Monday, May 13, 2013
၁၅၀၀ တန် ဖုန်းဆင်းမ်ကတ်များ ဒုတိယအကြိမ် ရောင်းချပေးမည်
မေလ ၁၄ ရက်
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ယခုလာမယ့် မေလ ၂၀ ရက်နေ့မှာ ငွေကျပ် ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ် ၃၅၀၀၀၀ ကို ဒုတိယအကြိမ် ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
အများပြည်သူများ အနေနဲ့ ဖုန်းဆင်းမ်ကတ်တွေကို လစဉ် ပုံမှန်ရောင်းချပေးသွားမှာ ဖြစ်တာကြောင့် ပြင်ပမှ ဈေးကြီးပေးပြီး မဝယ်ကြရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နှိုးဆော်ထားပြီး ယခုကဲ့သို့ ဖုန်းဆင်းမ်ကတ်များကို ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ ပထမအကြိမ်အဖြစ် ဖုန်းဆင်းမ်ကတ် ၃၅၀၀၀၀ စတင် ရောင်းချပေးရာတွင် ပြင်ပဈေးကွက်မှာ အဆိုပါ ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ်များကို ငွေကျပ်သုံးသောင်းမှ ခြောက်သောင်းအထိ ရောင်းချနေကြောင်း ကြားသိရပါတယ်။ ယခု မေ ၂၀ ရက်နေ့တွင် ရောင်းချပေးမယ့် ဖုန်းအမျိုးအစားများဟာ CDMA 800MHz အမျိုးအစားဖြစ်ပြီး အဲဒီစနစ် မတတ်ဆင်ရသေးတဲ့ ချင်းပြည်နယ် အတွက်ကိုသာလျင် WCDMA(3G) ဖုန်းဆင်းမ်ကတ်များကို ရောင်းချပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မကြာခင်မှာ ရောင်းချပေးမယ့် ဖုန်းဆင်းမ်ကတ်များနဲ့ ပတ်သက်ပြီး လိုက်နာလုပ်ဆောင်ရမယ့် စည်းကမ်းဥပဒေများနဲ့ ဈေးနှုန်းများဟာ ယခင်ဧပြီလ ၂၄ ရက်နေ့က ရောင်းချပေးခဲ့တဲ့ ဖုန်းဆင်းမ်ကတ်တွေမှာ ပြဌာန်းထားတဲ့ စည်းကမ်းဥပဒေများအတိုင်း ဖြစ်တယ်လို့ သိရပါတယ်။
ရတနာပုံသတင်း
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား