img.emoticon {
padding: 0;
margin: 0;
border: 0;
}
မေလ(၃)ရက်နေ့မှာ ဖြစ်ပေါ်လာမယ့် ဂြိုဟ်၊ နက္ခတ်ုဖြစ်စဉ်တွေကို ရှောင်ရန်၊ဆောင်ရန်တွေ
ဒီနေ့ဟာမြန်မာသက္ကရာဇ် ၁၃၇၅ ခု တန်ခူးလပြည့်ကျော် (၈)ရက်၊ ခရစ်နှစ်
၂၀၁၃ နှစ်၊ မေလ(၃)ရက် သောကြာနေ့ ဖြစ်ပါတယ်။
မေလ(၃)ရက် -
ဗုဒ္ဓဟူးမှ ကြာသပတေးသို့(၄၅) ဒီဂရီအမြင်ရှိထားသည် မတ်ပဲဈေးနှုန်း
အနည်းငယ်ကျဆင်းမည်။ဓနသိဒိ္ဓနက္ခတ်စန်းယှဉ်ပြီး မိဿ၊ကရကဋ်၊သိဟ်၊
တူ၊ မကာရ၊ ကုမ်နှင့် မိန် ရာသီဖွားများ ကံဇာတာမြင့်မားချိန်ဖြစ်သည်။
တနင်္ဂနွေ၊တနလာင်္၊ အင်္ဂါ၊ စနေနှင့် ရာဟု နေ့သားသမီးများ အရေးကြီးကိစ္စ
ဆောင်ရွက်နိုင်သည်။ ရွှေရတနာဝယ်ယူစုဆောင်းခြင်း၊ ရွှေရတနာလုပ်ငန်း
စတင်ခြင်း၊ အလှူမင်္ဂလာကိစ္စ၊ သိဒိ္ဓစီရင်ခြင်း၊ တေးစီးရီးမိတ်ဆက်ဖြန့်ချီမှု၊
အလှကုန်ပစ္စည်းများမိတ်ဆက်ဖြန့်ချီမှု၊ စတိုး/ စူပါမားကတ်/ အလှပြင်ဆိုင်
များဖွင့်လှစ်မှု၊ အလျှင်အမြန်အကျိုးဖြစ်ထွန်းလိုသောကုန်ပစ္စည်းများ
သိုလှောင်ခြင်း၊ ထီကံစမ်းခြင်းကိစ်္စများဆောင်ရွက်နိုင်သည်။
ကံကောင်းဂဏန်း - ၂၊ ၅၊ ဝ
မေလ(၃)ရက်
တနင်္ဂနွေသားသမီးများ
(လုပ်ငန်းတွင် အတိုက်အခံများယှဉ်တွဲ၍
ကံကောင်းမည့်အခွင့်အလမ်းတွေ့ကြုံမည်။)
တနင်္လာသားသမီးများ
(မိမိကံဇာတာဆက်လက်ကောင်းမွန်ပြီး မထင်မှတ်သည့်
ရွှေရောင်အခွင့်အလမ်းများ ပေါ်ပေါက်လာမည်။)
အင်္ဂါသားသမီးများ
(အတိုက်အခံအနှောင့်အယှက်အခက်အခဲများ
အောင်မြင်စွာဖြေရှင်းဆောင်ရွက်နိုင်မည့် ရွှေရောင်နေ့ရက်ဖြစ်သည်။)
ဗုဒ္ဓဟူးသားသမီးများ
(ခိုက်ရန်ဒေါသပြဿနာဖြစ်ပွားမှု ပဋိပက္ခဖြစ်စဉ်များ
မိမိအနီးဝန်းကျင်၌ ရှိနေတက်သည်။)
ကြာသပတေးသားသမီးများ
(မိမိနှင့် မိသားစုငွေကြေးအကျိုးပေးကံကောင်းမွန်သော်ငြားလည်း
ငွေကုန်ကြေးကျ များပြားနေတက်မည်။)
သောကြာသားသမီးများ
(ကြံစည်ကြိုးပမ်းဆောင်ရွက်မှုများ၌ အခက်အခဲအတားအဆီးနှင့်
နှောင့်နှေးကြန့်ကြာမှုများတွေ့ကြုံမည်။)
စနေသားသမီးများ
(လုပ်ငန်းငွေကြေးဖြစ်ထွန်းမှု ကံကောင်းမွန်မည့်
ရွှေရောင်နေ့ရက်အချိန်ကာလဖြစ်သည်။)
ရာဟုသားသမီးများ
(လုပ်ငန်းတွင် ကြိုးစားအားထုတ်သလောက်
ငွေကြေးအကျိုးပေကံကောင်းမွန်မည့် ရွှေရောင်နေ့ရက်ဖြစ်သည်။)
တနင်္ဂနွေသားသမီးများဝတ်ဆင်ရန် ပန်းရောင်၊ အနီ၊ ခရန်းရောင်
တနင်္လာသားသမီးများဝတ်ဆင်ရန် ဆင်စွယ်၊ အ၀ါ၊ အနက်ရောင်
အင်္ဂါသားသမီးများဝတ်ဆင်ရန် အနီ၊ ပန်းရောင်၊ ဆင်စွယ်ရောင်
ဗုဒ္ဓဟူးသားသမီးများဝတ်ဆင်ရန် ပန်းရောင်၊ ဆင်စွယ်၊ ခရမ်းရောင်
ကြာသပတေးသားသမီးများဝတ်ဆင်ရန် ဆင်စွယ်၊ အနက်၊ အနီရောင်
သောကြာသားသမီးများဝတ်ဆင်ရန် ပန်းရောင်၊ အနက်၊ ဆင်စွယ်ရောင်
စနေသားသမီးများဝတ်ဆင်ရန် အနက်၊ နက်ပြာ၊ ဆင်စွယ်ရောင်
ရာဟုသားသမီးများဝတ်ဆင်ရန် အစိမ်းရင့်၊ ခရမ်း၊ ဆင်စွယ်ရောင်
ယခုဆိုရင်တော့ မေလ(၃)ရက်နေ့မှာ ဖြစ်ပေါ်လာမယ့် ဂြိုဟ်၊ နက္ခတ်
ုဖြစ်စဉ်တွေကို ရှောင်ရန်၊ဆောင်ရန်တွေကို တင်ပြခဲ့ တာဖြစ်ပါတယ်။
မိဘပြည်သူမောင်နှမသားချင်းများအနေနဲ့လည်း မိမိတို့ကြံစည်ရည်ရွယ်
သမျှ အလုံးစုံပြည့်ဝအောင်မြင်ပြီး ရွှေရောင်နေ့ရက်တွေကို ပိုင်ဆိုင်ခွင့်
ရနိုင်လိမ့်မယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။
... နောက်နေ့တွေမှာလည်း ရွှေရောင်နေ့ရက်တွေအတွက် နက္ခတ်သိပံ္ပမှ
လမ်းညွှန်အကြံပြုသွားပါဦးမယ်။
... စောင့်မျှော်ကြည့်ရှုကြဖို့ လေးစားစွာပန်ကြားအပ်ပါသည်။
Credit & Copy From ✍ SkyNet TV Browse
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား