img.emoticon { padding: 0; margin: 0; border: 0; }

Friday, June 22, 2012

အကျဉ်းအကြပ် ကာလ ရန်ပုံငွေ အဖြစ် IMF ဒေါ်လာ ၄၅၆ သန်း ရရှိမည်

ဘေးကြပ်နံကြပ် ကာလများတွင် ဖြေရှင်းနိုင်ရန် အတွက် ရန်ပုံငွေ အဖြစ် အမေရိကန် ဒေါ်လာ ၄၅၆ သန်းကို ကမ္ဘာ့ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF မှ
သုံးစွဲနိုင်တော့မည် ဖြစ်သည်။ ယခု ရန်ပုံငွေမှာ အကယ်၍ ဥရောပ စီးပွားရေး အကြပ်အတည်း ဆက်လက် ပျံ့နှံ့လာပါက ဘဏ္ဍာရေး အရ အခက်အခဲ ဖြစ်နေသည့် နိုင်ငံများ ကို ကယ်တင်မည့် လုပ်ရပ်များတွင် သုံးစွဲမည် ဖြစ်သည်။


IMF မှ တနင်္လာ နေ့က ပြောရာ၌ မက္ကဆီကိုတွင် ကျင်းပသည့် ဂျီ ၂၀ အစည်းအဝေးတွင် နောက်ထပ် နိုင်ငံပေါင်း ၁၂ ခုမှ ယခု ရန်ပုံငွေ ထပ်မံ ပေးအပ်မည် ဖြစ်ကြောင်း ကတိပြုခဲ့ ကြခြင်း ဖြစ်သည်ဟု ပြောသည်။ အဆိုပါ ကတိပြုချက် အရ တရုတ် နိုင်ငံ အနေဖြင့် ဒေါ်လာ ၄၃ ဘီလီယံ၊ အိန္ဒိယ ၊ ရုရှားနှင့် မက္ကဆီကိုတို့မှ ဒေါ်လာ ၁၀ ဘီလီယံနှင့် တူရကီမှ ၅ ဘီလီယံတို့ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုလို ရန်ပုံငွေထဲတွင် ဂျပန်နိုင်ငံ အနေဖြင့်လည်း ဒေါ်လာ ဘီလီယံ ၆၀ ပေးအပ်ရန် ယခင်ကပင် ကတိပြုခဲ့ပြီး ဖြစ်သည်ဟု NHK သတင်းတွင် ဖော်ပြခဲ့သည်။ IMF ဦးဆောင် ညွှန်ကြားရေးမှုး ဖြစ်သူ Christine Lagarde မှာ ယခုလို ဂတိပြုချက် အသစ်များကို ကြိုဆိုခဲ့ပြီး ယင်းလုပ်ရပ်ကြောင့် ချေးပေးနိုင်သည့် ပမာဏ၏ နှစ်ဆသော ရန်ပုံငွေကို ရရှိထားပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား