img.emoticon { padding: 0; margin: 0; border: 0; }

Thursday, May 2, 2013

ရေကန်တူးဖေါ်စဉ် မြေကြီးအတွင်းမှ မီးတောက် ၁ ပေခန့်ရှိ မီးတောက်ထွက်ပေါ်လာခဲ့

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကမာနတ်ကျေးရွာ ရွာလယ်ပိုင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး နောက်ဘက်တွင်ရှိသည့် အကျယ်(၁၂၀)ပေ၊ အနက်(၁၅)ပေခန့်ရှိ အများသုံးရေကန်မှာ ရေခန်းခြောက် သွားသဖြင့် ၃၀-၄-၂၀၁၃ ရက်နေ့မှစ၍ အလုပ်သမား(၉)ဦးဖြင့် ထပ်မံတူးဖော်ခြင်းများဆောင်ရွက်ခဲ့ရာ ၁-၅-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် ကန်တူးဖော်စဉ် အနက်(၂)ပေခန့်အရောက်၌ မြေကြီးအတွင်းမှ (၁)ပေခန့်ရှိမီးတောက်(၁)ခု ရုတ်တရက်ထွက်ပေါ်လာခဲ့ကြောင်းသတင်းအရ ပဲခူးအမှတ်(၁)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ မီးတောက်မှာ ခေတ္တခဏသာ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဆက်လက်ထွက်ပေါ်လာခြင်းမရှိကြောင်းနှင့် ရေကန်တူးဖော်သည့်လုပ်ငန်းအား ရပ်တန့်ထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား