အစိုးရသစ် လက်ထက်တွင် ပြန်လည်
ဖွင့်လှစ်ခဲ့သော ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ် တို့တွင် ၂၀၁၃-၂၀၁၄
ပညာသင်နှစ်အတွက် အနိမ့်ဆုံး ဝင်ခွင့် ရမှတ်ကို ၄၈၀ အထိ တိုးမြှင့်သတ်
မှတ်ထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန၏ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်အရ
သိရသည်။
အဆိုပါ ဝင်ခွင့် ရမှတ်သည် ယခင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ဝင်ခွင့်
ရမှတ်ထက် ၃၀ မှတ် ပိုများပြီး ယင်းနှစ်က ဝင်ခွင့် သတ်မှတ်ချက်သည် ၄၅၀ မှတ်နှင့်
အထက် ဖြစ်ကြောင်း၊ သို့သော် ဝင်ခွင့်တင်သူ များပြားသောကြောင့် အနိမ့်ဆုံး ဝင်ခွင့်
ရမှတ်သည် ၄၉၈ မှတ်ထိ ရှိခဲ့ကြောင်း ရန်ကုန် နည်းပညာ တက္ကသိုလ်မှ နည်းပြဆရာ တစ်ဦးက
The Voice သို့ ပြောကြားသည်။
ယခုနှစ်အတွက် ရန်ကုန် နည်းပညာတက္ကသိုလ်တွင်
ဝင်ခွင့် ဦးရေ အများဆုံး ၃၀၀ ဦးထိ လက်ခံမည် ဖြစ်ပြီး မန္တလေး နည်းပညာတက္ကသိုလ်တွင်
အများဆုံး ၂၅၀ ဦးအထိသာ လက်ခံသွားမည်ဖြစ်ကြောင်း၊ ဝင်ခွင့် ရရှိသူများ သည်
ကျောင်းစဖွင့်ဖွင့်ချင်း နှစ်ပတ်အတွင်း ကျောင်းအပ်နှံရန် လိုအပ်ကြောင်း ၂၀၁၃ ခုနှစ်
တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ဖော်ပြ ထားသည်။
ယင်းအပြင် ရန်ကုန်
နည်းပညာတက္ကသိုလ်တွင် ရွေးချယ် သင်ယူနိုင်သည့် ဘာသာရပ်ပေါင်း ၁၂ ခုရှိပြီး မန္တလေး
နည်းပညာတက္ကသိုလ်တွင်မူ ဘာသာရပ် ၁၀ ခုသာ ရှိကြောင်း၊ တစ်နိုင်ငံလုံးရှိ စာစစ်ဌာန
အားလုံးမှ အောင်မြင်ထားသူတိုင်း သတ်မှတ်ချက်များ ပြည့်မီပါက ယင်းတက္ကသိုလ် နှစ်ခုကို
ရွေးချယ် လျှောက်ထားနိုင်ကြောင်း ထုတ်ပြန် ထားသည်။
မြန်မာနိုင်ငံတွင်
အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန လက်အောက်ရှိ ရန်ကုန်နှင့် မန္တလေး
နည်းပညာတက္ကသိုလ်တို့ကို ၁၉၉၆ ခုနှစ်တွင် ရပ်နားထားခဲ့ရာမှ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင်
နည်းပညာတက္ကသိုလ် များ၏ Centre of Excellence ဌာနများအဖြစ် ပြန်လည် ဖွင့်လှစ်ခဲ့သည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား