img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, April 30, 2013

(၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်း အနားတွင်တိုင်းရင်းသားဖျော်ဖြေရေးအတွက်စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်


(၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဖွင့်ပွဲနှင့်ပိတ်ပွဲအခမ်း
အနားတွင် တင်ဆက်မည့် တိုင်းရင်းသားဖျော်ဖြေရေးအတွက် ရခိုင်ပြည်နယ်
မှကျား(၆၂)ဦး၊မ(၈၂)ဦးစုစုပေါင်း(၁၄၄)ဦးပါဝင်ဆင်နွှဲမည် ဖြစ်ပြီး ၄င်း
ဖျော်ဖြေပွဲတွင် ပါဝင်နိုင်ရန် လျှောက်ထားလိုသူများသည် အရပ် မပုလွန်း၊
မရှည်လွန်းသူ၊အသက်(၂၅)နှစ်ထက်မကြီးသူ၊ကျန်းမာရေးကောင်းမွန်သူများ
ကိုဦးစားပေးရွေးချယ်မည် ဖြစ်ပြီး(၂၀၁၃)ခုနှစ်စက်တင် ဘာ၊စတုတ္တပတ်တွင်
စစ်တွေမြို့မှာရက်သတ္တပတ်ကြာစခန်းသွင်းလေ့ကျင့်မှုပြုလုပ်ကာ(၂၀၁၃)
ခုနှစ်အောက်တိုဘာ(၁)ရက်မှ၊ဒီဇင်ဘာလ (၁၀)နေ့များတွင် ကျင်းပမည့်
နေပြည်တော်တွင်စုပေါင်းလေ့ကျင့်ပြီး(၂၀၁၃)ခုနှစ်ဒီဇင်ဘာလ(၁၁)ရက်
နေ့နှင့် (၂၂)ရက်ဖွင့်ပွဲ၊ပိတ်ပွဲအခမ်းအနားများတွင် ပါဝင်ဆင်နွှဲရမည်
ဖြစ်ကြောင်း သိရသည်။ စခန်းသွင်းစဉ်နှင့် ပါဝင်ဆင်နွှဲစဉ်တွင် စားစရိတ်၊
ခရီးစရိတ်၊ဝတ်စုံစရိတ်များကိုပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရက
ကျခံမည် ဖြစ်ပြီးစိတ်ပါဝင်စားသူများသည် ယဉ်ကျေးမှုပြည်တိုက် (စစ်တွေ)
နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အထွေထွေ အုပ်ချုပ်ရေး
ဦးစီးဌာနများကို(၂၀၁၃)ခုနှစ်၊မေလ(၃၁)ရက်နေ့နောက်ဆုံးထားပြီး စာရင်း
ပေးသွင်းနိုင်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား