img.emoticon { padding: 0; margin: 0; border: 0; }

Sunday, June 24, 2012

Gigapixel ကင်မရာဖြင့် အထူး ထင်ရှားသည့် ပုံရိပ်များ ရိုက်ကူးနိုင်မည်

လုံးဝ မထင်မှတ်ထားနိုင်လောက်သည့် အသေးစိတ် ကျသော ပုံရိပ်များကို ဖော်ပြနိုင်မည့် ကင်မရာ တစ်လုံးကို အမေရိကန် အင်ဂျင်နီယာများမှ
ဖော်ထုတ်လိုက်နိုင်ပြီ ဖြစ်သည်။ အဆိုပါ ရှေးပြေး ပုံစံ ကင်မရာမှာ AWARE2 ဟု ခေါ်ဆိုပြီး ကြည်လင် ပြတ်သားမှု အတွက် ပစ်ဆယ်ပေါင်း ၅၀ ဂစ်ဂါ ပမာဏရှိမည် ဖြစ်ကာ မိဂါ ပစ်ဆယ်ပေါင်း ငါးသိန်း ရှိမည် ဖြစ်ကြောင်းလည်း အဆိုပါ ကင်မရာကို တီထွင်သူ မြောက်ကယ်ရိုလိုင်းနားရှိ  Duke တက္ကသိုလ်မှ အဖွဲ့က ပြောကြားလိုက်သည်။


ယခု ကင်မရာတွင် အသေးစား ကင်မရာပေါင်း ၉၈ ခုကို တစ်ပြိုင်နက် လှုပ်ရှား ရိုက်ကူးစေခြင်းဖြင့် ဆက်စပ်ထားခြင်းလည်း ဖြစ်သည်။ ယခု ကင်မရာကို စစ်ရေးအရ ထောက်လှမ်းမှုများတွင် သုံးစွဲနိုင်ကြောင်း သိရသည်။ ယခုလို စမ်းသပ်မှု အဆင့်တွင် ရှိနေဆဲ ဖြစ်သည့် အဆိုပါ ကင်မရာမှာ  တစ်ဂစ်ဂါပစ်ဆယ် ပမာဏရှိ ပုံရိပ်များကို တစ်မိနစ်လျင် သုံးပုံ ရိုက်ယူနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
http://www.mrtv4.net.mm/news/international/science-tech/detail/item%3A6434

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား