img.emoticon {
padding: 0;
margin: 0;
border: 0;
}
ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေပြီး စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ အိမ်နီးချင်း ဖြစ်ရတာကို အားသာချက်အဖြစ် ရှုမြင်
ကမ္ဘာပေါ်မှာ
အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေပြီး စီးပွားရေးအင်အားကြီး
နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ အိမ်နီးချင်း
ဖြစ်ရတာကို အားသာချက်အဖြစ် ရှုမြင်ပြီး တိုင်းပြည်
ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းတွေကို ဖန်တီးသွားရမယ်လို့ သမတ
ဦးသိန်းစိန်က တိုင်းပြည်ကို ပြောတဲ့ ရေဒီယို မိန့်ခွန်းမှာ
ထည့်သွင်းပြောကြားသွားပါတယ်၊ မြန်မာပြည်က တရုတ် စီမံကိန်းတွေအပေါ် ကန့်ကွက်
ဆန္ဒပြချိန်နဲ့ တိုက်ဆိုင်နေတဲ့ သမ္မတ မိန့်ခွန်းမှာ သမ္မတ ဦးသိန်းစိန်ဟာ
လွန်ခဲ့တဲ့ ရက်သတ္တပတ်ကလည်း တရုတ်ပြည်ကို ချစ်ကြည်ရေးခရီး
သွားရောက်ခဲ့ပါတယ်၊ ရေဒီယိုမိန့်ခွန်းမှာ သမ္မတ ဦးသိန်းစိန်က အစိုးရအနေနဲ့
စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ လူနေမှု
အဆင့်အတန်း မြင့်မားရေး အတွက် စီမံကိန်းများ ချမှတ်ဆောင်ရွက်နေပြီး
ဒီစီမံကိန်းများထဲက လျှပ်စစ်မီး ပိုမိုရရှိရေးနဲ့ တန်ဖိုးနည်းအိမ်ရာ
စီမံကိန်းများကိုလည်း စတင် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အကြောင်း အသိပေး
ပြောကြားသွားပါတယ်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား