img.emoticon { padding: 0; margin: 0; border: 0; }

Friday, March 7, 2014

လယ်ဝေးမြို့နယ်မီးသတ်ဦးစီးဌာနသို့ မီးသတ်ယာဉ်လွှဲပြောင်းပေးအပ်


နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ်အတွက် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ပေးအပ်သော တရုတ်နိုင်ငံထုတ် ရေဂါလန် ၈၀၀ဆံ့ Dong Fen မီးသတ်ယာဉ်သစ် တစ်စီး လွှဲပြောင်းပေးအပ်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်တပ်ဖွဲ့စခန်း၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်ဆွေ၊ လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရှောင်နှင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြပြီး မီးသတ်ယာဉ်သစ်ကို လွှဲပြောင်းပေးအပ်ခဲ့သည်။

အခမ်းအနားတွင် နေပြည်တော် ကောင်စီဝင် ဦးမြင့်ဆွေက လယ်ဝေး မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာမျာြး ပားပြီး ဧရိယာကျယ်ဝန်းသဖြင့်မီးငြှိမ်းသတ်ရာတွင် အထောက် အကူပြုစေရန် မီးသတ်ယာဉ်သစ် တစ်စီးကို ထပ်မံပံ့ပိုးလွှဲပြောင်းပေး အပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ယနေ့ နိုင်ငံတော် အစိုးရအနေဖြင့် မြို့ပြကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည့်ပြည့်၀၀ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ နေပြည်တော်ကောင်စီ အနေဖြင့် ကျေးရွာအဆင့်ထိ ရောက်အောင် ဆောင်ရွက်ပေးနေကြောင်း။ ယခင်က မီးသတ်ယာဉ်လေးစီး အပါအဝင် ယခုတစ်စီးဖြင့်ငါးစီးရရှိထားပြီဖြစ်၍ စက်ပစ္စည်း၊ ယာဉ်ယန္တရားများနှင့် နေရာ ဒေသမရွေး အသုံးပြုနိုင်ရန်အတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင် ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား