img.emoticon { padding: 0; margin: 0; border: 0; }

Monday, November 4, 2013

ဖလမ်းမြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် စုစုပေါင်းရန်ပုံငွေ ကျပ် ၃၅သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့

ယမန်နေ့ကကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖလမ်းမဲဆန္ဒနယ်မှ ဦးခွန်လိန်းက ချင်းပြည်နယ် အတွင်းရှိ ဖွံ့ဖြိုးရေးအတွက် ခွင့်ပြုချမှတ်ထားသည့် ရန်ပုံငွေများနှင့်ပတ်သက်၍မေးမြန်းရာတွင် နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိရာတွင် ဖလမ်းမြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် စုစုပေါင်းရန်ပုံငွေ ကျပ် ၃၅သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်ပြီး
ငွေကျပ်သန်းပေါင်း ၅ဘီလီယံကျော်၊ ကျပ်သန်းပေါင်း ၅၁၆၁.၀၇၅ ကျပ်သန်း လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာနှင့် လုပ်ငန်း ကျွမ်းကျင်မှုတို့အပေါ်တွင် မူတည်ပြီး ဆောင်ရွက်ရမည့် ကိစ္စရပ်များကို
ပြည်ထောင်စုအစိုးရအဖွဲ့၏ အစီအမံဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တင်ဒါခေါ်ယူပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သတင်းစာတွင်ကြော်ငြာပြီး အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရွေးချယ်ပြီး အောင်မြင်သော ကုမ္ပဏီများကို ပထမအရစ် ၂၀% ၊ ဒုတိယအရစ်၃၀ % ထုတ်ပေးပြီး လုပ်ငန်း၏၅၀%၊ တတိယအရစ်အနေဖြင့် ၃၀%ကို ထပ်မံခွင့်ပြုထုတ်ပေးပါကြောင်း၊
ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများကို တိုက်ရိုက်ငွေလွှဲရန်ထုတ်ပေးပြီး လုပ်ငန်းများကိုသက်ဆိုင်ရာ တိုင်း/ပြည်နယ် အစိုးရနှင့် ဦးစီးအဖွဲ့များမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိပါကြောင်း၊ လုပ်ငန်းတစ်ခုချင်းအလိုက်
အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် ဒေသဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ဌာနဆိုင်ရာများ လိုအပ်သလို ပါဝင်စေပြီး လုပ်ငန်းဆောင်ရွက်မှုကော်မတီ၊ ကြီးကြပ်မှုကော်မတီများဖွဲ့စည်း၍ တင်ဒါစနစ်ဖြင့် အဆင့်ဆင့် တာဝန်ပေးအပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချင်းပြည်နယ်အတွင်း
တွင်ရှိသော ကျောင်းများ၊ဆေးရုံများ၊ ပြင်ဆင်ခြင်း အသစ်ဆောက်လုပ်ခြင်း
များ ဆောင်ရွက်သည့်အခါ ဆိုင်ရာအဖွဲ့ အစည်းများမှ အသိပေး ဆောင်ရွက်
လျက်ရှိပါကြောင်း၊ နယ်စပ်တွင်ရှိသည့် ဒေသခံများ၏ လုပ်ငန်းများ
အပါအဝင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို လုပ်ငန်းအပ်နှံပါကြောင်း ၊ချင်းပြည်နယ်သည် တိုးတက်မှုနှေးကွေးသော နယ်မြေဖြစ်သည့်အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနများ၏ ဘတ်ဂျတ်ကို ခွဲဝေသည့်အခါ ဘတ်ဂျတ်၏ တစ်ဝက်ကို တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပြန်လည်ခွဲဝေပေး၍ အစိုးရထံသို့
တင်ပြ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ဆန္ဒကို အနီးစပ်ဆုံးနှင့် အောင်မြင်အောင် ပြည်နယ်များကို မိမိတို့ဘတ်ဂျတ် တစ်ဝက်ကို ခွဲဝေပြီးဆောင်ရွက်ပေးကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။


မေးမြန်းဖြေကြားချက်အပြည့်အစုံသို့=>http://www.pyithuhluttaw.gov.mm/answer/ဆ-ချင်းပြည်နယ်အတွင်းရှိကျောင်းများ၊-ဆေးရုံ-များအတွက်ခွင့်ပြုချမှတ်ထားသည့်ရန်ပုံငွေများနှင့်

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား