img.emoticon { padding: 0; margin: 0; border: 0; }

Monday, May 13, 2013

နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်မှာ သတင်းများ မိမိတို့Email (သို့မဟုတ်) Facebook သို့ အလိုအလျောက် ပေးပို့ခြင်းကို လက်ခံရယူလိုသူများ Subscribe လုပ်၍ ရယူနိုင်ကြပါပြီ

နေပြည်တော် မေ ၁၃
နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်တွင် လွှင့်တင်သည့် သတင်းသစ်များကို Facebook အသုံးပြုသူများအနေဖြင့် တစ်ကြိမ် Subscribe ပြုလုပ်ထားပြီး အစဉ်အမြဲ Update ရယူလိုပါက ရယူနိုင်ရန် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။ ထိုသို့ သတင်းများ Update ရယူနိုင်ရန်အတွက် Facebook Account တစ်ခု ရှိရန် လိုအပ်မည် ဖြစ်ပါသည်။ (Subscribe လုပ်ရာတွင်လည်း Facebook Mail ထည့်သွင်းရန် ဖြစ်ပါသည်။) ယင်းနောက် နိုုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာရှိ "သတင်းအသစ်များ ရယူရန်" ဟူသော စာတမ်းအောက်ရှိ "To Subscribe" အမည်ရှိ Button ကို နှိပ်ပါ။ ယင်းနောက် Email လိပ်စာထည့်ရန် ဖြစ်ပါသည်။ ထိုသို့ Email လိပ်စာ ထည့်ရာတွင် Gmail ထည့်ပါက မိမိတို့ Gmail သို့ အလိုအလျောက် ပေးပို့ပေးမည် ဖြစ်ပါသည်။ Facebook တွင် ရယူလိုပါက Email လိပ်စာ ထည့်ရမည့် ကွက်လပ်အောက်တွင် Need Help? ဟူသော စာတမ်းကို Click လုပ်၍ လမ်းညွှန်ချက်များ ဖတ်ရှုနိုင်ပါသည်။ ယင်းလမ်းညွှန်ချက်တွင် Facebook တွင် သတင်းများ အလိုအလျောက် ဖတ်ရှုနိုင်စေမည့် အကြောင်းအရာများ ဖော်ပြထားပါသည်။ သို့ပါ၍ နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်မှ လွှင့်တင်သော သတင်းများကို မိမိတို့ Mail နှင့် Facebook Mail များတွင် ဖတ်ရှုနိုင်စေရန်အတွက် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား