img.emoticon { padding: 0; margin: 0; border: 0; }

Monday, October 27, 2014

လေးနှစ်အတွင်း ငွေလဲနှုန်း ကျပ်တစ်ထောင်ကျော် ပြန်ရောက်


By

အောင်သူရ

သိမ့်သိမ့်စိုး

Issue No.

No.545 Tuesday, October 28, 2014

 နိုင်ငံတော်ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များအား ပုံမှန် ရောင်းချပေးသည့် ပမာဏလျှော့ ချခြင်း၊ စီးပွားရေးကျဆင်းခြင်းနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် အမေရိကန်ဒေါ်လာနှင့် မြန်မာ ကျပ်ငွေလဲနှုန်းမှာ တစ်ဒေါ်လာ လျှင် ၁,၀၀၅ ကျပ်အထိ ရောက် ရှိလာကြောင်း သတင်းရရှိသည်။ပုံမှန်အားဖြင့် ပွင့်လင်းရာသီ ရောက်လာချိန်တွင် အမေရိကန် ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲနှုန်း မှာ ကျဆင်းလေ့ရှိသော်လည်း ယ ခုနှစ်တွင်မူ ထူးထူးခြားခြား ဈေး တက်လာခြင်းဖြစ်ပြီး ထပ်မံတက် လာနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။

‘‘ဗဟိုဘဏ်က လိုတဲ့ပမာဏကို အပြည့်ရောင်းမပေးတော့ဘူး’’ ဟု မြန်မာ့ရှေ့ဆောင်ဘဏ် အ ဆင့်မြင့်အရာရှိကြီးတစ်ဦးက ဆို သည်။

ပုံမှန်အားဖြင့် မြန်မာနိုင်ငံ တော် ဗဟိုဘဏ်မှ တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်း ပုံ မှန်ရောင်းပေးသော်လည်း ယခုအခါ ထိုပမာဏ၏ လေးပုံတစ်ပုံသာ ရောင်းပေးတော့ကြောင်း စီးပွား ရေး လုပ်ငန်းရှင်တစ်ဦးက ဆို သည်။

‘‘စီးပွားရေးက မကောင်းဘူး။ဆန်တို့၊ ပဲတို့ တင်ပို့မှုကလည်း ရပ်နေတယ်။ သွင်းကုန်က တိုးနေ တယ်။ ဒါကြောင့် ဒေါ်လာက ဝယ်လိုအားများပြီး ရောင်းလိုအား နည်းတဲ့အတွက် ဈေးတက်သွား တာ’’ ဟု စီးပွားရေးလုပ်ငန်းရှင် ကြီးတစ်ဦးက သုံးသပ်သည်။

ယခုနှစ် အောက်တိုဘာ ၁၇ ရက်အထိ ပို့ကုန်ငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆,၀၀၀ နီးပါးရှိပြီး သွင်းကုန်ပမာ ဏမှာ အမေရိကန်ဒေါ်လာ သန်း ပေါင်း ၉,၀၀၀ ကျော်ရှိရာ လိုငွေ ပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်းသုံးထောင်ကျော် ကွာ ဟနေသည်။

ထိုပမာဏကို ကြည့်ခြင်း အားဖြင့် ဝယ်လိုအားမှာ ရောင်း လိုအားထက် များနေရခြင်းကို တွေ့နိုင်သည်။

ပုံမှန်အားဖြင့် နိုင်ငံတစ်နိုင်ငံ တွင် နိုင်ငံရေးမတည်မငြိမ်ဖြစ် သည့်အခါ၊ စီးပွားရေးကျဆင်း သည့်အခါတွင် အမေရိကန်ဒေါ် လာ ဈေးတွက်လေ့ရှိကြောင်း ငွေ ကြေးဆိုင်ရာ လေ့လာသူ ဦးဘိုဘို ကျော်ငြိမ်းက ဆိုသည်။

ထို့အပြင် အမေရိကန်နိုင်ငံ စီးပွားရေးပြန်လည်ကောင်းမွန် လာသဖြင့် ကမ္ဘာ့ဈေးကွက်တွင် လည်း အမေရိကန်ဒေါ်လာဈေး ပြန်တက်လာချိန်ဖြစ်နေကြောင်း ဦးဘိုဘိုကျော်ငြိမ်းက ထောက်ပြ ပြောဆိုသည်။

လက်ရှိ မြန်မာနိုင်ငံရေးအ ခြေအနေမှာလည်း ဘုံသဘောတူ ညီချက် ပျောက်ဆုံးနေပြီး ခေါင်း ဆောင်များကြား တင်းမာမှုများရှိ နေသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာလည်း အခြေအနေမကောင်း သည့် အနေအထားဖြစ်နေသည်။

ထို့အပြင် စီးပွားရေးလုပ်ငန်း မှာ ၂၀၁၅ နှစ်မကုန်မီထိ ဆက်လက်ကျဆင်းနိုင်သဖြင့် ကန်ဒေါ် လာနှင့် မြန်မာကျပ်ငွေ လဲလှယ် သည့်နှုန်းမှာလည်း ဆက်တက် လာနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြသည်။

အောက်တိုဘာ ၂၇ ရက် တွင် ဘဏ်များမှ ရောင်းချသည့် ဈေးနှုန်းမှာ တစ်ဒေါ်လာလျှင် ၁,၀၀၆ ကျပ် ဝယ်ယူနေပြီး ရောင်းဈေးမှာ ၉၉၅ ကျပ် ဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း ငွေလဲ နှုန်း တည်ငြိမ်စေရန် အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းကို ၂၀၁၂ ခုနှစ် အောက်တိုဘာလမှစ၍ တစ်ဒေါ်လာလျှင် ၈၈၅ ကျပ် သတ်မှတ်ခဲ့ကာ ယခုနှစ်ကုန် အောက်တို ဘာလကုန်ပိုင်းတွင် ၁,၀၀၅ ကျပ် ထိ ရောက်ရှိလာခဲ့သည်။

ကမ္ဘာ့ဘဏ်၏ လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံ၏ ငွေ ကြေးဖောင်းပွမှုနှုန်းမှာ ၇ ရာခိုင်နှုန်းအထိ ရှိနေပြီဖြစ်ပြီး ၁၀ ရာခိုင်နှုန်းထက်မကျော်ရန် အကြံပြုထားသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား