img.emoticon { padding: 0; margin: 0; border: 0; }

Friday, June 22, 2012

Moody ၏ စာရင်းတွင် ဘဏ် ၁၅ ခု အဆင့် လျှော့ချခံရ

ဘဏ်လုပ်ငန်းများနှင့် ပတ်သက်ပြီး ကြွေးမြီ ပြန်လည် ပေးဆပ်နိုင်မှုကို ပမဏကို အဆင့် သတ်မှတ်ပေးသည့် အဖွဲကြီး တစ်ခုဖြစ်သော Moody မှာ
၎င်း၏ စာရင်း အသစ်ကို ထုတ်ပြန်လိုက်ပြီ ဖြစ်ကာ ဥရောပ ကြွေးမြီ ပြဿနာများကြောင့် ကမ္ဘာ တစ်လွှားရှိ ဘဏ် ၁၅ ခုမှာ အဆင့် လျှော့ချခံလိုက်ရပြီ ဖြစ်သည်။


ယင်းသို့သော အဆင့် သတ်မှတ်မှု လျှော့ချခံရသည့် ဘဏ်များထဲတွင် အမေရိကန် ပြည်ထောင်စု ၊ ကနေဒါနှင့် ဥရောပ တို့မှ ဘဏ်များလည်း ပါဝင်ကြသည်။ ယခုလို ပါဝင်သည့် အထဲတွင် ဆွစ်ဇာလန်မှ Credit Suisse မှာ အဆင့် သုံးဆင့် လျှော့ချ ခံလိုက်ရသည်။ အလားတူပင် အဆင့် ၂ဆင့် လျှော့ချသည့် ဘဏ်နှင့် လုံခြုံရေး ကုမ္ပဏီ ၁၀ ခုတွင် အမေရိကားရှိ Citigroup, Goldman Sachs, JP Morgan Chase နှင့် Morgan Stanley တို့ ပါဝင်ကြကြောင်းလည်း သိရသည်။ ထို့အပြင် Bank of America နှင့် HSBC Holdings အပါအဝင် ဘဏ်လေးခုမှာလည်း အဆင့် ၁ ဆင့် လျှော့ချ သတ်မှတ်ခြင်း ခံခဲ့ရသည်။

Moody မှာ ယင်းဘဏ်များကို လွန်ခဲ့သည့် ဖေဖော်ဝါရီ လကပင် ပြန်လည် သုံးသပ်မှု ပြုခဲ့ပြီး ဥရောပတွင် ဖြစ်နေသည့် အခြေအနေများကြောင့် ကမ္ဘာ့ ဘဏ္ဍာရေး ဈေးကွက်ကို ခြိမ်းခြောက်မှု ဖြစ်စေခဲ့သဖြင့် ယခုလို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယခုလို အဆင့် သတ်မှတ်ချက်မှာ တိုးတက်လာသည့် စီးပွားရေး ဖြစ်စဉ်များ အတွင်းတွင် စည်းမျဉ်းများ တင်းကြပ်လိုက်ခြင်းဖြင့် ဘဏ်လုပ်ငန်းများ အတွင်းတွင် အမြတ်အစွန်းများ ကျဆင်းမှုကို ဖြစ်စေကြောင်းလည်း ပြောကြား သွားခဲ့သည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား