img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, March 19, 2014

မီတာခ တိုးကောက်ဖို့ လွှတ်တော် ဆုံးဖြတ်

မတ်လ ၁၇ ရက်နေ့မှာ အစိုးရအဖွဲ့က တင်ပြတဲ့ တိုးမြှင့်ကောက်ခံမယ့် မီတာခနှုန်းထားသစ်နဲ့ ပတ်သက်ပြီး အမတ်တစ်ချို့နဲ့ အစိုးရ၀န်ကြီးဌာန တာဝန်ရှိသူတစ်ချို့ လွှတ်တော် ပြင်ပမှာ ဆွေးနွေးညှိနှိုင်းကြပြီးနောက် မတ်လ ၁၉ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။
အခု အတည်ပြုလိုက်တဲ့ မီတာခ နှုန်းထားတွေကတော့ အိမ်သုံး ယူနစ် ၁၀၀ အထိတစ်ယူနစ် ၃၅ ကျပ်၊ ယူနစ် ၂၀၀ အထိ ကျပ် ၄၀၊ ယူနစ် ၂၀၀ အထက် ကျပ် ၅၀နှုန်း၊ စက်မှုနဲ့ စီးပွားရေး လုပ်ငန်းသုံး ယူနစ် ၅၀၀ အထိ ၇၅ ကျပ်၊ ယူနစ်၁၀၀၀၀ အထိ ၁၀၀ ကျပ်၊ ယူနစ် ၅၀၀၀၀ အထိ ၁၂၅ ကျပ်၊ ယူနစ် နှစ်သိန်း အထိ ၁၅၀ကျပ်နဲ့ ယူနစ် နှစ်သိန်း ကနေ သုံးသိန်း အထိ ၁၂၅ ကျပ်၊ သုံးသိန်းနှင့်အထက် ၁၀၀ ကျပ် အဖြစ် ပြန်လည် လျော့ချ သတ်မှတ်ထားပါတယ်။
ခုလိုနှုန်းထားအသစ်နဲ့ တိုးမြှင့်ကောက်ခံတာတောင် အစိုးရဟာ တစ်ယူနစ်မှာ ၅၂ပြား၊ တစ်နှစ်မှာ ကျပ်ငွေ သန်း ၇၇၀ ရှုံးဦးမယ်လို့ လွှတ်တော်ထဲမှာ တွက်ချက်ပြထားကြောင်း သိရပါတယ်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား