img.emoticon { padding: 0; margin: 0; border: 0; }

Thursday, August 29, 2013

မြန်မာနိုင်ငံ အတွင်းရှိ ဘဏ်များသည် ချေးငွေများ ထုတ်ချေးရာ၌ ချေးငွေ အတိုးနှုန်းကို လျှော့ချရန် လိုအပ်ကြောင်း

  မြန်မာနိုင်ငံ အတွင်းရှိ ဘဏ်များသည် ချေးငွေများ ထုတ်ချေးရာ၌
ပြည်ပဘဏ်များ၏ ချေးငွေ အတိုးနှုန်းများ ထက်မြင့်မား နေခြင်းကြောင့် ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ ချေးငွေထုတ်ယူမှု ရှိလာစေရန် ချေးငွေ အတိုးနှုန်းကို လျှော့ချရန် လိုအပ်ကြောင်း ဘဏ်လုပ်ငန်း စီးပွားရေးပညာရှင်များက သုံးသပ်ပြောကြား ခဲ့သည်။
စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အတွင်း ဘဏ်လုပ်ငန်း ဖွံ့ဖြိုးမှုသည် အဓိက ကဏ္ဍတစ်ရပ် အနေဖြင့် ပါဝင်ကြောင်း၊ နိုင်ငံတော်အတွင်း အကောင်အထည်ဖော် လုပ်ကိုင်နေသည့် စီမံကိန်းများအတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီများသည် နိုင်ငံတကာ ဘဏ်များမှ ချေးငွေ ထုတ်ယူလျက်ရှိကြောင်း၊ ပြည်တွင်း ဘဏ်များ၌ ချေးငွေထုတ်ယူမှု နည်းကြောင်း၊ ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ ဘဏ်ချေးငွေ အတိုးနှုန်းမြင့်မား နေခြင်းကြောင့်ဟု သိရသည်။

မြန်မာနိုင်ငံ အတွင်းရှိ လုပ်ငန်းအများစုသည် စင်ကာပူနိုင်ငံမှ အတိုးနှုန်း ၅ ဒသမ ၃၈ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံမှ ၇ ဒသမ ၁၃ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံမှ ခြောက် ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံမှ ၁ ဒသမ ၄၂ ရာခိုင်နှုန်းဖြင့် ချေးယူ ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံမှ ဘဏ်များ၏ ချေးငွေအတိုးနှုန်း ၁၃ ရာခိုင်နှုန်း၊ ဝန်ဆောင်ခ တစ်ရာခိုင်နှုန်းကို လျှော့ချရန် သင့်ကြောင်း သိရသည်။
ထို့အပြင် ပြည်ပကုမ္ပဏီများမှ ငွေချေးယူရာတွင် ပြည်တွင်းလုပ်ငန်းများ အခက်အခဲတချို့ ရှိနေပြီး ယင်းအ တွက် ပြည်တွင်းဘဏ်များ အနေဖြင့် နှစ်ရှည်ချေးငွေ ထုတ်ပေးရန်နှင့် လက်ရှိအတိုးနှုန်းကို လျှော့ချပေးစေ လိုကြောင်း လုပ်ငန်းရှင်များထံက စုံစမ်း သိရှိရသည်။
စိုးမိုး

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား