|thuta@myawady.com.mm (သုတ)
ရန်ကုန် နိုဝင်ဘာ ၄ မြန်မာနိုင်ငံ ဗဟိုဘဏ်
လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၅၁ သန်းခန့်
ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ သံရုံးမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားခဲ့သည်။
အဆိုပါ ထောက်ပံ့မှုသည် မြန်မာနိုင်ငံ ဗဟိုဘဏ်
လုပ်ငန်းများ၌ သတင်း အချက်အလက်နှင့် နည်းပညာစနစ် ဖွံ့ဖြိုးရေး စီမံကိန်းများ အတွက်
ကွန်ပျူတာ စနစ်သုံးရန် ပါဝင်ကြောင်း၊ ယင်းစီမံကိန်းများ အတွက် လက်ရှိတွင် ငွေစာရင်း
အကောင့်များနှင့် အစိုးရ ငွေချေး စာချုပ်များကို ကွန်ပျူတာ စနစ်ဖြင့် စာရင်းသွင်း
နိုင်အောင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
''ဘဏ်လုပ်ငန်းတွေမှာ စာရွက်စာတမ်း အသုံးပြုတာ
များတယ်။ ခေတ်စနစ်အရ နိုင်ငံတကာ အသုံးပြုတဲ့ ပုံစံတွေ လုပ်ဆောင်နိုင်မှ
သင့်လျော်မယ်။ စာရင်းဇယားတွေကို ထိန်းသိမ်းတဲ့ နေရာမှာ ကွန်ပျူတာ စနစ်နဲ့က
အကောင်းဆုံးပါပဲ'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
ထို့အပြင် သဘာဝ ဘေးအန္တရာယ်နှင့် ရာသီဥတု
စောင့်ကြည့်ရေး စနစ် ထူထောင်ရန် အမေရိကန် ဒေါ်လာ ၂ ဒသမ ၃ သန်းနှင့် ရုပ်မြင်သံကြား
ကဏ္ဍဖွံ့ဖြိုးရေး အတွက် အမေရိကန် ဒေါ်လာ ရှစ်သိန်းကျော် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊
ယင်းအတွက် မြန်မာ အစိုးရနှင့် ဂျပန်အစိုးရ သဘောတူညီမှု ရရှိထားပြီး အဆိုပါ ကဏ္ဍများ
လုပ်ဆောင်ရန် အမေရိကန် ဒေါ်လာ ၅၃ သန်းကျော်ေ ထာက်ပံ့မည် ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအတွင်း
ဖွံ့ဖြိုးရေး ကဏ္ဍများတွင် အထောက်အပံ့ အများဆုံး ပေးနေသည့် နိုင်ငံဖြစ်ပြီး အဓိက
အနေဖြင့် လျှပ်စစ်မီး ရရှိရေး၊ ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ သဘာဝဘေး အန္တရာယ်
ကာကွယ်ရေး ဆိုင်ရာများနှင့် ရာသီဥတု စောင့်ကြည့်ရေး ကဏ္ဍများတွင် ပါဝင်ပူးပေါင်း
လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
စိုးမိုး
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား