img.emoticon { padding: 0; margin: 0; border: 0; }

Monday, May 27, 2013

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်အဆင့်ဆင့်ကို လစာတိုး(DVB TV News)

                      လက်ရှိ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်ကစပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်အဆင့်ဆင့်ကို တစ်လ လစာ ကျပ် ၄သောင်းစီ တိုးမြှင့်ပေးလိုက်ပြီး၊ ရပ်ကျေးတာဝန်ခံတွေကိုလည်း တစ်လ ကျပ် ၅၀၀၀၀ စီ စတင်ပေးခဲ့ကြောင်း ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီရုံး တာဝန်ရှိသူ တစ်ယောက်က အတည်ပြုပြောဆိုပါတယ်။
လစာ ကျပ် ၄ သောင်းစီ တိုးမြှင့်ပေးလိုက်တဲ့အတွက် မြို့နယ် ကော်မတီဝင် တစ်ယောက်ဟာ အရင်က တစ်လ ကျပ် ၆ သောင်းရရာကနေ အခု ကျပ် ၁သိန်း စတင်ရရှိပြီဖြစ်ပါတယ်။ တိုးမြှင့်လာတဲ့ လစာ နှုန်းထားတွေအရခရိုင်ကော်မတီဝင် တစ်လ ကျပ် ၁ သိန်း ၁ သောင်း၊ တိုင်းကော်မတီဝင် ကျပ် ၁သိန်း ၂ သောင်း၊ အရံဗဟိုကော်မတီဝင် ကျပ် ၁ သိန်းခွဲ၊ ဗဟိုကော်မတီဝင် ကျပ် ၂ သိန်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကျပ် ၃ သိန်း
တိုးမြင့်ရရှိလာကြောင်း သိရပါတယ်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား