တရုတ်အစိုးရပိုင် ရှင်ဟွာ သတင်းမှာ ဖော်ပြချက်အရ ပြင်းအား ၆.၁ ရှိတဲ့ ငလျင်ကြောင့် လူပေါင်း ၁၄၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ တယ်လို့ လည်း ဖော်ပြ ထားပါတယ်။
မြေငလျင်ကြောင့် အဆောက် အဦးတွေ ပြိုကျခဲ့ရပြီး ဆက်သွယ်ရေး စနစ်တွေ၊ လျှပ်စစ် လိုင်းတွေ ဖြတ်တောက်ခံ နေရပါတယ်။ အိမ်အလုံးပေါင်း ၁၂၀၀၀ လည်း ပြိုကျခဲ့ရပြီး တခြား အိမ်အလုံးပေါင်း ၃၀၀၀၀ ပျက်စီးခဲ့ရပါတယ်။
အခုလောလောဆယ် အပျက်အစီးတွေကြားမှာ အလောင်းတွေ၊ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေကြပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဒေသစံတော်ချိန် တနင်္ဂနွေနေ့ညနေ ၄ နာရီခွဲမှာ ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-04/1351910
ပြင်းထန်တဲ့ ငလျှင်လှုပ်ခတ်မှုကြောင့် အနည်းဆုံးလူ ၃၆၇ ယောက်သေဆုံးခဲ့ပြီး ၁၄၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ (Credit: Reuters) |
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား