ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မုန်းမြို့မှာ အရပ်သား
အချင်းချင်းစကားများရာကနေ မေ ၂၉ ရက်နေ့ ညနေပိုင်းမှာ ဗလီတလုံးနဲ့
နေအိမ်တလုံး ဖျက်ဆီးခံရပါတယ်။
နယ်မြေခံတဦးရဲ့ ပြောဆိုချက်အရ မနက် ၁၀
နာရီကတည်းက မြန်မာ ၂ ဦးနဲ့ အစ္စလာမ်သာသာဝင် ၂ ဦး အချင်းများရန်ဖြစ်ပြီး ရဲက
အစ္စလာမ်ဘာသာဝင် ၃ ဦးကို ထိန်းသိမ်းခဲ့ပါတယ်။
ဒီဖြစ်ရပ်ရဲ့
နောက်ဆက်တွဲအဖြစ် မြို့ခံဘုန်းကြီး ၁၅ ပါးခန့်ဟာ ဆောက်လုပ်ဆဲ ဗလီတလုံးနဲ့
နေအိမ်တလုံးကို ဖြိုချဖျက်ဆီးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ကျောက်ကြီးနဲ့
၂၂ မိုင်အကွာ တောင်ငူနဲ့ မိုင် ၄၀ ခန့်အကွာမှာရှိတဲ့ မုန်းမြို့က
ဒီဖျက်ဆီးမှုကို ခရိုင်အဆင့်အာဏာပိုင်တွေ လာရောက်ဖြေရှင်းလို့
အေးချမ်းသွားတယ်လို့လည်း ပြောပါတယ်။
“ကျနော်တို့ ဒီဘက်က အားလုံးလည်း
ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားပါပြီ။ ဌာနဆိုင်ရာတွေလည်း လာတယ်။
ခရိုင်ရဲမှူးတွေဘာတွေ အားလုံးလည်း ရောက်ချလာပါတယ်” လို့ ပြောပါတယ်။
ရှမ်းပြည်နယ် လားရှိုးမြို့မှာလည်း ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မီးရှို့ဖျက်ဆီးမှုတွေကြောင့်
လူနေအိမ် ၅ လုံး၊ ဘာသာရေးအဆောက်အအုံ ၃ လုံး၊ ရုပ်ရှင်ရုံ ၁ လုံး၊ ဂိုဒေါင်
၎ လုံး၊ ဆိုင်ခန်း ၃၂ ခန်း၊ ကား ၂ စီး၊ ဆိုင်ကယ် ၁၁ စီး ပျက်စီးခဲ့ပြီး လူ
၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
မနှစ်
မေ ၂၉ ရက်မှာ ရခိုင်ပြည်နယ်မှာ အစပြုခဲ့တဲ့ အကြမ်းဖက်ဖျက်ဆီးမှုတွေဟာ
မန္တလေးတိုင်း မိတ္ထီလာ၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်း
ဥက္ကံမြို့နယ်တွေမှာလည်း ကူးစက်ဖြစ်ပွားခဲ့ပါတယ်။
by နော်နိုရင်း (ဒီဗွီဘီ)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား