img.emoticon { padding: 0; margin: 0; border: 0; }

Friday, June 22, 2012

Twitter ဆိုက် ဟက်ကာ တိုက်ခိုက်မှုကြောင့် ပြတ်တောက်မှု ဖြစ်ခဲ့

လွန်ခဲ့သည့် ကြာသပတေး နေ့က Twitter ဝက်ဆိုက်နှင့် ၎င်း၏ မိုဘိုင်း application များတွင် သိသာသည့် ဆိုက်ကျဆင်းမှုနှင့် ဆိုက်နှေးကွေးမှု
အချိန် ကာလ တစ်ခု ရှိခဲ့ကြောင်း ကမ္ဘာတစ်လွှား သုံးစွဲသူများမှ ပြောကြားခဲ့ကာ  နာရီအတော်ကြာ အချိန်များ  အတွင်း ဆိုက်မှာ တက်လိုက်ကျလိုက် ဖြစ်ခဲ့ရကြောင်းလည်း သိရသည်။


ယခုလို ဖြစ်ရပ်နှင့် အညီ Twitter တို့မှလည်း ပစိဖိတ် အချိန်စုံ   PDT  ၁၂ နာရီ ၁၇ မိနစ်တွင် ကြေငြာချက် တစ်ခု ထုတ်ပြန်ခဲ့ကာ ၎င်း၏ စနစ်အတွင်း cascading bug တစ်မျိုးကြောင့် ယခုလို ဖြစ်ခဲ့ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ ယခုလို ဖြစ်ရပ်နှင့် ပတ်သက်ပြီး UgNazi ခေါ် အဖွဲ့မှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြွေးကျော်ခဲ့သည်။ Twitter မှာ လွန်ခဲ့သည့် အတိတ် ကာလကလည်း ယခုလို ယုံကြည် စိတ်ချရမှုနှင့် ဆိုင်သည့် ပြဿနာများ ရှိခဲ့ကာ အဆက်မပြတ် လည်ပတ်နိုင်သည့် ကိစ္စနှင့် ပတ်သက်ပြီး ဆက်လက် လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်းလည်း Reuters သတင်းတွင် ဖော်ပြခဲ့သည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား