ကလောမြို့ နယ်မှာ မိုးပြင်းထန်စွာ ရွာချသောကြောင့် လူ (၅၀)ဦးခန့် သေဆုံးပြီး လူ (၇၀)ကျော် ဒဏ်ရာရ
မေ ၁ ရက်နေ့ ညပိုင်း ၁၁ နာရီတွင် ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်
ညောင်ကုန်း ရွာ(ပလောင်ရွာ)တွင် လေမုန်းတိုင်း နှင့် အတူ မိုးပြင်းထန်စွာ
ရွာချသောကြောင့် လူနေအိမ် (၄၇)လုံးပျက်စီးပြီး တောင်ပါတ်ရွာ တွင်လည်း
အနည်းဆုံး လူ(၅၀)ဦးခန့် အသက်ဆုံးရှုံးပြီး၊ ရွာသား (၇၀)ကျော်ခန့် ဒဏ်ရာ
ရရှိသွားကြောင်း သတင်းရရှိပါ သည်။
အိမ်တွေလည်းပျက်စီး တချို့အိမ်များဆို သွပ်မိုးအကုန်ပျက်စီးပီး ရှာလို့တောင် မရတော့ဘူး ညောင်ကုန်း ရွာသား တစ်ဦးမှ ပြောဆိုသည်။
သေဆုံးသွားသော လူ ၅၀-ဦးခန့်တွင် အများစုမှာ တောင်ပါတ်ရွာတွင်
ရွှေတူးရန်လာကြသည့် အခြားအရပ် က ရွှေလုပ်သား များဖြစ်ကြောင်း
တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးက ပြောဆိုပါတယ်။
DVB TV News

No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား