ထိုနည်းတူစွာ သက်ဆိုင်ရာ လွှတ်တော်များ (legislative) ကလဲ ပညာရေးဆိုင်ရာ Institutions များခိုင်မာအောင်ချမှတ်ခြင်းနဲ့
Thursday, May 2, 2013
သင်ယူဆည်းပူးလေ့လာခွင့်မရကြသူများ၊ ဆုံးခန်းတိုင်အောင်သင်ယူခွင့်မရခဲ့သူ ပျောက်ဆုံးမျိုးဆက်များ (Lost Generation) အတွက်လည်း မူဝါဒများချမှတ်ဖို့လို
အပြောင်းအလဲကာလမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ပဋိပက္ခတွေ၊ စိန်ခေါ်မှုတွေရဲ့နောက်ခံအကြောင်း အရင်းတွေထဲမှာ အာဏာရှင်စနစ်ဆိုးရဲ့ဆိုးမွေကိုဆ က်ခံရခြင်း နဲ့ ပညာရေးစနစ်ဖျက်ဆီးခံခဲ့ရခြင်းတို့ဟာအဓိကအကြောင်းအရင်းခံတွေထဲကအ ချက်တွေဖြစ်ပါ
တယ်။ အသိအမြင်ကြွယ်ဝသော လူ့အဖွဲ့အစည်းရဲ့ စောင့်ကြည့်ဝေဖန်
စိန်ခေါ်ငြင်းဆိုမှုတွေကို ထိတ်လန့်လေ့ရှိတဲ့ အာဏာရှင်အစိုးရများဟာ
ပညာရေးစနစ်ကိုဖျက်စီးကြလေ့ရှိပါ တယ်။ အခုလက်ရှိ ဒီမိုကရက်တစ်အစိုးရလို့ကြွေးကျော်ထားတဲ့အစိုးရအနေနဲ့  ထိရောက်တဲ့ ပညာရေးဆိုင် ရာမူဝါဒနဲ့ civic education system ကိုအာရုံစိုက်အကောင်အထည်ဖော်သင့် ပြီဖြစ်ပါတယ်။ ပညာရေးစနစ် ဖရိုဖရဲဖြစ်မှုကြောင့် သင်ယူဆည်းပူးလေ့လာခွင့်မရကြသူများ၊ ဆုံးခန်းတိုင်အောင်သင်ယူခွင့်မရ ခဲ့သူ ပျောက်ဆုံးမျိုးဆက်များ (Lost Generation) အတွက်လည်း မူဝါဒများချမှတ်ဖို့လိုအပ်ပါတယ် ။
ထိုနည်းတူစွာ သက်ဆိုင်ရာ လွှတ်တော်များ (legislative) ကလဲ ပညာရေးဆိုင်ရာ Institutions များခိုင်မာအောင်ချမှတ်ခြင်းနဲ့ လုံလောက်တဲ့ Budget ကိုသတ်မှတ်ပေးနိုင်ရမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုေ တွစီးဝင်လာတဲ့အချိန်၊ competitive & free market ဖြစ်လာတဲ့ အချိန်ရောက်ရင် လူ့စွမ်းအားအရင်းအမြစ်ရှားပါးမှု ဆိုတဲ့ စိန်ခေါ်ချက်ကိုရင်ဆိုင်ရမှာဖြစ် ပါတယ်။ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ခြင်းဟာတိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုအတွက်အခရာကျသလို နိုင်ငံသားတို့ရဲ့အသိပညာရေချိန် မြင့်မားခြင်းဟာလည်း ဒီမိုကရက်တစ်စံနှုန်းတွေနဲ့ကိုက် ညီတဲ့ ဒီမိုကရက်တစ်လူ့ဘောင်ကိုရောက်အောင်ဆောင် ကြဉ်းပေးနိုင်တဲ့ လမ်းဖြစ်တယ်ဆိုတာ သက်ဆိုင်ရာ stakeholders များသတိချပ်သင့်ပါတယ်
ထိုနည်းတူစွာ သက်ဆိုင်ရာ လွှတ်တော်များ (legislative) ကလဲ ပညာရေးဆိုင်ရာ Institutions များခိုင်မာအောင်ချမှတ်ခြင်းနဲ့
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား