img.emoticon { padding: 0; margin: 0; border: 0; }

Monday, March 24, 2014

လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း ရှင်းလင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ပြင်ဆင် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို မတ် ၂၂ ရက် နေ့လယ် ၁ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ပုလဲသီတာ ခန်းမ၌ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ လူမှုရေး အသင်း အဖွဲ့များ၊ လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ လျှပ်စစ် မီးသုံးစွဲသူ ဒေသခံ ပြည်သူများနှင့် သတင်းမီဒီယာများ တက်ရောက် ခဲ့ကြသည်။

ရှင်းလင်းဆွေးနွေးပွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ရုံးချုပ်) အထွေထွေ မန်နေဂျာ (စီမံ) ဦးတင်ေဝ က နိုင်ငံတော်မှ ၂၀၁၄ ခုနှစ် ၊ ဧပြီလတွင် စတင်ဆောင်ရွက်မည့် လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ အကျယ်တ၀င့် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် အလွှာအသီးသီး မှပြည်သူများ နှင့်သတင်းမီဒီယာများက မိမိတို့ သိရှိလိုသည် များကို ပြန်လည်ဆွေးနွေးမေးမြန်းရာ အထွေထွေ မန်နေဂျာ (စီမံ) နှင့်တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြား ခဲ့ကြောင်း သိရသည်။

၂၀၁၄ခုနှစ် ၊ ဧပြီလမှစတင်၍ အိမ်သုံးမီတာ ၊ အိမ်သုံးပါဝါမီတာနှင့် လမ်းမီးမီတာများကို ၁၀၀ ယူနစ် အထိ ၃၅ ကျပ်နှုန်း ၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၄၀ ကျပ်နှုန်း နှင့် ၂၀၁ ယူနစ်နှင့်အထက် ကို ၅၀ ကျပ် နှုန်း ဖြင့်လည်းကောင်း ၊ စက်မှုသုံးမီတာများကို ၅၀၀ ယူနစ်အထိ ၇၅ ကျပ်နှုန်း ၊ ၅၀၁ ယူနစ်မှ ၁၀၀၀၀ ယူနစ် အထိ ၁၀၀ ကျပ်နှုန်း ၊ ၁၀၀၀၁ ယူနစ်မှ ၅၀၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်နှုန်း ၊ ၅၀၀၀၁ ယူနစ်မှ ၂၀၀၀၀၀ ယူနစ် အထိ ၁၅၀ ကျပ်နှုန်း ၊ ၂၀၀၀၀၁ ယူနစ်မှ ၃၀၀၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်နှုန်း နှင့် ၃၀၀၀၀၁ယူနစ်နှင့်အထက် ကို ၁၀၀ ကျပ် နှုန်းဖြင့်လည်းကောင်း လျှပ်စစ်ဓာတ်အားခနှုန်းထားများကို အသီးသီးပြင်ဆင်သတ်မှတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား