Friday, May 10, 2013
မုန်တိုင်း ကြိုတင် ကာကွယ်ရေး အချက်များ
မုန်တိုင်း အန္တရာယ်မှ ကြိုတင်ကာကွယ်ရေး အချက်များအား လိုက်နာကြရန် နှိုးဆော် အပ်ပါသည်။ ပြည်သူများ အားလုံး အနေဖြင့်လည်း အဆိုပါ ဒေသများမှ ဒေသခံပြည်သူ များထံ မုန်တိုင် သတင်းများနှင့် ကြိုတင်ကာကွယ်ရေး အချက်များ ၀ိုင်းဝန်း အကြောင်းကြား ပေးကြပါရန် မေတ္တာ ရပ်ခံ အပ်ပါသည်။
အခုချိန်မှ စတင်ရေတွက်လျှင် မုန်တိုင်း အန္တရာယ်ကို ကာကွယ်ရန်အတွက် နာရီ သုံးဆယ်လောက် အချိန်ရသည်။ ထိုကြောင့် ပြည်သူ့များ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်နိုင်ရန် အတွက် လူတိုင်းတွင် တာဝန်ရှိသည်။
အထူးသဖြင့် မုန်တိုင်းကျရောက်မည့် နေရာများမှ လူများတွင် ပိုမိုတာဝန် ရှိပါသဖြင့် အောက်ပါ အချက်များကို လိုက်နာကြပါရန် နှိုးဆော် အပ်ပါသည်။
* (၁)။ ထိုနေ့မှစ၍ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ အားလုံး ရပ်နားထားကြရန်။
* (၂)။ ထိုနေ့မှစ၍ ကုန်တင် သင်္ဘောများ၊ ခရီးတင် သင်္ဘောများနှင့် စက်တတ်ရေယာဉ်နှင့် ရေယာဉ်ငယ် အားလုံး ရပ်နားထားကြရန်။
* (၃)။ မိမိတို့ရေယာဉ်များ အားလုံးကို မုန်တိုင်းလွတ်ရာ နေရာများသို့ ပြောင်းရွေ့ ထားကြရန်။
*(၄)။သက်ကြီးရွယ်အို များနှင့်ကလေးသူငယ်များကို မုန်တိုင်း ဒီရေ လွတ်သော နေရာနှင့် လုံခြုံမှုရှိသော နေရာများသို့ အခုကတည်းက ရွေ့ပြောင်း ထားရှိကြရန်။
*(၅)။ သက်ဆိုင်ရာ မြို့နယ်ဆေးရုံ၊ ဆေးပေးခန်း အားလုံး အဆင်သင့် အနေအထားတွင် ထားရှိကြရန်။
*(၆)။မုန်တိုင်း တိုက်ခတ်နေစဉ် အတွင်း ပြိုလဲရန် လွယ်ကူသော အိမ်များ၊ သစ်ပင်ကြီးများ အောက်တွင် မနေကြရန်။
*(၇)။ မုန်တိုင်းတိုက်ခတ် နေစဉ်အတွင်း အကြောက်မလွန် ကြရန်နှင့် အန္တရာယ် ရှိသူများကို ကြိုးစားပြီး ကယ်တင် ပေးကြရန်။
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား