img.emoticon { padding: 0; margin: 0; border: 0; }

Monday, September 8, 2014

စီးပွားရေးသတင်း ပေါက်ကြားမှုကို အရေးယူသင့်

စီးပွားရေးသတင်း ပေါက်ကြားမှုကို အရေးယူသင့် ရန်ကုန်မြို့သစ် စီမံကိန်း သတင်းကို...
BBC Burmese's Facebook Wall / 3 hours ago

ရန်ကုန်မြို့သစ် စီမံကိန်း သတင်းကို နီးစပ်ရာ အသိုင်းအဝိုင်း ထံ စီးပွားရေး အကျိုးအမြတ် အတွက် ပေါက်ကြားစေခဲ့တာဟာ ရာဇဝတ်မှုမြောက်တယ် ဆိုပြီး ရန်ကုန်တိုင်း လွှတ်တော် ရဲ့ တသီးပုဂ္ဂလ အမတ် ဒေါက်တာ ညိုညိုသင်း က ဝေဖန် အပြစ်တင် လိုက်ပါတယ်။

ဒီစီမံကိန်းကို အစိုးရက ထုတ်ဖော် မကြေညာခင် ကတည်းက စီမံကိန်း လုပ်ဆောင်ဖို့ လျာထားတဲ့ ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်း ကျေးရွာတွေရဲ့ လယ်မြေတွေကို ဈေးအဆမတန် ပေးပြီး ဝယ်ယူမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒါ့အပြင် ဒီမြို့သစ် စီမံကိန်း အတွက် ကနဦး တင်ဒါ ရရှိခဲ့တဲ့ မြန်မာ့စေတနာ ကုမ္ပဏီမှာ အာဏာပိုင် တချို့ရဲ့ မိသားစုဝင်တွေ နဲ့ နိုင်ငံခြားသားတွေ နောက်ကွယ်က ပါဝင်နေမှု အပေါ် ဝေဖန် မေးခွန်းထုတ်မှုတွေ လည်း ထွက်ပေါ်နေပါတယ်။

မြန်မာနိုင်ငံမှာ အသက်ဝင်ပြီး ဖြစ်တဲ့ စီးပွားရေးယှဉ်ပြိုင်မှု ဆိုင်ရာ နဲ့ ငွေကြေး ခဝါချမှု ဆိုင်ရာ ဥပဒေတွေကို အသုံးပြုပြီး၊ စီးပွားရေး သတင်းတွေကို ပေါက်ကြားစေခဲ့သူတွေ ကို ထုတ်ဖော် အရေးယူသွားဖို့ လိုတယ် ဆိုပြီး ဒေါက်တာညိုညိုသင်း က ဆိုပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ရဲ့ အထူးအစည်းအဝေး တစ်ရပ်ကို စက်တင်ဘာ ၂၂ ရက်နေ့မှာ ကျင်းပဖို့ ရှိပြီး ဒီမြို့သစ် စီမံကိန်း နဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ် လို့ ယူဆကြောင်း ဒေါက်တာ ညိုညိုသင်း က ပြောပါတယ်။

အဲဒီ အထူးအစည်းအဝေးမှာ ရန်ကုန် အစိုးရ အနေနဲ့ လည်း ထုတ်ပြန် ရှင်းလင်းချက်တွေ ပြုလုပ်လာနိုင်တယ် လို့လည်း ဒေါက်တာ ညိုညိုသင်း က ဆိုပါတယ်။

ဒေါ်လာ ၁၅ ဘီလျံတန် ရန်ကုန်မြို့သစ် စီမံကိန်း တစ်ခုကို ရန်ကုန်တိုင်း အစိုးရ က မြန်မာ့စေတနာ မြို့သစ် ဆိုတဲ့ ကုမ္ပဏီ ကို လုပ်ကိုင်ခွင့်ပေးကြောင်း ရန်ကုန်လွှတ်တော် ကို သဝဏ်လွှာ ပို့ခဲ့တဲ့ နောက်ပိုင်း၊ လွှတ်တော်တွင်း နဲ့ ပြင်ပ မီဒီယာတွေ ပေါ်မှာ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့တာပါ။

နောက်ပိုင်းမှာတော့ ရန်ကုန်တိုင်း အစိုးရ အနေနဲ့ ဒီစီမံကိန်း အတွက် တခြား ကုမ္ပဏီတွေကိုပါ လုပ်ကိုင်ခွင့် ရရှိဖို့ အပြိုင် တင်ဒါခေါ်ယူမယ် လို့ ကြေညာခဲ့ပါတယ်။

http://www.bbc.co.uk/burmese/burma/2014/09/140906_yangon_myothit_project_myanmar_saytanar.shtml

စီးပွားရေးသတင်း ပေါက်ကြားမှုကို အရေးယူသင့်
www.bbc.co.uk
ရန်ကုန်မြို့သစ် စီမံကိန်း သတင်းကို နီးစပ်ရာ အသိုင်းအဝိုင်း ထံ စီးပွားရေး အကျိုးအမြတ် အတွက် ပေါက်ကြားစေခဲ့တာဟာ ရာဇဝတ်မှုမြောက်တယ် ဆိုပြီး ရန်ကုန်တိုင်း လွှတ်တော် ရဲ့ တသီးပုဂ္ဂလ အမတ် ဒေါက်တာ ညိုညိုသင်း က ဝေဖန် အပြစ်တင် လိုက်ပါတယ်။
Visit website

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား