img.emoticon { padding: 0; margin: 0; border: 0; }

Sunday, June 24, 2012

စားသောက်ဆိုင်၊ ဟိုတယ်၊ ဈေးဝယ် စင်တာများ အပါအ၀င် လုပ်ငန်း ၁၄ မျိုး၏ သွယ်ဝိုက်ခွန် ပေးဆောင်မှု ၅ ရာခိုင်နှုန်းသို့ လျှော့ချ ကောက်ခံမည်


စားသောက်ဆိုင်၊ ဟိုတယ်၊ ဈေးဝယ် စင်တာ စတဲ့ လုပ်ငန်း တွေမှာ စားသုံး သူများမှ ပေးဆောင် ရတဲ့ သွယ်ဝိုက်ခွန် ပေးဆောင်မှုကို ယခင်က ၁၀ ရာခိုင်နှုန်း
ကောက်ခံရာမှ ယခု ဘဏ္ဍာနှစ်မှ စတင်ကာ ၅ ရာခိုင်နှုန်းသို့ လျှော့ချ ကောက်ခံဖို့ ညွှန်ကြား ထားတယ်လို့ နေပြည်တော်ရှိ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက် အရ သိရပါတယ်။ သွယ်ဝိုက်ခွန် ဆိုတာ ကတော့ စားသောက်ဆိုင်၊ ဟိုတယ်၊ ဈေးဝယ် စင်တာ၊ ကားရေဆေး၊ ဆီထိုး ဆားဗစ် လုပ်ငန်း၊ အလှပြုပြင်ရေး လုပ်ငန်း စတဲ့ လုပ်ငန်း အမျိုးအစား ၁၄ မျိုးမှ စားသုံး သူများထံမှ ကောက်ခံ ပေးရတဲ့ အခွန် အမျိုးအစား ဖြစ်ပါတယ်။


အဲ့ဒီ သွယ်ဝိုက်ခွန် ပေးဆောင်ရမယ့် လုပ်ငန်း တွေဟာ တစ်နှစ် ရောင်းရငွေ ကျပ်သိန်း ၁၀၀နဲ့ အထက်ရှိတဲ့ လုပ်ငန်းတွေက ပေးဆောင် ရမှာ ဖြစ်ပါတယ်။ ဒီလို ပေးဆောင် နိုင်ဖို့ အတွက် အဆိုပါ လုပ်ငန်း တွေဟာ သွယ်ဝိုက်ခွန်ကို စားသုံးသူတွေ ထံကနေ ကောက်ခံ ပေးရမှာ ဖြစ်ပြီး ဒီလို ကောက်ခံရာမှာ မိမိတို့ရဲ့ ဆိုင်နာမည်၊ အခွန်ရုံး တံဆိပ်တုံး၊ Siral No စတာတွေ ပါဝင်တဲ့ ဘောင်ချာ ဖြတ်ပိုင်းမှာ ကျသင့်ငွေ အပြင် သွယ်ဝိုက်ခွန် အတွက် ၅ ရာခိုင်နှုန်းကို ဖြတ်တောက် ကောက်ခံ ပေးရမှာ ဖြစ်ပါတယ်။

ဒီလို ကောက်ခံ ထားတဲ့အခွန်ကို နိုင်ငံတော်သို့ တစ်ဆင့် ပြန်လည် ပေးသွင်း ပေးရမှာ ဖြစ်ပါတယ်။ စားသုံးသူတွေ အနေနဲ့ သွယ်ဝိုက်ခွန် ပေးဆောင်ရာမှာ ဘောင်ချာ ပြေစာမှာ ဆိုင်နာမည်၊ အခွန်ရုံး တံဆိပ်တုံး၊ Siral No စတာတွေ ပါဝင် ထားတဲ့ ဘောင်ချာ ပြေစာ ရရှိမှသာ နိုင်ငံတော်သို့အမှန်တကယ် အခွန် ပြန်လည် ပေးသွင်းကြောင်း သိနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ အခွန်ကို ၁၉၉၀ ခုနှစ် ကတည်းက ပြဋ္ဌာန်းခဲ့ပြီး ကောက်ခံမှုတွေ ပြုလုပ်ခဲ့ ပါတယ်။ ဒါ့ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ထိရောက်စွာ ပေးဆောင်မှု အားနည်း ခဲ့ပါတယ်။ ဒါ့ကြောင့် အခုအခါ မှာတော့ သွယ်ဝိုက်ခွန် ပေးဆောင် ရတဲ့ လုပ်ငန်းတွေကို ကွင်းဆင်းကာ စစ်ဆေးကာ အခွန် အပြည့်အ၀ ရရှိအောင် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား