အမေရိကန် - မြန်မာ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို ပထမဦးဆုံး
အကြိမ်အဖြစ် နယူးယောက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း UMFCCI မှ သိရသည်။ ၂၀၁၂ ခုနှစ်
သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်တွင် စတင်ဖွဲ့စည်းထားခဲ့သော အမေရိကန်- မြန်မာ
စီးပွားရေးအသင်းက ဆွေးနွေးပွဲကို အောက်တိုဘာလတွင် စတင်လုပ်ဆောင်ရန် စီစဉ်ထားပြီး
မြန်မာလုပ်ငန်းရှင်များကို ဖိတ်ကြားထားကြောင်း UMFCCI ဒုဥက္ကဋ္ဌ ဦးမောင်မောင်လေးက
ပြောသည်။ “ကန်-မြန်မာ စီးပွားရေး ကူးလူးဆက်ဆံမှု ပိုကောင်းလာမှာပါ” ဟု ၎င်းက
ဆွေးနွေးပွဲနှင့် ပတ်သက်၍ ပြောသည်။ ထိုသို့ ပြုလုပ်ခြင်းသည်
နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ အစိုးရသစ်တက်ပြီး
နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများကြောင့် အမေရိကန် အပါအဝင် ဥရောပ
နိုင်ငံများက မြန်မာ့စီးပွားရေးကဏ္ဍတွင် ရင်းနှီးမြှပ်နှံရန် စိတ်ဝင်စားလာကြကြောင်း၊
UMFCCI သည် ပြင်သစ်အပါအဝင် ဥရောပနိုင်ငံအချို့နှင့် စီးပွားရေး ဆိုင်ရာ နားလည်မှု
စာချွန်လွှာများ ထိုးထားသော်လည်း အမေရိကန်- မြန်မာ စီးပွားရေး အသင်းနှင့်မူ လက်မှတ်
မထိုးရသေးကြောင်း၊ သို့သော်လည်း ကန်လုပ်ငန်းရှင်များကမူ မြန်မာ့စီးပွားရေးကဏ္ဍကို
ဝင်ရောက်ရန် စိတ်ဝင်တစား မေးမြန်းလာကြကြောင်း ၎င်းက ပြောသည်။ “အမေရိကန်
လုပ်ငန်းရှင်တွေ မြန်မာပြည်ကို စလာနေကြပြီ” ဟု ဦးမောင်မောင်လေးက ပြောသည်။
ထို့အပြင် နှစ်ပေါင်း ၂၀ ကျော် ရုပ်သိမ်းထားခဲ့သော အမေရိကန်၏ အထူးကုန်သွယ်မှု
အခွင့်အရေး (GSP) ကိုလည်း လာမည့်နှစ်တွင် ပြန်ရဖွယ်ရှိကြောင်း၊ အမေရိကန် ကုန်သည်
အသင်းချုပ်က GSP နှင့် ပတ်သက်၍ ထောက်ခံ ပေးထားသောကြောင့် လာမည့်နှစ်တွင်
ရနိုင်ဖွယ်ရှိခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ် Popular News
ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
Wednesday, July 31, 2013
အမေရိကန် - မြန်မာ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို ပထမဦးဆုံး အကြိမ်အဖြစ် နယူးယောက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား