img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, March 19, 2014

ငွေမည်းဖြင့်အိမ်ခြံမြေဝယ်ယူသူများအတွက် ပေးဆောင်ရမည့်အခွန်နှုန်းများ လျော့ကျ


***********************************************
အောင်သူ (ဒေးဒရဲ) ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၂)

ဝင်ငွေရလမ်း မဖော်ပြနိုင်သူ များ အိမ်ခြံမြေဝယ်ယူရာတွင် ပေးဆောင် ရသည့် အခွန်နှုန်းထားများ သတ်မှတ် ရာတွင် ယခင်ပေးဆောင်ရသည့် အ ခွန်ထက် လျော့နည်းသွားကြောင်းသိ ရသည်။

မတ် ၁ဝရက်က ကျင်းပသည့် ပြည် ထောင်စုလွှတ်တော်တွင် အတည်ပြု ပေးလိုက်သော အခွန်ဆိုင်ရာဥပဒေ ကြမ်းတွင် ဝင်ငွေရလမ်းမဖော်ပြနိုင်သူ က အိမ်ခြံမြေဝယ်ယူရာတွင် တန်ဖိုး အလိုက် ပေးဆောင်ရမည့်အခွန်များ အား ဖော်ပြထားသည်။

ယင်းကဲ့သို့ ဝင်ငွေရလမ်းမဖော် ပြနိုင်သူများ အိမ်ခြံမြေဝယ်ယူခြင်းအ တွက် ပေးဆောင်ရမည့်အခွန်များကို ပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် အိမ်ခြံမြေမှရရှိမည့်အခွန်များ ပိုမိုရရှိ လာနိုင်ကြောင်း အိမ်ခြံမြေကျွမ်းကျင် သူများက သုံးသပ်သည်။

ဝါရင့်အိမ်ခြံမြေလုပ်ငန်းရှင် ကို ဟိန်းက ''အရင်တုန်းက ငွေမည်းနဲ့ငွေ ဝယ် ဘယ်လောက်ဆောင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကတော့မရှိဘူး။ အခု မှ ဒါကလဲ တရားဝင်မဟုတ်သေးဘူး။ ကျွန်တော်တို့တွေလဲ တိတိကျကျမသိ သေးဘူး။ ဒီအတိုင်း အခွန်ဆောင်ရ မယ်ဆိုရင် အခွန်ဆောင်တဲ့သူ ပိုများ လာနိုင်တယ်'' ဟုပြောသည်။

အဆိုပါဥပဒေကြမ်းတွင် ဝင်ငွေ ရလမ်းမဖော်ပြနိုင်သူသည် ကျပ်သိန်း ၃ဝဝဝ အထိရှိသည့် မြေကွက်အားဝယ် ယူပါက တံဆိပ်ခေါင်းခုနစ်ရာခိုင်နှုန်း နှင့် ဝင်ငွေခွန် ၂၅ ရာခိုင်နှုန်းပေါင်း ၃၂ ရာခိုင်နှုန်းသာ ပေးဆောင်ရတော့ မည်ဟု အဆိုပါအခွန်ဥပဒေကြမ်းက ဆိုသည်။

အလားတူကျပ်သိန်းငါးရာမှ ကျပ် သိန်းထောင့်ငါးရာတန် မြေကွက်အား ဝယ်ယူမည်ဆိုပါက တံဆိပ်ခေါင်းခွန် ခုနစ်ရာခိုင်နှုန်းနှင့် ဝင်ငွေခွန် ၁ဝ ရာ ခိုင်နှုန်း ပေါင်း ၁၇ရာခိုင်နှုန်းအား ဝင် ငွေရလမ်းမဖော်ပြနိုင်သူက ပေးဆောင် ရမည်ဖြစ်ပြီး သိန်းငါးရာအောက် မြေ ကွက်အား ဝယ်ယူမည်ဆိုပါက တံဆိပ် ခေါင်းခွန် ခုနစ်ရာခိုင်နှုန်းနှင့် ဝင်ငွေခွန် သုံးရာခိုင်နှုန်း ပေါင်း ၁ဝ ရာခိုင်နှုန်း သာပေးဆောင်ရမည်ဟု ဖော်ပြထား သည်။

သို့သော် သိန်း ၃ဝဝဝ တန်အထက် မြေကွက်အား ဝယ်ယူပါက ယခင်ပေး ဆောင်ရမည့်အတိုင်း တံဆိပ်ခေါင်းခွန် ခုနစ်ရာခိုင်နှုန်းနှင့် ဝင်ငွေခွန် ၃ဝ ရာ ခိုင်နှုန်း ပေါင်း ၃၇ ရာခိုင်နှုန်း ပေး ဆောင်ရမည်ဟု သိရသည်။

ယခုကဲ့သို့ ပြောင်းလဲသတ်မှတ် လိုက်ခြင်းသည် ကျပ်သိန်းသုံးထောင် အောက်မြေကွက်များ အရောင်းအဝယ် ပိုဖြစ်နိုင်ကြောင်း အိမ်ခြံမြေအသိုင်း အဝိုင်းထံမှ သိရသည်။
လက်ရှိ ရန်ကုန်အိမ်ခြံမြေရောင်း ဝယ်မှုတွင် မြို့ပြင်မြို့နယ်များမှ ပါမစ် မြေကွက်များနှင့် အိမ်ရာစီမံကိန်းများ နှင့်နီးသည့် ကျပ်သိန်း ၃ဝဝဝအောက် မြေကွက်များသာ လက်ရှိအချိန်တွင် အရောင်းအဝယ်ဖြစ်နေသည်ဟု အိမ်ခြံ မြေအသိုင်းအဝိုင်းထံမှ သိရသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား