img.emoticon { padding: 0; margin: 0; border: 0; }

Thursday, May 2, 2013

တရုတ်လေထုညစ်ညမ်းမှုက လူ့အသက် တစ်သန်းကျော်ကို သွယ်ဝိုက် ဆုံးရှုံးစေနိုင်

(၂၀၁၀)ပြည့်နှစ်က တရုတ်နိုင်ငံတွင် လူပေါင်း (၁.၂)သန်းမျှသည် လေထုညစ်ညမ်းမှုများနှင့် ဆက်စပ်သေဆုံးခဲ့ကြောင်း သုတေသီများက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင် ဖြစ်ပေါ်နေသော လေထုညစ်ညမ်းမှုများက တစ်နှစ်မျှအတွင်း လူ့အသက် (၁)သန်းကျော်ကို သွယ်ဝိုက် ဆုံးရှုံးနေစေကြောင်း စစ်တမ်းများက ဖော်ထုတ် တွေ့ရှိလာခဲ့သည်။ (၂၀၁၀)ပြည့်နှစ်က တရုတ်နိုင်ငံတွင် လူပေါင်း (၁.၂)သန်းမျှသည် လေထုညစ်ညမ်းမှုများနှင့် ဆက်စပ်သေဆုံးခဲ့ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ Airpocalypseဟု အမည်ပေးထားသည့် အဆိုပါ လေ့လာ တွေ့ရှိမှု သုတေသန စစ်တမ်းပါ အချက်အလက်များကို (၂၀၁၂)ခုနှစ်၊ ဒီဇင်ဘာလကလည်း The Lancet အမည်ရှိ ဆေးပညာ မဂ္ဂဇင်း တစ်စောင်တွင် ရေးသား ဖော်ပြခဲ့ဖူးသည်။

စစ်တမ်းအရ ကမ္ဘာပေါ်တွင် လေထု မသန့်ရှင်းမှုနှင့် ဆက်စပ်သည့် နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် (၂၀၁၀)ပြည့်နှစ် တစ်ခုတည်းတွင်ပင် ကမ္ဘာပေါ်၌ လူ(၃.၂)သန်း သေဆုံးပြီး (၁.၂)သန်းသည် တရုတ်နိုင်ငံမှဟု သိရှိရသည်။ တိကျသော အချက်အလက် တိုင်းတာမှုများကို အခြေခံထားသည့် တွေ့ရှိမှုများဖြင့် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်၏ လက်ရှိ ဖြစ်ပေါ်နေသော လေထုညစ်ညမ်းမှုနှင့် စပ်လျဉ်းပြီး တနင်္ဂနွေနေ့က ဘေဂျင်းတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသေးသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)နှင့် အခြားသော အဖွဲ့အစည်းများက (၂၀၁၀)ပြည့်နှစ် တစ်ခုတည်းတွင်ပင် လေထုညစ်ညမ်းမှုကြောင့် တရုတ်နိုင်ငံတွင် လူပေါင်း သန်း(၂၅၀)မျှကို မကျန်းမမာမှုများ ကြုံတွေ့စေခဲ့သည်ဟု ယူဆရကြောင်း ကောက်ချက်ချထားသည်။

"တရုတ်နိုင်ငံမှာ လေထုညစ်ညမ်းမှုကြောင့် သေဆုံးတာဟာ လူအများ သေဆုံးရတဲ့ အချက်တွေထဲမှာ နံပါတ်(၄) နေရာက လိုက်နေတယ်။ အဲဒီအရေအတွက်က တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ယှဉ်ရင် အမျိုးမျိုးသော အကြောင်းရင်းတွေနဲ့ သေဆုံးရတဲ့ စာရင်းမှာ နံပါတ်(၇)နဲ့ ဆင်တူနေတယ်"ဟုလည်း Airpocalypse အစီရင်ခံစာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် စက်မှုလုပ်ငန်း အရှိန်အဟုန်နှင့် တိုးတက်ထွန်းကားလာပြီး ကျောက်မီးသွေးလောင်စာ သုံးစွဲမှု များပြားလွန်းခြင်းများကြောင့် လေထုညစ်ညမ်းမှု ပြဿနာကို ကြီးမားစွာ ကြုံတွေ့နေရပြီး အစိုးရ အနေဖြင့် ယင်းအနေအထားကို ကုစားရန် နှစ်ရှည် စီမံကိန်းများ ချမှတ်လုပ်ဆောင်လျှက် ရှိသည်။

Planet.com.mm
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား