img.emoticon { padding: 0; margin: 0; border: 0; }

Monday, October 27, 2014

ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်သည် ပြည်ထောင်စု အသုံးစရိတ်အားလုံး၏ ၁၄ ရာခိုင်နှုန်းခန့်ရှိ

ကာကွယ်ရေးဝန်ကြီး ဌာန၏ စစ်ဆင်ရေးစရိတ်အတွက် အသုံးပြုသည့် ငွေပမာဏမှာ ယခုနှစ် အတွင်း အမေရိကန်ဒေါ်လာ ရှစ် ဘီလီယံခန့်ရှိကြောင်း ကာကွယ်ရေးဝန် ကြီးဌာန၀န်ကြီး၏ ပြောကြားချက်အရ သိရသည်။

ကာကွယ်ရေး ၀န်ကြီးဌာန၏  အသုံးစရိတ်စုစုပေါင်းသည် အမေရိ ကန်ဒေါ်လာ ၂၃ ဘီလီယံကျော်ဖြစ်ပြီး ယင်းတို့အနက်မှ ၃၀ ရာခိုင်နှုန်းကျော်ကို စစ်ဆင်ရေးအတွက် အသုံးပြုနေကြောင်း ၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီး  ဝေလွင်က ၂၀၁၄−၂၀၁၅ ဘဏ္ဍာနှစ်ဖြည့်စွက်ဘဏ္ဍာငွေ တောင်းခံခြင်းနှင့်ပတ်သက်၍ရှင်းလင်းရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာန၏ အသုံးစရိတ် များတွင် စစ်ဆင်ရေး၊ တိုက်ခိုက် ရေးအတွက် အသုံးပြုမှုမှာ ၃၀ ရာ ခိုင်နှုန်းခန့်သာရှိပြီး ကျန်ရှိသည့် အသုံးစရိတ်များမှာ လစာနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် အသုံးပြုခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေ လွင်က အောက်တိုဘာ ၂၇ ရက် တွင် ကျင်းပသော ပြည်ထောင်စု  လွှတ်တော်အစည်းအဝေး၌ ရှင်းလင်းပြောကြားခဲ့သည်။

အခြေခံဥပဒေအရ နိုင်ငံ တော်ကို ပြည်တွင်းပြည်ပ အန္တ ရာယ်များမှ ကာကွယ်ရာတွင် တပ်မတော်က ဦးဆောင်ရမည် ဖြစ်ပြီး အဆိုပါတာဝန်များထမ်း ဆောင်နိုင်ရေးအတွက် ကာကွယ် ရေးအသုံးစရိတ်တင်ပြတောင်းခံ ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ထိခိုက်ခြင်းမရှိဟု ယုံကြည်ကြောင်းလည်း ဒုတိယဗိုလ်ချုပ် ကြီးဝေလွင်ကပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်သည် ပြည်ထောင်စု အသုံးစရိတ်အားလုံး၏ ၁၄ ရာခိုင်နှုန်းခန့်ရှိသဖြင့် ဖြည့်စွက်ဘဏ္ဍာငွေတောင်းခံမှုမှာ များနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ကန့်ကွက်ခဲ့ကြသည်။

အဆိုပါဝေဖန်မှုများအပေါ် ကာကွယ်ရေးဝန်ကြီးဌာနက ပြန် လည်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး တပ် မတော်သည် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်နှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန် ငြိမ်းချမ်းရေးစာချုပ်များ မဖောက်ဖျက်ရန် မူဝါဒ ခြောက်ခုဖြင့် ဆောင်ရွက်နေသည်ဟု လည်း ၎င်းကပြောကြားခဲ့သည်။

အောက်တိုဘာ တစ်လလုံး တွင် ပြည်ထောင်စုအဆင့် ငြိမ်း ချမ်းရေးလက်မှတ်ထိုးထားသည့်  အဖွဲ့အစည်းဖြစ်သော ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နှင့် တိုက်ပွဲများ နေ့စဉ်လိုလိုဖြစ်ပွား နေ၍ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အများက ယင်းဖြစ်ရပ် ကို တရားဝင်စာများပေးပို့၍ ကန့် ကွက်ထားချိန်ဖြစ်သည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား