၂၀၁၃ ခုနှစ်၊ မေလ(၁၄)ရက်နေ့ မြန်မာစံတော်ချိန် ၅ နာရီ ၃၀ မိနစ်တွင် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ (ကိုကိုးကျွန်း) ၏ အနောက်တောင်ဘက် မိုင်(၄၇၀)ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်(၅၈၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၅၉၅)ခန့်၊ အိန္ဒိယနိုင်ငံ ဗီဇာကာပတ်တနန်မြို့၏ အရှေ့တောင်ဘက် မိုင်(၂၉၀)ခန့်အကွာ ပင်လယ်ပြင်ကှို ဗဟိုပြုနေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ မုန်တိုင်းဗဟိုချက် အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာမိုင်(၆၀)အထိ ရှိနိုင်ကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်း ကျစဉ်ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင် အဆင့်သာ ရှိသော်လည်း နောက်ဆုံးတိုင်းထွာရရှိသော ခန်မှန်းချက်အရ မေလ (၁၆)ရက်နေ့ ညပိုင်းခန့်တွင် မြန်မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်
မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊သင်္ဘောများ အနေဖြင့် မုန်တိုင်း အန္တရာယ် ရှောင်ရှားရန် လိုအပ်ကြောင်း သက်ဆိုင်ရာက အကြံပြုထားသည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား