img.emoticon { padding: 0; margin: 0; border: 0; }

Monday, November 4, 2013

အမြန်လမ်းမကြီးပေါ် ကိုယ်ပိုင်ယာဉ်တစ်စီးတိမ်းမှောက် နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

5/11/2013

မင်္ဂလာဆောင်အပြန် လူငါးဦး ပါ ကိုယ်ပိုင်ပရာဒိုကားတစ်စီး ယာဉ်မောင်းအိပ်ငိုက်၍ တိမ်းမှောက်သဖြင့် ယာဉ်မောင်းအပါအဝင် နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် အုတ်တွင်း မြို့နယ်တွင် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့မှ ရန်ကုန်သို့အပြန် ယာဉ်မောင်း ခင်မောင်ကျော် (၄၄ နှစ်) ကျောင်း တော်ရာ ပွင့်ဖြူမြို့နယ် မောင်းနှင် လာသော ကိုယ်ပိုင်ပရာဒိုကား အမှတ် ၃ဃ/--- သည် နိုဝင်ဘာ ၄ ရက် နံနက် ၅ နာရီက အမြန် လမ်းမကြီး အုတ်တွင်းမြို့နယ် မိုင် တိုင်အမှတ် (၁၂၁/၂နှင့် ၁၂၁/၃) အကြားအရောက် ယာဉ်မောင်း အိပ်ငိုက်ရာမှ လမ်းလယ်ရှိကွန် ကရစ်ကျွန်းတိုင်များကို တိုက်မိပြီး ယာဉ်တိမ်းမှောက်သွားသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ် မောင်း ခင်မောင်ကျော်၊ ဦးဇော်လွင်၊ ဒေါ်ထွေးယုံ၊ ဒေါ်သိန်းသိန်းနှင့် မဖူးပွင့်သက်တို့သည် ပြင်းထန်စွာ ဒဏ်ရာများရရှိကာ ဖြူးပြည်သူ့ ဆေးရုံကြီး အရောက်တွင် ယာဉ်မောင်း ခင်မောင်ကျော်နှင့် ဦးဇော်လွင်တို့နှစ်ဦးသည် ဒဏ်ရာ များဖြင့်သေဆုံးသွားကြပြီး ကျန် လူနာများကို ရန်ကုန်မြို့သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုသတင်းရလျှင်ရချင်း အမြန်လမ်းမကြီး ၁၁၅ မိုင်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း အရေးပေါ်ရှေးဦးပြုစုခြင်းစခန်းမှ လူနာတင်ယာဉ်တစ်စီးနှင့် တာဝန်ခံ ဒေါ်သန်းသန်းမြင့်နှင့် အဖွဲ့၊ ၁၂၂ မိုင်ရှိ အာရောဂျံခြံမှ ဦးကိုကိုကြီး နှင့် ကုသိုလ်ဖြစ် လူနာတင်ယာဉ် တစ်စီးနှင့် ဗောဓိကုန်းရဲစခန်းမှ လူနာတင်ယာဉ်တစ်စီးတို့ ရောက်ရှိ ကြပြီး လူနာများကို ဖြူးဆေးရုံကြီးသို့ တင်ပို့ခဲ့ကြသည်။ အမှုကို အမြန် လမ်းမကြီး ဗောဓိကုန်းရဲစခန်းက အရေးယူထားကြောင်း သိရ သည်။

Myanmaalinn


No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား