img.emoticon { padding: 0; margin: 0; border: 0; }

Sunday, August 3, 2014

အီဘိုလာရောဂါပိုး ကူးစက်မှုကို မြန်မာနိုင်ငံ စောင့်ကြည့်နေ

အီဘိုလာဗိုင်းရပ်စ်ပိုးကို တွေ့ရစဉ်
အီဘိုလာရောဂါပိုးသည် ဆားစ် ရောဂါကဲ့သို့ အလွယ်တကူ ကူးစက်ပြန့်ပွားနိုင်သည့်ရောဂါ မဟုတ်၍ မြန်မာနိုင်ငံ အနေဖြင့် ရောဂါထိန်းချုပ်မှုပိုင်းအား စောင့်ကြည့်အနေအထားဖြင့် လုပ်ဆောင်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
‘‘ရောဂါဖြစ်တဲ့သူရဲ့ ခန္ဓာ ကိုယ်ကထွက်တဲ့ အရည်နဲ့ထိမှ ရောဂါဖြစ်နိုင်တဲ့အတွက် ဆားစ် လိုအလွယ်တကူ ကူးစက်နိုင်ခြေ နည်းတယ်။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထုတ် ပြန်ထားတဲ့အတိုင်း နိုင်ငံတကာအ ၀င်အထွက်ဂိတ်တွေမှာ ရောဂါစစ် ဆေးတဲ့စက်တွေထားပြီး စောင့် ကြည့်တာမျိုး လုပ်ဆောင်နေပါ တယ်’’ဟု
ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါနှိမ်နင်းရေးမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ပြောသည်။
သို့သော် WHO၏ ဒါရိုက်တာ ချုပ်မာဂရက်ချန်းက အီဘိုလာကူး စက်ပြန့်ပွားမှုသည် ကပ်ရောဂါ ဘေးတစ်ခု ဆိုက်ရောက်သည့်အခြေအနေသို့ ဦးတည်နေပြီး ကောင်းစွာထိန်းချုပ်နိုင်ခြင်းမရှိပါက အခြားသော နိုင်ငံများသို့ကူးစက်နိုင်ခြေအလားအလာများကြောင်း သြဂုတ်လ ၈ ရက်ကမှတ်ချက်ပြုခဲ့သည်။
ထို့အပြင် ယင်းရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီး ဌာနမှ အသိပေးကြေညာချက်များ ထုတ်ပြန်သွားမည်ဖြစ်ပြီး မြန်မာ နိုင်ငံတွင် အီဘိုလာရောဂါပိုးကူး စက်ခံရသူမတွေ့ရှိသေးကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံတကာအ၀င်၊ အထွက်ပေါက်များ၌ခရီးသည်များအားရောဂါစစ်ဆေး မှုများပြုလုပ်လျက်ရှိကြောင်းသ တင်းရရှိသည်။
‘‘ဇွန်လ ၁၉ရက်နေ့ကတည်းက အီဘိုလာရောဂါလိုမျိုး ကူးစက်မြန်ရောဂါတွေနဲ့ ပတ်သက်ပြီးအသိ ပေးကြေညာချက်တွေထုတ်ထား ပါတယ်။ အခုတော့ အီဘိုလာရော ဂါပြန့်ပွားနှုန်းမြန်လာတာမိုလို့ ဒီ တစ်ခေါက်အီဘိုလာနဲ့ပတ်သက် ပြီး အဓိကထား အသိပေးသွား မယ်’’ဟု ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေးဌာနမှ ညွှန်ကြား ရေးမှူးချုပ်ဒေါက်တာစိုးလွင်ငြိမ်း ကပြောသည်။
အီဘိုလာရောဂါပိုးသည် အ နောက် အာဖရိကတွင် စတင်ဖြစ် ပွားခဲ့ပြီး အာဖရိကတိုက် အနောက်အလယ်ပိုင်းရှိ လင်းနို့၊မျောက်၊ ဒရယ်၊ မျောက်ဝံစသောတိရစ္ဆာန်များမှတစ်ဆင့် ပြန်ပွားလာခဲ့ကာ ရောဂါပိုးရှိသည့် တိရစ္ဆာန်အသားများကို စားသုံးမိရာမှ လူတွင်ကူးစက်ခြင်းဖြစ်သည်။
ယခုအချိန်တွင် အာဖရိက သုံးနိုင်ငံ၌ ရောဂါဖြစ်ပွားနေပြီး စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၄မတ်လမှစ၍ လက်ရှိ လေးလတာကာလအတွင်း ရောဂါ ကူးစက်သူ ၁၃၀၀ ကျော်နှင့်သေ ဆုံးသူ ၇၂၉ ဦးရှိပြီဖြစ်ကြောင်းနိုင်ငံတကာ သတင်းဌာနများကကြေညာထားသည်။
လက်ရှိ နောက်ဆုံးသတင်း များအရ အာရှနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံများ တွင်ရောဂါလက္ခဏာတွေ့ရှိထား ပြီး အီဘိုလာဗိုင်းရပ်စ်ကိုကာကွယ် ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့် အမေရိကန်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာန(CDC )တို့၏ လမ်းညွှန်ချက်များကိုထုတ် ပြန်ခဲ့သည်။
အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံ ရပါက အဖျားတက်ခြင်း၊ ခေါင်း ကိုက်ခြင်း၊ အဆစ်အမြစ်၊ ကြွက် သားများကိုက်ခဲနာကျင်ခြင်း၊ အား နည်းခြင်း၊ ၀မ်းလျှောခြင်း၊ အော့ အန်ခြင်း၊ ဗိုက်နာခြင်၊ အစာစား ချင်စိတ်မရှိခြင်းနှင့်တစ်ခါတစ်ရံ တွင် သွေးထွက်ခြင်းစသည့်လက္ခ ဏာများပြတတ်သည်။
လက်ရှိတွင် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO)က ရောဂါဖြစ်ပွားလျက်ရှိသည့် အာဖရိကနိုင်ငံများတွင် ရောဂါတိုက်ဖျက်ရေးအတွက် ကန်ဒေါ်လာသန်းတစ်ရာ အကုန်အကျခံကာ စီမံကိန်းများချမှတ် လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။
http://www.7daydaily.com/story/17392#.U97-6zeiLVU

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား