ယနေ့ မြန်မာ စံတော်ချိန်(၁၂း၃၀)နာရီ အချိန်တိုင်းထွာချက်များအရ ဘင်္ဂလား
ပင်လယ်အော် အနောက်အလယ်ပိုင်း တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်း
မုန်တိုင်းမဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ(ကိုကိုးကျွန်း)၏ အနောက်ဘက်
မိုင်(၆၄၀)ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင်(၅၅၀)ခန့်
၊ကျောက်ဖြူမြို့၏ အနောက်တောင် ဘက်မိုင်(၅၆၀) ခန့်၊
အိန္ဒိယနိုင်ငံ(ဗီဇာကာပတ္တနမ်မြို့)၏ အရှေ့တောင်ဘက်မိုင်(၂၅၀)ခန့်
အကွာပင်လယ်ပြင်ကှို ဗဟိုပြုနေပါသည်။အဆိုပါ ဆိုင်ကလုန်း
မုန်တိုင်းသည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊
မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ
မိုင်(၆၀)အထိရှိနိုင်ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့်
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ
မိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ်
ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ(၄၅)မိုင် အထိတိုက်ခတ်
နိုင်ပါသည်။ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ
အ၀ါရောင်အဆင့်သာ ရှိသော်လည်းနောက်ဆုံး တိုင်းထွာရရှိသော ခန်မှန်းချက်အရ
မေလ(၁၆)ရက်နေ့ ညပိုင်းခန့်တွင် မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုး
တန်းမြောက်ပိုင်း)ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများ
ဆီသို့ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်း ခန့်မှန်းရပါသည်။မြန်မာ့ကမ်းရီုးတန်း
တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး
ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်း အန္တရာယ်ရှောင်ရှားရန်
လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။
မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန

No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား