပြီး Video Call ချက်နိုင်ပါပြီ ။
VZO Chat ဆော့ဝဲကိုလဲ Conferendo Video Chat ဆိုပြီးနာမည်
ပြောင်းလိုက်ပါပြီ ။ သင့် PC မှာရှိတဲ့ VZO ဆော့ဝဲကို အပ်ဒိတ်လုပ်
လိုက်ပါ ။
သင့်လက်ရှိ VZO အကောင့်ကို ထည့်ပြီး အသုံးပြုနိုင်ပါပြီ

Friday, May 17, 2013

သတင်းစာများ

မြန်မာ့ အလင်း

17-05-2013

ကြေးမုံ

17-05-2013

ရတနာပုံ နေ့စဉ်

17-05-2013

မြ၀တီ ရောင်စုံ

17-05-2013

New Light of Myanmar

17-05-2013

Thursday, May 16, 2013

Web Page တွေကို Loadingလုပ်တဲ့အခါမှာ တွေ့ရတဲ့ Error အမျိုးအစားတွေပါ



အခုပြောပြမှာကတော့ Browser Error တွေနဲ့ပက်သတ်လို့ပါ။ Browser ဆိုတာကတော့ Websiteတွေကိုအသုံးပြုတဲ့အခါမှာ အသုံးပြုတဲ့ Web Browserကိုပြောတာ ပါ။ဥပမာ … Internet Explorer , Mozilla Firefox , Flock တို့စသဖြင့်ပေါ့။ ၎င်း Browser တွေအသုံးပြုတဲ့အခါမှာ ဖြစ်တက်တဲ့ Error လေးတွေ အကြောင်း ကိုပြောပြချင်ပါတယ်။ Browser Error တွေကတော့ Browser တိုင်းမှာဖြစ်တက်ပါတယ်။ Browser Error Message ကို တကယ်တော့ HTTP Status Codes လို့ခေါ်ပြီး Web Page တွေကို Loadingလုပ်တဲ့အခါမှာ တွေ့ရတဲ့ Error အမျိုးအစားတွေပါ။ အတွေ့များတဲ့ Browser Error တွေနဲ့ ဘယ်လိုဖြေရှင်း ရမလဲဆိုတာ ကို ဖော်ပြပေးလိုက်ပါတယ်။

တောင်ကြီးတွင် ပအိုဝ်းပြည်သူ့စစ်က အန်အယ်လ်ဒီရုံးကို လက်နက်ဖြင့်ဝိုင်း

စုစုလှိုင် - DVB -၁၆ မေလ ၂၀၁၃

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပအိုဝ်းအမျိုးသား တပ်မတော်အသွင်ပြောင်း ပြည်သူ့စစ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နန်းဟောင်းကျေးရွာအုပ်စု မောက်စံကျေးရွာရုံးကို လက်နက်နဲ့ ၀ိုင်းထားတယ်လို့ အန်အယ်လ်ဒီတောင်ကြီးခရိုင်ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ဒီဗွီဘီကို ပြောပါတယ်။

မောက်စံကျေးရွာ အန်အယ်လ်ဒီရုံးတည်ရှိတဲ့ ရွာလမ်းမကြီးတလျှောက်ကို ပိတ်ထားပြီး ကလေးငယ်တွေကလွဲရင် ဖြတ်သန်းသွားလာခွင့် မပေးဘူးလို့ ဆိုပါတယ်။

သတင်းဖတ်ရန် - http://burmese.dvb.no/archives/39537

Tuesday, May 14, 2013

ပညာရေးအသုံးစရိတ်နှင့် ၀န်ကြီးဌာနတွင်း တစ္ဆေ ၂ ကောင် ပြဿနာ

Photo: ပညာရေးအသုံးစရိတ်နှင့် ၀န်ကြီးဌာနတွင်း တစ္ဆေ ၂ ကောင် ပြဿနာ
 
ပိုမို ကျယ်လောင်စွာ ဆွေးနွေး ပြောဆိုနေကြပြီဖြစ်သည့် ပညာရေးကဏ္ဍ ပြောင်းလဲမှု တွင် အစိုးရဘက်ကလည်း အားကျမခံ ပညာရေး အသုံးစရိတ်ကို တိုးမြှင့်ခြင်းနှင့် အရည်အသွေးအတွက် စိုးရိမ်မကင်း ဖြစ်မှုများကို ဆွေးနွေးခြင်းတို့ လုပ်ဆောင်လျက် ရှိသည်။ ပြောင်းလဲ လုပ်ဆောင်မှုများအတွက် ကြိုဆိုရမည် ဖြစ်သော်ငြားလည်း အမှန်တကယ် ထိရောက်အောင်မြင်နို်င်သော ပညာရေး စီမံချက် ဖြစ်ပါသလားဆိုသည့် မေးခွန်းကိုမူ အများပြည်သူများက စိတ်ဝင်စားလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန သတိပြုသင့်ပါသည်။ အထူးသဖြင့် ခေတ်ပညာတတ် ဖြစ်ကြသော ကျောင်းဆရာ ဆရာမများနှင့် မိဘပြည်သူများက ၀န်ကြီးဌာန၏ ပြောင်းလဲမှု ခြေလှမ်းတိုင်းအား စောင့်ကြည့်နေသည်ကို မမေ့ထားသင့်ပါ။ မီဒီယာခေတ်ဖြစ်သည့် အားလျော်စွာ ယခင်ကာလများမှာကဲ့သို့ တစ်ဦးတစ်ယောက်၏ ဆုံးဖြတ်ချက်အရဖြစ်စေ၊ တိုးတိုး တိတ်တိတ် လုပ်ဆောင်ခြင်းကိုဖြစ်စေ လက်ခံနိုင်ကြမည် မဟုတ်ပါ။ ပညာရေးတွင် သာ၍ ပွင့်လင်း မြင်သာမှုများ ရှိသင့်သည်ဟု မောက္ခပညာရေးမဂ္ဂဇင်းက ယုံကြည်ပါသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပညာရေးအသုံးစရိတ်အတွက် ၄ ဒသမ ၁၃ ရာခိုင်နှုန်းဖြင့် ကျပ်သန်းပေါင်း ခြောက်သိန်းကျော် သုံးစွဲခွင့် ရရှိခဲ့ပြီး ယခုလာမည့် ပညာသင်နှစ် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်အတွက် ကျပ်သန်းပေါင်း ၅ ဒသမ ၈၄ ရာခိုင်နှုန်း (ကျပ်သန်းပေါင်း ကိုးသိန်းကျော်) ကို သုံးစွဲခွင့် ရရှိမည်ဖြစ်ကြောင်း သိရပါသည်။ ဤသည်မှာ ပညာရေးအသုံးစရိတ် ၁ ရာခိုင်နှုန်းကျော် တိုးမြှင့်လာခြင်း ဖြစ်သော်ငြားလည်း တိုင်းပြည်၏ ပညာရေး နာတာရှည် အကျပ်အတည်းဖြစ်နေသည့် အရည်အသွေး ပြဿနာနှင့် အရေအတွက် ပြဿနာ ၂ ရပ်စလုံးကို မည်မျှအတိုင်းအတာအထိ ဖြေရှင်းပေးနိုင်ပါမည်နည်း။

မြန်မာ့ပညာရေး သမားကြီးများ၏ သုံးသပ်ဝေဖန်မှုများကို လျစ်လျူမရှုသင့်ပါ။ ၀မ်းသာစရာ သတင်း ဖြစ်သော်ငြားလည်း ပညာရေး အရည်အသွေး တိုးတက်မှုအတွက် လုံလောက်သော ရင်းနှီးမြှပ်နှံမှု မဟုတ်ကြောင်းကို ရန်ကုန်ပညာရေးတက္ကသိုလ် အငြိမ်းစား ဒုတိယ ပါမောက္ခချုပ် ဦးမျိုးတင့်က သုံးသပ်ပါသည်။

၇ ရက်သတင်းဌာနနှင့် တွေ့ဆုံရာတွင် တက္ကသိုလ်တစ်ခု၏ စီမံ၊ ဘဏ္ဍာဌာန အရာရှိတစ်ဦးကလည်း ယခု တိုးမြှင့်ထားသည့် ပညာရေး ဘတ်ဂျက်ကြောင့် ပြောင်းလဲမှု ကြီးကြီးမားမားကို မျှော်လင့်၍ မရနိုင်ကြောင်း ထောက်ပြခဲ့သည်။

မောက္ခပညာရေး အင်တာဗျူးတစ်ခုတွင် အခြေခံပညာဦးစီးဌာန၏ ညွှန်ကြားရေးမှူးတာဝန်ယူခဲ့သူ အငြိမ်းစား ဆရာကြီးနိုင်ငွေသိမ်း (ယခု မွန်ဒီမိုကရေစီပါတီ ဥက္ကဌ) က ပညာရေးကဏ္ဍ တိုးတက် ပြောင်းလဲစေလိုပါလျှင် ဘတ်ဂျက်ကို GDP ၏ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ရမည်ဖြစ်ကြောင်း ဆွေးနွေးထားပါသည်။ အနည်းဆုံး ၃ သန်းခန့်မျှသော မြန်မာကလေးငယ်များမှာ စာသင်ခန်းအပြင်ဖက်တွင် ရှိနေဆဲ ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာနသတိချပ်သင့်သည် (ယူနီဆက်၊ ၂၀၀၆။ ကျောင်းအပ်နှံမှု ၂၀၁၁)။

မည်သူတို့၏ ပညာရေးဝန်ကြီးဌာန ဖြစ်ပါသနည်းဟူ၍ မေးခွန်းထုတ်ကြခြင်းကို အပြစ်ဟူ၍လည်း မရှုမြင်သင့်ပါ။ အသုံးစရိတ် ၁ ရာခိုင်နှုန်း တိုးမြှင့်သည့်အတွက် ကလေးအရေအတွက် ၁ ရာခိုင်နှုန်း၊ ပညာရေး အရည်အသွေးဖြစ်သည့် ဆရာ့စွမ်းဆောင်ရည်နှင့် သင်ရိုးညွန်းတမ်း ခေတ်မီမှုတို့ ၁ ရာခိုင်နှုန်းခန့်မျှ တိုးမြင့်လာဖွယ်ရာ ရှိနိုင်ပါသည်။ လိုအပ်နေသော ပညာရေး အပြောင်းအလဲသို့ ဦးတည်နိုင်ပါမည်လား။

ဘယ်သောအခါမျှ အရှုံးမပေါ်သည့် ရင်းနှီးမြှုပ်နှံမှုမှာ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ ရေတို၊ ရေရှည် အကျိုးအမြတ် အများဆုံး ကဏ္ဍဖြစ်ကြောင်းနှင့် လူထု၏ ဘ၀ အရည်အသွေး တိုးတက်ရေးအတွက်ပါ လုပ်ဆောင်ချက်ဖြစ်ကြောင်းတို့ကို ပညာရေးဝန်ကြီးဌာနသည် သင်ခန်းစာ နံပါတ် ၁ အနေဖြင့် လေ့လာထား သင့်ပါကြောင်း အကြံပြုတင်ပြလိုသည်။ ၀န်ကြီးဌာနကို အစဉ်အမြဲ ခြောက်လှန့်နေသော ပညာရေးတစ္ဆေ နှစ်ကောင်ဖြစ်သည့် အရည်အသွေးနှင့် အရေအတွက်တို့ကြောင့် အကုသိုလ်တရားများလည်း  ထပ်မံ၍ မတိုးပွားစေသင့်ပါ။

မြန်မာကျောင်းဆရာဆရာမ အများစုကြီး သီဆိုဟစ်ကြွေးနေသော ကွယ်လွန်သူ အနုပညာရှင် အဉ္ဇလီမောင်မောင်၏ “ပြောင်းလဲခြင်းနဲ့ လိုက်ရွှေ့ရမယ်… ပုံသေဆိုရင် နောက်ကျသွားပြီတဲ့” သီချင်းစာသားကို ၂၁ ရာစု မြန်မာ့ပညာရေး ဆောင်ပုဒ်အနေဖြင့် ၀န်ကြီးဌာနသည် တစ်ရက်လျှင် သုံးကြိမ်ခန့် ရွတ်ဖတ်သရဇ္ဈယ် သင့်ပါသည်။ ပညာရေးဝန်ကြီးဌာန၏ အခမ်းအနားတိုင်း အပိတ်တွင်လည်း ဤကဲ့သို့ ကြွေးကြော်သံ ၃ ကြိမ်ကို ရွတ်ဆိုကြပါစို့။ “ဦးနှောက်အသစ်နဲ့ မျိုးဆက်တဆင့်မှာ …. ပုံသဏ္ဌာန်တွေဟာ ပြောင်းလဲခဲ့ပြီတဲ့…”။   

ပညာရေး ၀န်ကြီးဌာနသည် အိုင်ကျူရော၊ အီးကျူပါ မနိမ့်သင့်တော့ပါ။

နာမည်ကောင်းရလိုမှုများ၊ ပါတီ၏ မဲအရေအတွက် တိုးမြှင့်လိုမှုများ၊ ၀န်ကြီးဌာန၏ အွန်ပေပါ ရီပို့ကောင်း ထွက်လာရေးတို့်အတွက်သာ လူထု တရပ်လုံးနှင့် တိုက်ရိုက်သက်ဆိုင်နေသည့် ပညာရေးပြဿနာတို့ကို အသုံးမချသင့်ပါ။ လက်တွေ့ကျသည့် ပြောင်းလဲမှုများကို လိုအပ်ချက် များအရ၊ ဆရာဆရာမများနှင့် ကလေး သူငယ်တို့၏ တောင်းဆိုနေသော အသံများ၊ မျှော်လင့်ချက်များ၊ ခံစားချက်များကို ထည့်သွင်းစဉ်းစား လုပ်ဆောင်သင့်ပါသည်။ ၀န်ကြီးဌာနသည့် သင်ခန်းစာနံပါတ် ၁ ကို ကျေညက်စွာ နားလည် သဘောပေါက်ပြီးလျှင် လက်တွေ့ကျသော (ယခုထက် အဆပေါင်းများစွာ) ပညာရေးစရိတ် တိုးမြှင့်မှုကို လုပ်ဆောင်သင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။

Credit to ►
မောက္ခပညာရေးမဂ္ဂဇင်း ပိုမို ကျယ်လောင်စွာ ဆွေးနွေး ပြောဆိုနေကြပြီဖြစ်သည့် ပညာရေးကဏ္ဍ ပြောင်းလဲမှု တွင် အစိုးရဘက်ကလည်း အားကျမခံ ပညာရေး အသုံးစရိတ်ကို တိုးမြှင့်ခြင်းနှင့် အရည်အသွေးအတွက် စိုးရိမ်မကင်း ဖြစ်မှုများကို ဆွေးနွေးခြင်းတို့ လုပ်ဆောင်လျက် ရှိသည်။ ပြောင်းလဲ လုပ်ဆောင်မှုများအတွက် ကြိုဆိုရမည် ဖြစ်သော်ငြားလည်း အမှန်တကယ် ထိရောက်အောင်မြင်နို်င်သော ပညာရေး စီမံချက် ဖြစ်ပါသလားဆိုသည့် မေးခွန်းကိုမူ အများပြည်သူများက စိတ်ဝင်စားလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန သတိပြုသင့်ပါသည်။ အထူးသဖြင့် ခေတ်ပညာတတ် ဖြစ်ကြသော ကျောင်းဆရာ ဆရာမများနှင့် မိဘပြည်သူများက ၀န်ကြီးဌာန၏ ပြောင်းလဲမှု ခြေလှမ်းတိုင်းအား စောင့်ကြည့်နေသည်ကို မမေ့ထားသင့်ပါ။ မီဒီယာခေတ်ဖြစ်သည့် အားလျော်စွာ ယခင်ကာလများမှာကဲ့သို့ တစ်ဦးတစ်ယောက်၏ ဆုံးဖြတ်ချက်အရဖြစ်စေ၊ တိုးတိုး တိတ်တိတ် လုပ်ဆောင်ခြင်းကိုဖြစ်စေ လက်ခံနိုင်ကြမည် မဟုတ်ပါ။ ပညာရေးတွင် သာ၍ ပွင့်လင်း မြင်သာမှုများ ရှိသင့်သည်ဟု မောက္ခပညာရေးမဂ္ဂဇင်းက ယုံကြည်ပါသည်။

သတင်းစာများ


















မြန်မာ့အလင်း

















ကြေးမုံ


  




news light of Myanmar


ရတနာပုံနေ့စဉ်သတင်းစာ (၁၅-၅-၂၀၁၃) ဗုဒ္ဓဟူးနေ့




Download = Minus
Download = Dev-Host

Android စမတ်ဖုန်းများထက် ကောင်းမွန်တဲ့ Android ဖုန်းကတော့ iPhone ပဲဖြစ်ပါတယ်


 
ခေါင်းစဉ်ကို ဖတ်ပြီး အံသြ သွားပါသလား စားသုံးသူတို့။ တစ်ခုတော့ ကြိုတင်ပြီး မှာပါရစေ။ စားသုံး သူတို့ အနေနဲ့ Android OS ရဲ့ လုပ်ဆောင် ချက်တွေကို အလုံးစုံ အသုံးချ ချင်တယ်၊ အကောင်းဆုံး hardware ကိုလည်းပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ Nexus 4 (သို့) Galaxy S4 (သို့) HTC One တို့ကိုဝယ်ယူလိုက်ပါ။

ပြည်မြို့တွင် ဆရာတော်ကြီး တစ်ပါးအား လူတစ်စု ကျောင်းပေါ်သို့ တက်လာပြီး ဆရာတော်အား ဓါးဖြင့်မွှန်ပြီး ၀မ်းဗိုက်ကို ဓါးဖြင့်ထိုးသည့်ဖြစ်စဉ်ဖြစ်ပေါ်


မေလ ၁၄ရက်၊ ၂၀၁၃ခုနှစ်

ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့နယ်မှာရာဇ၀တ် မှူ့များဖြစ်ပေါ်လျှက်ရှိပါသည်။ ပြည်မြို့ပွင့်လှသိမ်ကုန်း ရက်ကွက် ပုညစေတီတော် ပုညဓမ္မာရုံမှာ ဆရာတော် ဦးသောဘိတ သက်တော်(၈၂))၀ါတော်(၆၂) ရှိ ကျောင်းထိုင်ဆရာတော်ဘုရားကြီးအား (ဓါးဖြင့်) လှီးဖြတ်ပြီး ဗိုက်တော်အား ဓါးဖြင့်ထိုးတဲ့ခဲ့တဲ့ အမှု့တစ်ခုဖြစ်ခဲ့ပါသည်။ အဆိုပါအမှု့ဖြစ်စဉ်မှာ ယနေ့ နေ့လည် (14.5.2013)ရက်နေ့ နေ့လည် (13း0)ခန့်မှာ အဂါင်္နေ့ မှာဆရာတော်ဘုရား ကြီးသည် (ပုညဓမ္မာရုံ) မှာသတင်းသုံးနေစဉ် ကျောင်းတိုက်ပေါ်သို့ လူ(4) သို့ (5) ယောက်ခန့်တက် လာပြီး ဓါးဖြင့်လှီးဖြတ် ထိုးခဲ့လို့ဆရာတော် ဘုရားကြီးအခု (ပြည်မြို့ ပြည်သူ့ဆေးရုံ)ခွဲစိတ်ဆောင် မှာတက်ရောက်နေ ရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မေလ (၁၅) ရက်နေ့ မြန်မာစံတော်ချိန် ၅ နာရီ ၃၀ မိနစ်တွင် တိုင်းထွာချက်များ

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀) မှ (၄၅) မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။ ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင် အဆင့်သို့ ရောက်ရှိနေပြီး နောက်ဆုံး တိုင်းထွာရရှိသော ခန်မှန်းချက်အရ မေလ (၁၆) ရက်နေ့ ညပိုင်းခန့်တွင် မြန်မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများဆီသို့ ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။

ဓာတ်ပုံအလွယ်တကူပြောင်းလို့ရတဲ့ ဆိုဒ်တွေ

အွန်လိုင်းကနေ အလွယ်တကူပြောင်းလို့ရတဲ့ ဆိုဒ်တွေ ညွန်ပေးလိုက်ပါတယ်
ဓာတ်ပုံကနေကာတွန်း ပုံပြောင်းပေးတဲ့ဆိုဒ်ပါ
http://www.cartoonize.net/
http://www.befunky.com/
http://cartoon.pho.to/
အောက်က ဆိုဒ်တွေက ရုပ်ပြောင်လုပ်တဲ့ဆိုဒ်ပါ
http://www.weeworld.com/
http://www.faceyourmanga.com/
http://www.sp-studio.de/index.htm
http://illustmaker.abi-station.com/index_en.shtml
http://www.blogcdn.com/www.joystiq.com/media/2006/10/mii.swf

အင်တာနက် Error ကုဒ်နှင့် အဓိပ္ပါယ်များ

Photo: အင်တာနက် Error ကုဒ်နှင့် အဓိပ္ပါယ်များ 

အင်တာနက် စာမျက်နှာကို ဖွင့်တဲ့အခါ တစ်ခါခါကျ Error message တွေပြတယ်လေ။ DNS Server ကနေ လှမ်းပေးတဲ့ စာတွေပေါ့။ မြန်မာပြည်မှာတော့ 404 ပဲ ပိုအမြင်များကြပါတယ်။ Problem Loading Page ကတော့ အင်တာနက်လိုင်း မကောင်းလို့ပါ။

အခြားသိသင့်တဲ့ ကုဒ်များကို မျှဝေပေးလိုက် ရပါတယ်။

Error 400 - Bad request.
Error 401 - unauthorized request.
Error 403 - forbidden.
Error 404 - Not found.
Error 500 -Internal error.
Error 501 - Not Implemented
Error 502 - Bad Gateway
Error 503 -Service unavailable.
Error 504 - Gateway Time-Out
Error 505 - HTTP Version not supported/DNS Lookup Fail/ unknw host
Error 500-599 - Server Errors.
-
Ref: techblog
Aung Kham (TSJ team)အင်တာနက် စာမျက်နှာကို ဖွင့်တဲ့အခါ တစ်ခါခါကျ Error message တွေပြတယ်လေ။ DNS Server ကနေ လှမ်းပေးတဲ့ စာတွေပေါ့။ မြန်မာပြည်မှာတော့ 404 ပဲ ပိုအမြင်များကြပါတယ်။ Problem Loading Page ကတော့ အင်တာနက်လိုင်း မကောင်းလို့ပါ။

နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းတွင် အမေရိကန် တစ်ဒေါ်လာလျှင် ၉၁၆ ကျပ် ၀န်းကျင်အထိ တက်လာပြီး ဗဟိုဘဏ်ဈေးနှုန်းနှင့် ပြင်ပငွေလဲနှုန်း လိုက်ပါမြင့်တက်လာကြောင်း

အစိုးသစ်လက်ထက် နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းတွင် အမေရိကန် တစ်ဒေါ်လာလျှင် ၉၁၆ ကျပ် ၀န်းကျင်အထိ တက်လာပြီး ဗဟိုဘဏ်ဈေးနှုန်းနှင့် ပြင်ပငွေလဲနှုန်း လိုက်ပါမြင့်တက်လာကြောင်း ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိထားသော နိုင်ငံခြားငွေကြေး လဲလှယ်ရေး လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိက ဘဏ်များနှင့် ပြင်ပဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။
မတ် ၁၄ ရက် သိမ်ဖြူငွေလဲကောင်တာတွင် အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၁၆ ကျပ်၊ ၀ယ်ဈေး ၉၀၈ ကျပ် ၀န်းကျင်သို့ မြင့်တက်ပြီး ပြင်ပငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၁၃ ကျပ်၊ ၀ယ်ဈေး ကျပ် ၉၁၀ ၀န်းကျင်သို့ ဆက်လက်ဈေးနှုန်း မြင့်တက်လာခဲ့၍ မေ ၁၃ ရက် (သိမ်ဖြူငွေလဲကောင်တာ) ဈေးကွက်ပေါက်ဈေးထက် ခြောက်ကျပ်ဝန်းကျင်ခန့် မြင့်တက်လာသည်။
ယခုဖြစ်ပေါ်လာသော အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည် ကျပ် ၉၀၀ အောက် စတင်ကျဆင်းသည့် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာနှင့် ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ကျပ် ၉၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ဖူးပြီး ယခုမြင့်တက်ခဲ့သော ၉၁၆ ကျပ်နှုန်းမှာ စံချိန်တင် မြင့်တက်ခြင်းဖြစ်ကြောင်း သိရသည်။

မုန်တိုင်း MAHASEN နဲ့ပတ်သက်လို့ နောက်ဆုံး ခန့်မှန်းထားမှုတွေ.....


၁၅-၅-၂၀၁၃ ရက်
နံနက် ၀၅း၃၃ နာရီအချိန်။

(၁) 01B MAHASEN မဟာဆန်မုန်တိုင်းဟာ (၁၅-၅-၂၀၁၂၂)ရက် နံနက် ၃း၃၀ နာရီအချိန်မှာ အိန္ဒိယနိုင်ငံ KOLKATA မြို့ရဲ့ အနောက်တောင်ဖက် 443 NM (530 MILES) ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

(၂) လွန်ခဲ့တဲ့(၆)နာရီ (၁၄-၅-၂၀၁၃ ၁၀း၃၀ နာရီမှ ၁၅-၅-၂၀၁၃ နံနက် ၀၃း၃၀ နာရီ အတွင်း) အရှေ့မြောက်ဖက်အရပ်ကို 08 KNOTS(10 MPH) နှုန်းဖြင့် ဆက်လက် ရွေ့လျှားနေ ခဲ့ပါတယ်။

Facebook လူမှုကွန်ယက်ကို အသုံးပြုနေသူများရဲ့ Account တွေကို Trojan အမျိုးသစ်တစ်မျိုးက တိုက်ခိုက်ဖောက်ထွင်းနေတယ်လို့ Microsoft က သတိပေးပြောကြား


Facebook လူမှုကွန်ယက်ကို အသုံးပြုနေသူများရဲ့ Account တွေကို Trojan အမျိုးသစ်တစ်မျိုးက တိုက်ခိုက်ဖောက်ထွင်းနေတယ်လို့ Microsoft က သတိပေးပြောကြားလိုက်ပါတယ်.. အဲဒီ Trojan ဟာ Google Chrome Extension နဲ့ Mozilla Firefox ရဲ့ Add-on တွေကနေတစ်ဆင့် ဝင်ရောက်လာခြစ်ဖြစ်တယ်လို့ဆိုပါတယ်..
ဒီ Trojan ကို Brazil နိုင်ငံမှာ လွန်ခဲ့တဲ့ သီတင်းပတ်က စတင်တွေ့ရှိတဲ့ပြီး Trojan:JS/Febipos အမည်နဲ့ တွေ့ရှိခဲ့တာပါ.. အဲဒီကောင်က Extension, Add-on အနေနဲ့ Browser မှာတွေ့ရှိနိုင်ပြီး မသိလိုက်ဘဲ Download လုပ်မိတာနဲ့ Browser မှာ ကပ်ငြိသွားပါတယ်.. အဲဒီလို Download မိတာပြီးနောက် Trojan က Facebook အကောင့်ကို အလိုအလျောက်ဝင်ခိုင်းပြီး Browser

Internet Download Manager 6.15 build 11

May 7 ကထွက်တဲ့ IDM နောက်ဆုံး Version ပါ။
Download IDM
Download Patch
How to Patch
IDM ကိုအကုန်ပိတ်လိုက်ပါ။ task bar မှာ right click “exit” လုပ်ပေးပါ။
Download ထားတဲ့ rar file ကို C:\Program Files\Internet Download Manager ထဲကူးထည့်ပြီး Patch ဆိုတာနှိပ်လိုက်ပါ။ Done ဟုပေါ်လာလျှင် Patch လုပ်ခြင်း အောင်မြင်သွားပါပြီ။
By Myat Min Soe- http://www.myanmarmobileapp.com

Nero Burning ROM

Nero Burning ROM ဆိုရင်တော်တော်များများသိမှာပါ 
တော်တော်များများလည်း ခွေကူးတဲ့အခါ Neroအမျိုးစားကိုသာအသုံးများပါတယ် 
ဒါကြောင့် Nero အသုံးပြုတဲ့သူငယ်ချင်းတွေအတွက် အပ်ဒိတ်လေးတွေ့လို့ပြန်လည်မျှဝေပေးလိုက်ပါတယ် 
Download>>>mirrorupload (or)zippyshare (or)sharebeast
 

၂၀၁၃ခုနှစ်၊ မေလ(၁၄)ရက်နေ့မြန်မာစံတော်ချိန်(၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

  ယနေ့ မြန်မာ စံတော်ချိန်(၁၂း၃၀)နာရီ အချိန်တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်း တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်းမဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ(ကိုကိုးကျွန်း)၏ အနောက်ဘက် မိုင်(၆၄၀)ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင်(၅၅၀)ခန့် ၊ကျောက်ဖြူမြို့၏ အနောက်တောင် ဘက်မိုင်(၅၆၀) ခန့်၊ အိန္ဒိယနိုင်ငံ(ဗီဇာကာပတ္တနမ်မြို့)၏ အရှေ့တောင်ဘက်မိုင်(၂၅၀)ခန့် အကွာပင်လယ်ပြင်ကှို ဗဟိုပြုနေပါသည်။အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင်(၆၀)အထိရှိနိုင်ပါသည်။

Monday, May 13, 2013

၁၅၀၀ တန် ဖုန်းဆင်းမ်ကတ်များ ဒုတိယအကြိမ် ရောင်းချပေးမည်


မေလ ၁၄ ရက်
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ယခုလာမယ့် မေလ ၂၀ ရက်နေ့မှာ ငွေကျပ် ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ် ၃၅၀၀၀၀ ကို ဒုတိယအကြိမ် ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
အများပြည်သူများ အနေနဲ့ ဖုန်းဆင်းမ်ကတ်တွေကို လစဉ် ပုံမှန်ရောင်းချပေးသွားမှာ ဖြစ်တာကြောင့် ပြင်ပမှ ဈေးကြီးပေးပြီး မဝယ်ကြရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နှိုးဆော်ထားပြီး ယခုကဲ့သို့ ဖုန်းဆင်းမ်ကတ်များကို ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ ပထမအကြိမ်အဖြစ် ဖုန်းဆင်းမ်ကတ် ၃၅၀၀၀၀ စတင် ရောင်းချပေးရာတွင် ပြင်ပဈေးကွက်မှာ အဆိုပါ ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ်များကို ငွေကျပ်သုံးသောင်းမှ ခြောက်သောင်းအထိ ရောင်းချနေကြောင်း ကြားသိရပါတယ်။ ယခု မေ ၂၀ ရက်နေ့တွင် ရောင်းချပေးမယ့် ဖုန်းအမျိုးအစားများဟာ CDMA 800MHz အမျိုးအစားဖြစ်ပြီး အဲဒီစနစ် မတတ်ဆင်ရသေးတဲ့ ချင်းပြည်နယ် အတွက်ကိုသာလျင် WCDMA(3G) ဖုန်းဆင်းမ်ကတ်များကို ရောင်းချပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မကြာခင်မှာ ရောင်းချပေးမယ့် ဖုန်းဆင်းမ်ကတ်များနဲ့ ပတ်သက်ပြီး လိုက်နာလုပ်ဆောင်ရမယ့် စည်းကမ်းဥပဒေများနဲ့ ဈေးနှုန်းများဟာ ယခင်ဧပြီလ ၂၄ ရက်နေ့က ရောင်းချပေးခဲ့တဲ့ ဖုန်းဆင်းမ်ကတ်တွေမှာ ပြဌာန်းထားတဲ့ စည်းကမ်းဥပဒေများအတိုင်း ဖြစ်တယ်လို့ သိရပါတယ်။


ရတနာပုံသတင်း

နိယာမ ဗဟိုပြု ခေါင်းဆောင်မှု - ခင်မောင်ညို(ဘောဂဗေဒ)



စာအုပ်အမည်                   -            နိယာမ ဗဟိုပြု ခေါင်းဆောင်မှု
စာရေးသူအမည်                -            ခင်မောင်ညို (ဘောဂဗေဒ)
စာအမျိုးအစား                  -            စီးပွားရေး၊စီမံခန့်ခွဲမှု၊ဆောင်းပါး

http://myanmarebooksfree.blogspot.com/

ရွှေမှုံရတီရဲ့ ဖြေရှင်းချက်နဲ့ “မျက်လုံးလေး ကလယ်ကလယ်”

https://www.youtube.com/watch?v=LvimyViQzoY&feature=player_embedded#!
“မျက်လုံးလေး ကလယ်ကလယ်” ဇာတ်ကားထွက်ရှိပြီး တပတ်ကျော် အကြာမှာ မြန်မာ ပရိတ်သတ်တွေရဲ့ ဝေဖန် သံတွေ အတော် ထွက်လာခဲ့ပါတယ်။ ၉ တန်းကျောင်းသူလေး တယောက်ကို လိင်အသားပေး ဇာတ် ဝင် ခန်းများ ရိုက်သင့်သလား၊ မြန်မာဇာတ်ကားတွေက ဒီလိုဖြစ်ကုန်ပြီလား၊ ဒီအခန်းတွေက မပါသင့်ဘူး ဆို တဲ့ ဝေဖန်သံတွေ ကြားလာရပါတယ်။ ဇာတ်ကားထဲမှာ ရွှေမှုန်ရတီက နေဆန်းနဲ့ စိုးမြတ်သူဇာတို့ရဲ့ ၄ နှစ် အ ရွယ် ကလေးကို ထိန်းပေးတဲ့အိမ်မှာ ရွှေမှုံရတီရဲ့ ချစ်သူ ညီထွဋ်ခေါင်ရောက်လာပြီး ချစ်သူချင်းနမ်းတဲ့ ဇာတ် ဝင်ခန်း၊ နေတိုးစိတ်ဖောက်ပြန်ပြီး ရွေမှုံရတီကို အလိုမတူဘဲ သားမယား ပြုကျင့်ခန်းတွေကြောင့် ဝေ ဖန်ရေးတွေ လှိုင်းထသွားခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သရုပ်ဆောင်ရွှေမှုံရတီက ဧရာဝတီကို ဇာတ် ရုပ်အတိုင်း သရုပ်ဆောင်ရတာလို့ ပြောပါတယ်။

“တောင်ကိုရီယားနှင့် စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန် လေယာဉ်တင်သင်္ဘော ပါဝင်လာ”

မြောက်ကိုရီးယား၏ အမျက်ဒေါသနှင့် ကြုံရနိုင်သည့် အခြေအနေ ရှိသော်လည်း အမေရိကန် လေယာဉ် တင် သင်္ဘောကြီး တစ်သင်းသည် တောင်ကိုရီးယားနှင့် စစ်ရေးလေ့ကျင့်မှုတွင် ပူးပေါင်း ပါဝင်လာခဲ့သည်။ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်နေပြီး မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံက နျူကလီးယားဖြင့် ခြိမ်းခြောက် မှုများ ရှိနေသည့်တိုင် ယခုအခါ USS Nimitz သင်္ဘောကြီးသည် ၎င်းတို့၏ မဟာမိတ် နိုင်ငံနှင့် ပူးပေါင်း မှုတွင် ပါဝင်လေ့ကျင့် စစ်ကစားမည် ဖြစ်သည်။

ယောမင်းကြီးဦးဘိုးလှိုင် အတ္တုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း - မောင်ထင်

မြ၀တီနေ့စဉ်သတင်းစာ (၁၄-၅-၂၀၁၃) အင်္ဂါနေ့




Download = Minus
Download = Dev-Host

http://themyawadydaily.blogspot.com/2013/05/blog-post_5112.html

နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်မှာ သတင်းများ မိမိတို့Email (သို့မဟုတ်) Facebook သို့ အလိုအလျောက် ပေးပို့ခြင်းကို လက်ခံရယူလိုသူများ Subscribe လုပ်၍ ရယူနိုင်ကြပါပြီ

နေပြည်တော် မေ ၁၃
နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်တွင် လွှင့်တင်သည့် သတင်းသစ်များကို Facebook အသုံးပြုသူများအနေဖြင့် တစ်ကြိမ် Subscribe ပြုလုပ်ထားပြီး အစဉ်အမြဲ Update ရယူလိုပါက ရယူနိုင်ရန် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။ ထိုသို့ သတင်းများ Update ရယူနိုင်ရန်အတွက် Facebook Account တစ်ခု ရှိရန် လိုအပ်မည် ဖြစ်ပါသည်။ (Subscribe လုပ်ရာတွင်လည်း Facebook Mail ထည့်သွင်းရန် ဖြစ်ပါသည်။) ယင်းနောက် နိုုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာရှိ "သတင်းအသစ်များ ရယူရန်" ဟူသော စာတမ်းအောက်ရှိ "To Subscribe" အမည်ရှိ Button ကို နှိပ်ပါ။ ယင်းနောက် Email လိပ်စာထည့်ရန် ဖြစ်ပါသည်။ ထိုသို့ Email လိပ်စာ ထည့်ရာတွင် Gmail ထည့်ပါက မိမိတို့ Gmail သို့ အလိုအလျောက် ပေးပို့ပေးမည် ဖြစ်ပါသည်။ Facebook တွင် ရယူလိုပါက Email လိပ်စာ ထည့်ရမည့် ကွက်လပ်အောက်တွင် Need Help? ဟူသော စာတမ်းကို Click လုပ်၍ လမ်းညွှန်ချက်များ ဖတ်ရှုနိုင်ပါသည်။ ယင်းလမ်းညွှန်ချက်တွင် Facebook တွင် သတင်းများ အလိုအလျောက် ဖတ်ရှုနိုင်စေမည့် အကြောင်းအရာများ ဖော်ပြထားပါသည်။ သို့ပါ၍ နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်မှ လွှင့်တင်သော သတင်းများကို မိမိတို့ Mail နှင့် Facebook Mail များတွင် ဖတ်ရှုနိုင်စေရန်အတွက် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင်(၄၇၀)ခန့်၊ အိန္ဒိယနိုင်ငံ ဗီဇာကာပတ်တနန်မြို့၏ အရှေ့တောင်ဘက် မိုင်(၂၉၀)ခန့်အကွာ ပင်လယ်ပြင်ကှို ဗဟိုပြုနေ


၂၀၁၃ ခုနှစ်၊ မေလ(၁၄)ရက်နေ့ မြန်မာစံတော်ချိန် ၅ နာရီ ၃၀ မိနစ်တွင် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ (ကိုကိုးကျွန်း) ၏ အနောက်တောင်ဘက် မိုင်(၄၇၀)ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်(၅၈၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၅၉၅)ခန့်၊ အိန္ဒိယနိုင်ငံ ဗီဇာကာပတ်တနန်မြို့၏ အရှေ့တောင်ဘက် မိုင်(၂၉၀)ခန့်အကွာ ပင်လယ်ပြင်ကှို ဗဟိုပြုနေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

myanmarjournaldownload

Myanmar Times (Myan)

Vol 31 No 619
13-05-2013

The People's Will

Vol 1 No 8
13-05-2013

Mobile Guide Journal

No 102
13-05-2013

Weekly Eleven

Vol 8 No 31
13-05-2013

Digital Life

Vol 2 Issue 1
12-05-2013

Myanmar Than Taw Sint

Vol 2 No 9
12-05-2013

မြန်မာ့ အလင်း

13-05-2013

ကြေးမုံ

13-05-2013

ရတနာပုံ နေ့စဉ်

10-05-2013

မြ၀တီ ရောင်စုံ

12-05-2013

New Light of Myanmar

13-05-2013

ရွှေနိုင်ငံ သစ် နေ့စဉ် သတင်းစာ

10-05-2013

Sunday, May 12, 2013

FL Studio အသုံးပြုနည်း

မင်္ဂလာပါခင်ဗျာ... သီချင်းတီးမယ့် ဘော်ဒါတွေအတွက် FL Studio Producer Edition v11.0.0 - R2R ကို မျှဝေပေးလိုက်ပါတယ်... 32 / 64 နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပြီး အမြဲအသုံးပြုနိုင်ဖို့အတွက် FLRegKey လေးပါဝင်ပါတယ်...  FLRegKey လေးကို ကလစ်နှစ်ချက်နှိပ်ပြီး Registry Editor Box လေးပွင့်လာရင် Yes နှိပ်ပြီး နောက်ထပ် Registry Editor Box ထပ်ပွင့်လာပါမယ် Yes ထပ်နှိပ်ပြီး နောက်ထပ် တစ်ခုထပ်ပွင့်လာပါက OK နှိပ်ပါက အမြဲအသုံးပြုနိုင်ပါပြီ.... 293 MB ရှိလို့ သုံးပိုင်းခွဲပြီး တင်ပေးထားပါတယ်... အသုံးပြုနည်း မြန်မာ စာအုပ် လိုချင်ပါက လေ့လာနိုင်အောင် စာအုပ် Download လင့်ပါ ထည့်ပေးထားပါတယ်...

မြန်မာ့လေကြောင်းမှ လေယာဉ်တစ်စီး တာချီလိတ်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့

ဆန်းဖား ခရီးသွားလုပ်ငန်းမှ ငှားရမ်း အသုံးပြုသည့် မြန်မာ့လေကြောင်းမှ လေယာဉ်အမှတ် XY-AIA ATR-72 အမျိုးအစား လေယာဉ်တစ်စီးသည် မေလ (၁၂) ရက်နေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် တာချီလိတ်-လားရှိုး ခရီးစဉ်အတိုင်း လားရှိုးသို့ထွက်ခွာလာရာ လက်ဝဲဘက် အင်ဂျင်ပါဝါကျသဖြင့် နေ့လည် ၂ နာရီခန့်တွင် တာချီလိတ်လေဆိပ်သို့ အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။ လေယာဉ်ကလားရှိုးကိုသွားနေရင်း လမ်းမှာအင်ဂျင်တစ်လုံးပါဝါကျလို့ တာချီလိတ်ကိုပြန်ပြီးဆင်းခဲ့တာပါ၊ ဘယ်သူမှ အထိအခိုက်မရှိပါဘူး၊ လားရှိုး သွားမယ့် ခရီးသည်အယောက် ၂၀ ကိုလည်း Asia Win လေကြောင်းနဲ့ ညနေ ၃ နာရီမှ လားရှိုးကိုပို့ပေး လိုက်ရပါတယ်။ အခုလဲ ရန်ကုန်က အင်ဂျင်နီယာတွေရောက်နေပါပြီ၊ လေယာဉ်ကိုပြင်ဆင်နေပါတယ်ဟု လေဆိပ်မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

စိုင်းလေး(တာချီလိတ်)

Hotspot Toggle Widget v1.2.apk (261.96 Kb)

ဒါကတော့ ဖုန်းကနေ ၀ိုင်ဖိုင်လွင့်တဲ့ သူငယ်ချင်းတွေအတွက် ကလစ်တစ်ချက်နိုပ်ယုံနဲ့ အဆင်ပြေမယ် ဆောစ့်ဝဲလ်လေးပါ  အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>>>mirrorupload (or)zippyshare (or)sharebeast
http://www.amyokaungtarr.com

novel coronavirus ကြောင့် လူလူချင်း ကူးစက်နိုင်



novel coronavirus ကြောင့် လူလူချင်း ကူးစက်နိုင်
ကိုရိုနာ ဗိုင်းရပ်စ် ပိုးသစ် တိုးပွားလာမှုကြောင့် လူလူချင်း ကူးတဲ့ အအေးမိ အဆုတ်ရောင် ရောဂါတွေ
ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဆိုပါတယ်။
ပြင်သစ် နိုင်ငံမှာတော့ ဒီဗိုင်းရပ်ကြောင့် ဖြစ်ပွားတဲ့ အဆုတ် အအေးမိ ရောဂါသည်နဲ့ ဆေးရုံ တခန်းထဲ တက်ခဲ့မိတဲ့ အမျိုးသား တယောက်ကို အထူး ကြပ်မတ် ကုသ နေရပါတယ်။
၂ဝ၁၂ ခုနှစ်မှာ ဒီရောဂါ လက္ခဏာတွေ စတွေ့ခဲ့ပြီးနောက် ဖြစ်ပွားတဲ့ လူနာ ၃၃ ယောက် ရှိနေပြီ ဖြစ်ပြီး
သေဆုံးသူ ၁၈ ယောက် ထိ ရှိခဲ့ပါတယ်။

Saturday, May 11, 2013

Tango ကလည်း PC version ထွက်လာပါပြီ

Viber ကလည်း PC version ထွက်လာပီ အခု Tango ကလည်း PC 
version ထွက်လာပါပြီ  အရင်ဆုံး PC အတွက် လိုချင်ရင်
http://adf.ly/OsPKU မှာ သွားဒေါင်းလိုက်ပါ 11.2MB ထဲပါ
ဒေါင်းပြီးရင် install လုပ်လိုက်ပါ ဆော့ဝဲကို ဖွင့်ပါ
ph no တောင်းရင် mobile မှာ သုံးခဲ့တဲ့ ဖုန်းနံပါတ် အတိုင်းထည့်ပေးလိုက်ပါ
အဲဒါဆိုရင် မိုဘိုင်းက Tango ကို verification code ပို့ပေးပါလိမ့်မယ်
အဲဒီကုဒ်ကို PC မှာ ထည့်ပေးလိုက်ရင် အသုံးပြုရသွားပါပြီ
အောင်ကျော်ခိုင်(ပုသိမ်)

မုန်တိုင်းသတင်း ALERT အဆင့်တင်...

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း ၀1B သည် အားကောင်းသော ဆိုက်ကလုန်းမုန်တိုင်းအဆင့်နှင့် မြန်မာနိုင်ငံကမ်းခြေသို့
မေလ(၁၄)ရက် မြန်မာစံတော်ချိန် နံနက် ၁:၃၀နာရီအချိန်မှာ ဖြတ်ကျော်
ဝင်ရောက်မည်ဟု Tropical Storm Rist (TSR),Sponsored by Aon
Benifield, Crawford & Company and University College London
(UCL) က ခန့်မှန်း သတင်းထုတ်ပြန်ထားကြောင်းသိရသည်။ သို့သော်….မုန်တိုင်းဝင်မည့်အချိန်သည် မြန်မာစံတော်ချိန်နံနက် ၁:၃၀နာရီ
ဖြစ်နေသောကြောင့် အတွေ့အကြုံအရ မြန်မာပြည်သို့ဝင်သော မုန်တိုင်း
များသည် မည်သည့်အခါမျှ ညသန်းခေါင်တွင် မဖြတ်ခဲ့ကြောင်း၊ထို့ကြောင့်
မုန်တိုင်းသတင်းများကို Close Watch အဆင့်မှ ALERT အဆင့်ကို
တင်လိုက်ကြောင်း ဒေါက်တာထွန်းလွင်ကဆိုသည်။