img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, June 26, 2012

ပြည်ပအဝယ်လိုက်နေ၍ ယခုအပတ်အတွင်း လယ်ယာထွက် သီးနှံအချို့ ဈေးအနည်းငယ်မြင့်တက်သွာြး

ပြည်ပအဝယ်လိုက်နေ၍ ယခုအပတ်အတွင်း လယ်ယာထွက် သီးနှံအချို့ ဈေးအနည်းငယ်မြင့်တက်သွားပြီး ပြောင်းဆန်မှာ ပြည်တွင်း   ဈေးကွက်၌ ပြတ်သလောက်ဖြစ် သွားပြီဟု ပြည်ပပို့ကုန်လုပ်ငန်းရှင် အချို့ထံမှ သိရသည်။
”ထိုင်းနယ်စပ်ဘက်က ဆန် ကွဲအဝယ်များတဲ့အတွက် ဆန်ကွဲ ဈေး တက်သွားတယ်။ နောက်ပြီး တရုတ်နယ်စပ်က ပြောင်းဆန်အမှာ များနေတဲ့အတွက် ရှမ်း/မြောက် က ပြောင်းဆန်တွေ ကုန်သလောက်ဖြစ် သွားပြီ”ဟု တောင်တွင်းကြီးမှ ကုန် သည် ဦးပြူးက ပြောသည်။ဟင်္သာတမှ ပဲကုန်သည် ဦးမြင့်စိုးက ”အခု ရက်ပိုင်းမှာ ပဲစင်း ငုံဈေး တက်သွားတယ်။ အဝယ် လည်း လိုက်နေတယ်။ အရောင်း အဝယ်က ကောင်းသွားမယ်လို့ ထင် တယ်”ဟု ပြောသည်။လယ်ယာထွက်ကုန် သီးနှံ အချို့ ဈေးမြင့် တက်သွားမှုကြောင့် ပြည်တွင်းဈေးကွက်အတွင်း ဝယ်လို အားများလာပြီး ကုန်စည်ဒိုင်များနှင့် ပွဲရုံများ အလုပ်ဖြစ်နေကြသည်ဟု လည်း အကျိုးဆောင်များထံမှ သိရသည်။
လုပ်သက် ၁ဝ နှစ်ကျော်ရှိ ဆန်ပွဲစားတစ်ဦးက ”အရင်က ငုတ် တုတ်ကို ထိုင်နေရတာ။ အခု မဆိုး ပါဘူး။ အဝယ်လိုက်လာပါတယ်” ဟု ပြောသည်။

ပြောင်းဆန်မှာ ယခင်နှစ်က ၄၅ ပိဿာကို ကျပ်တစ်သောင်းခွဲ ပေါက်ဈေး ရှိခဲ့ပြီး ယခုအခါ ကျပ် ၆ဝဝဝ ကျော် မြင့်တက်သွားသည်။ ကျန်ပစ္စည်းများမှာ အနည်းငယ်သာ ဈေးတက်သွားသည်ဟု သိရသည်။
”ပြောင်းဆန်က နှစ်တိုင်း တန် ၆ သိန်းလောက်ထွက်ပေမယ့် ဒီနှစ် ရာသီဥတုရယ်၊ အစိုက်နည်းတာ ရယ်ကြောင့် ၃ သိန်းလောက်ပဲ ထွက်တယ်။ ဒါကြောင့် ပစ္စည်းပြတ် တာလည်း ဖြစ်နိုင်တယ်။ ပဲကိုတော့ အိန္ဒိယက အခု စဝယ်နေပြီ။ ဆန် လည်း
နယ်စပ်ဘက်က အခုရက် ပိုင်း အမှာများနေတယ်။ အားလုံး စုံပြီး အခုလို ဖြစ်သွားတာပါ” ဟု ဦးပြူးက သုံးသပ်သည်။
ပဲစင်းငုံဈေး မြင့်တက်သွားခြင်း နှင့် ဆန်ဈေး မြင့်တက်သွားသော် လည်း ယခင်နှစ်ဈေးထိ မရောက် သေးသောကြောင့် ဝယ်လှောင်သူ များမှာ ဈေးကွက်အတွင်း မထုတ် သေးကြောင်း သိရသည်။
”ကျွန်တော်တို့က ပဲစင်းငုံကို ကျပ် ၁၅ဝဝဝ ပေးဝယ်ထားရတာ။ အခုဈေးတက်တာတောင် ကျပ် ၁၂၅ဝဝ ပဲ ရှိသေးတော့ ရှုံးနေတာပဲ။ ဒီလိုပဲ စပါးဈေး၊ ဆန်ဈေးက တက် လာပေမယ့်မနှစ်ကဈေးကို မရောက် သေးပါဘူး။ ဒါ့ကြောင့် တက်လာပေ မယ့်
တွက်ခြေကိုက်ဖို့တောင် လိုပါ သေးတယ်” ဟု ပြောသည်။
နယ်စပ်မှ မွေးမြူရေးလုပ်ငန်း ရှင်များနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းရှင်များ အဝယ်များနေမှု ကြောင့် လယ်ယာထွက်ကုန်ပစ္စည်း များမှာ ယခုလအတွင်း အရောင်း အဝယ် ဖြစ်နေကြသည်ဟု သိရ သည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား