img.emoticon { padding: 0; margin: 0; border: 0; }

Monday, May 27, 2013

မေ ၂၅ ရက်နေ့ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပဏာမစစ်ဆေးချက်များ

မေ ၂၅ ရက်နေ့ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပဏာမစစ်ဆေးချက်များအရ အဝေးပြေးကားထွက်ရမယ့်အချိန်က ည ရှစ်နာရီခွဲပါ။ ဒါပေမယ့် နောက်ကျထွက်ပြီး အမှတ် ၃ လမ်းမကြီးဂိတ်ကို မနက် နှစ်နာရီခွဲမှ ရောက်ပါတယ်။ ၁၁၅ မိုင်ကို ငါးနာရီခန့်မှာရောက်ပါတယ်။ ခဏနားပြီး ဆက်ထွက်ရာကနေ ၁၂၅ မိုင် သုံးဖာလုံမှာ ယဉ်တိမ်းမှောက်မှုဖြစ်ပါတယ်။ ဖြစ်တဲ့နေရာက လမ်းဖြောင့်ပါ။ သွားကြည့်ရင်တွေ့နိုင်ပါ တယ်။ မြေပြင် စစ်ဆေးချက်များအရ ပထမဆုံး လမ်းလယ်ကျွန်းမှာ ချထားတဲ့ ကွန်ကရစ်အတားအဆီးတုံးများကို ၀င်တိုက်ပါတယ်။ တိုက်ပြီးတော့ ဘီးကွဲသွားသလို ယာဉ်မောင်းက ဘရိတ်အုပ်ပြီး ကားကို ညာဘက်ပြန်ဆွဲသွားတဲ့ ဘီးရာကြီးထင်ကျန်ခဲ့ပါတယ်။ စတိုက်တဲ့နေရာနဲ့ တံတား အ၀င်က လှမ်းပါသေးတယ်။

ဒါပေမယ့် အရှိန်များတော့ ကားကမရပ်ဘဲ တံတားဘောင်ကိုတိုက်ပြီး ချောင်းထဲ ကို တစ်ဝက်ကျသွားတာဖြစ်ပါတယ်။ ယဉ်မောင်းအိပ်ငိုက်ပြီး ဘယ်ဘက်ကို ဆွဲရာကနေ အဆင့်ဆင့်တိုက် သွားတယ်လို့ စစ်ဆေးသူများက ယူဆပါတယ်။။စပြီး ဘရိတ်အုပ်တဲ့နေရာနဲ့ တံတားနေရာကြားအကွာအဝေးနဲ့ ဘီးရာများ အရ အရှိန်အတော်မြန်မြန်မောင်းလာတယ်လို့ လည်း သုံးသပ်ထားပါတယ်။

အသေးစိတ်ဖြစ်စဉ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ အမြန်လမ်းမကြိး ရဲ အဖွဲ့ က ထုတ်ပြန်ပေးဖို့ ရှိပါတယ်။

လမ်းအမှတ်အသားများ၊ အချက်ပြသင်္ကေတများ၊ ဘေးကင်းအကာအကွယ်များလိုအပ်မှု၊ လမ်းသားပျက်စီးမှုများနဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးလိုအပ်ချက်များကိုလည်း ဆက်လက်ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သိရှိရပါတယ်။
Ye Htut(facebook)
 

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား