ဂျပန်ထိပ်တန်း
လျှပ်စစ် ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Panasonic နှင့် Sony တို့ ပူးပေါင်းပြီး
မျိုးဆက်သစ် တီဗွီတွေ ထုတ်လုပ်ဖို့ သဘောတူညီမှု ရရှိတော့မှာ
ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို သဘောတူညီမှု ရရှိပြီးပြီ ဆိုပါက ကာလကြာ
ဈေးကွက်ယှဉ်ပြိုင်လာတဲ့ ဂျပန်လျှပ်စစ် ကုမ္ပဏီ နှစ်ခုဟာ ၎င်းတို့ရဲ့
ကျွမ်းကျင်မှုတွေကို ပေါင်းစပ်ပြီးတော့ အဆင့်မြင့် အိုအီးအယ်လ် တီဗွီတွေကို
ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။
အဆိုပါ အိုအီးအယ်လ် တီဗွီတွေဟာ ဈေးကွက်မှာ ရောက်ရှိနေပြီဖြစ်တဲ့ LCD
အမျိုးအစား တီဗွီတွေထက် ပိုမိုပါးလွှာပြီး ကြည်လင် ပြတ်သားတဲ့ ပုံရိပ်တွေကို
ပေးစွမ်းနိုင်ပါတယ်။ ဒီလို ပင်နယ်ဆိုးနစ် ကုမ္ပဏီနဲ့ ဆိုနီကုမ္ပဏီ နှစ်ခု
ပူးေ ပါင်း ဆောင်ရွက်တာဟာ ကုန်ကျစရိတ်တွေကို လျှော့ချဖို့နဲ့
လျှပ်စစ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အလျင်မီစေဖို့အတွက်
ရည်ရွယ်တာဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းတို့ဟာ အိုအီးအယ်လ် တီဗွီ ထုတ်လုပ်မှုမှာ
အောင်မြင်မှု ရရှိနေ တဲ့ တောင်ကိုရီးယား လျှပ်စစ်ကုမ္ပဏီတွေကို
အမီလိုက်နိုင်ဖို့ကိုလည်း မျှော်လင့်ထားကြောင်း သိရပါတယ်။
http://www.mrtv4.net.mm/news/international/business/detail/item%3A6437
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား