ကချင်နေ့စဉ်သတင်းတွင်
ဖော်ပြချက်အရ ကေအိုင်အေမှ ခေါင်းဆောင်ပိုင်းများသည် တရုတ် (ဟောင်ကောင်)မှ
ဒုစရိုက်သမားနှင့်ပေါင်း၍ မြန်မာငွေစက္ကူအတုများ ပြုလုပ်နေမှုကို
တရုတ်ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။ မေလ ၅
ရက်တွင် တရုတ်နိုင်ငံ ထိန်ချုံး-ရင်ကျန်းလမ်းမှ
ရှိသည့် စစ်ဆေးရေးဂိတ်တွင် မြန်မာငွေစက္ကူ ၅၀၀၀ ကျပ်တန်အတု သိန်း ၂၀၀
ကျော်အား လိုင်ဇာသို့ သယ်ဆောင်စဉ် ကေအိုင်အေ တပ်ဖွဲ့ဝင် ၃ ဦးနှင့်
တရုတ်နိုင်ငံသားတစ်ဦးကို တရုတ်နိုင်ငံ ရဲများက ဖမ်းဆီးရ မိခဲ့ပြီး
စစ်ဆေးမှုအရ ကေအိုင်အေ (လိုင်ဇာ) အုပ်ချုပ်ရေးမှူး၏ ရုံးခန်းအတွင်းနှင့်
အိပ်ခန်း အတွင်းမှ ငွေအတု သိန်း ၂၄၀၀ ကျော်ကို ထပ်မံသိမ်းဆည်း
ရမိခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ငွေစက္ကူအတု ပြုလုပ်မှုတွင် ကေအိုင်အိုခေါင်းဆောင် ပါဝင်ကာ ဟောင်ကောင် ဒုစရိုက် ဂိုဏ်းနှင့်ပေါင်း၍ လုပ်ဆောင်မှုအပေါ် မြစ်ကြီးနား၌ ဧပြီလ ၁၂ ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းမိရာမှ နှစ်နိုင်ငံ ရာဇဝတ်မှုခင်း ပူးပေါင်းနှိမ်နှင်းရေးအရ တရုတ်နိုင်ငံ၊ ရင်ကျန်းမြို့၌ ၅၀၀၀ ကျပ်တန် ငွေစက္ကူအတုပြုလုပ်သည့် စက်ယန္တယားများ နှင့်အတူ တရုတ်နိုင်ငံသား ၁၀ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း စစ်ဆေးချက်အရ ကေအိုင်အေ ခေါင်းဆောင်ပိုင်း ပါဝင်ပတ်သက်နေကြောင်း ဖော်ထုတ်သိရှိရပါသည်။ ကေအိုင်အေ အနေဖြင့် မူလက ဝမ်ပေါင် နိုင်ငံထူထောင်ရေး၊ ကချင်တစ်မျိုးသားလုံးရဲ့ တာဝန်ရှိ အဖွဲ့အစည်းအဖြစ် ကြွေးကြော်၍ လက်နက်စွဲကိုင် တော်လှန်ရေးလုပ်မည်ဟု ဆိုသော်လည်း လက်တွေ့ လုပ်ရပ်များမှာ ဘိန်းစိုက်၊ ဆေးပြားရိုက်၊ လက်နက်/ခဲယမ်း မှောင်ခို ရောင်းဝယ်၊ လူသစ်စု၊ ဆက်ကြေးကောက် အဖျက်အမှောင့် လုပ်ငန်းများကို ဆောင်ရွက်ရာမှ ယခု လောဘဇော တက်လျက် ကချင်ပြည်နယ်အတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ၎င်းမှတစ်ဆင့် မြန်မာ တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား အားလုံးတို့၏ လူမှု စီးပွားဘဝ ကမောက်ကမ ပျက်စီးစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ငွေစက္ကူအတုများအား ဘယ်သူသေသေ ငတေမာရင်ပြီးရော ပုံစံ လုပ်ဆောင်ဟန်ရှိကြောင်း လိုင်ဇာဒေသရှိ ဒုက္ခ သည် စခန်းမှ အိမ်ပြန်ချင်သော်လည်း၊ ပြန်ခွင့် မရသူ အများစုမှ ဝေဖန်လျက် ရှိကြောင်း သိရှိရပါသည်။

No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား