img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, March 20, 2013

မိတ္ထီလာမြို့တွင် ရွှေအရောင်းအ၀ယ် ပြုလုပ်ရာမှစတင်ပြီး ပဋိပက္ခဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ရွှေအရောင်းအ၀ယ် ပြုလုပ်ရာမှစတင်ပြီး ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
မတ်လ ၂၀ ရက် နံနက် ၁၀ နာရီခန့်က မိတ္ထီလာမြို့ ဈေးအရှေ့ဘက်တန်းရှိ နယူးဝိန့်စိန်ရွှေဆိုင်တွင် ရွှေအရောင်းအ၀ယ် ပြုလုပ်ရာမှ စကားများပြီး အမျိုးသမီးတစ်ဦး အပါအ၀င် လူလေးဦးမှ လာရောက်ရောင်းချသူ နှစ်ဦးအား ၀ိုင်းဝန်းရိုက်နှက်သဖြင့် ပတ်ဝန်းကျင်သို့ အော်ဟစ်ပြောဆိုခဲ့ရာ လူစုလူဝေး ဖြစ်ပေါ်လာခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လူစုလူဝေးသည် မွန်းလွဲပိုင်းတွင် နယူးဝိန့်စိန်ရွှေဆိုင်နှင့် တော်ဝင်ရွှေဆိုင်တို့အား ၀ိုင်းဝန်းဖျက်ဆီးခဲ့သဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့က အခြေအနေကို ၀င်ရောက်ထိန်းသိမ်းနေရကြောင်း သိရှိရသည်။ မွန်းလွဲသုံးနာရီတွင် မိတ္ထီလာဈေးအား ပိတ်ခဲ့ရသလို မြို့ပေါ်ဈေးဆိုင် အချို့လည်း ပိတ်သွားကြပြီး လူနှစ်ရာကျော်ရှိသော လူအုပ်မှာ ညနေ ၅ နာရီခန့် ဆက်လက်စုဝေးနေဆဲဟု သိရသည်။
Biweeklyeleven-8-march20
"ရွှေဆိုင်မှာ ရွှေလာရောင်းတဲ့အခါ မှတ်ကျောက်တိုက်ပြီး ရွှေအရည်အသွေးကို စစ်ပါတယ်။ မှတ်ကျောက်တိုက်ရင်း ရွှေထည်က ကျိုးသွားတယ်လို့ သိရပါတယ်။ ရွှေဆိုင်ပိုင်ရှင်က ရှစ်သောင်းပေးတာကို လက်မခံဘဲ အလျော်တောင်းတဲ့အခါ စကားများပြီး ဆိုင်ဝန်ထမ်းတွေ အပါအ၀င် လူလေးဦးက ၀ိုင်းရိုက်တယ်လို့ သိရပါတယ်။ အရိုက်ခံရသူနှစ်ဦးက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းရာကစပြီး လူစုလူဝေး ဖြစ်လာတယ်။ နေ့ခင်းရောက်တော့ အရိုက်ခံရသူနှစ်ယောက်ထဲက မိန်းမဖြစ်တဲ့သူ သေသွားတယ်ဆိုပြီး သတင်းထွက်လာတော့ လူစုလူဝေးကြီးက ပြဿနာဖြစ်တဲ့ရွှေဆိုင်ကို ၀င်ဖျက်ကြတယ်။ လောလောဆယ်တော့ လူစုမကွဲသေးဘူး။ လူအုပ်က အယောက် ၂၀၀ ကျော်တယ်။ ရဲအင်အား (၇၀) လောက်နဲ့ ထိန်းသိမ်းနေတာ တွေ့ရတယ်။ ရွှေဆိုင်ပိုင်ရှင်နဲ့ လူအချို့ကို သက်ဆိုင်ရာရဲစခန်းက အမှုဖွင့် အရေးယူထားတယ်လို့ သိရတယ်။" ဟု မိတ္ထီလာမြို့ရှိ Eleven Media Group ၏ သတင်းထောက်မှ သတင်းပေးပို့ပါသည်။
Biweeklyeleven-9-march20
နောက်ဆုံးရရှိသော သတင်းများအရ လူအုပ်မှာ ၃၀၀ ကျော်အထိ ရှိလာပြီး ဈေးအနီးမှ တိုက်လေးလုံးအား ၀ိုင်းဝန်းဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
ရိုက်နှက်ခံရသော ဒဟတ်တန်းကျေးရွာနေ အသက် (၄၀) ၀န်းကျင် လင်မယားနှစ်ဦးမှာ လက်ရှိအချိန်တွင် မိတ္ထီလာ အမှတ် (၂) ရဲစခန်း၌ရှိနေပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရသည်။

Updated
မတ်လ ၂၀ ရက်နေ့ ည ၇ နာရီ

ည ၇ နာရီအထိ သိရှိရသော သတင်းများအရ မိတ္ထီလာမြို့ မြို့မဈေးတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေသည် မငြိမ်သက်သေးသော်လည်း လူသေဆုံးမှုနှင့် ဒဏ်ရာရှိမှု မရှိသေးကြောင်း၊ အခြားရပ်ကွက်များသို့ ကူးစက်ခြင်း မရှိသေးကြောင်းနှင့် မိတ္ထီလာ မြို့မဈေးအနီးတွင် လူစုလူဝေးမှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်းသိရသည်။


Updated
မတ်လ ၂၀ ရက်နေ့ ည ၈ နာရီ

Biweeklyeleven-16-march20
မိတ္ထီလာမြို့တွင် သိရိမင်္ဂလာဗလီနှင့် အခြားဗလီအချို့ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အပြန်အလှန် မီးရှို့မှုများ ဖြစ်ပေါ်နေကြောင်း နေရာအနှံ့ မီးလောင်မှုများအား ည ၈ နာရီ အချိန်တွင် ငြိမ်းသက်နိုင်ပြီဖြစ်ကြောင်း အခြားနေရာအချို့တွင် ဒဏ်ရာရရှိသူအချို့ ရှိနေပြီး မြို့နေလူထုမှာ အရွှေအပြောင်းလုပ်နေပြီ ဖြစ်ကြောင်း  မိတ္ထီလာမြို့ရှိ Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက်အရသိရသည်။
Biweeklyeleven-15-march20
 Biweeklyeleven-17-march20

Updated
မတ်လ ၂၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေ နှင့်ပတ်သက်၍ Eleven Media Group မှ မိတ္ထီလာ အမှတ် (၃) ရဲစခန်းအား ဆက်သွယ်မေးမြန်းရာ အဆိုပါရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက "လောလောဆယ်မှာ တည်ငြိမ်မှုမရှိသေးတဲ့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့ ပူးပေါင်းပြီးတော့ လုံခြုံရေး ရယူနေပါတယ်။ လူတစ်စုက ရုန်းရင်းဆန်ခတ်မှုတွေ လုပ်ဆောင်နေဆဲမို့ တည်ငြိမ်အောင်ဆောင်ရွက်နေပါတယ်" ဟု ပြောကြားခဲ့ပါသည်။

Updated
မတ်လ ၂၀ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်
လက်ရှိအချိန်တွင် မိတ္ထီလာမြို့၏ အရှေ့ဘက်မန္တလေးမှ အဝင်နှင့် အနောက်ဘက် ကျောက်ပန်းတောင်းမြို့မှ အဝင် မြို့အဝင်အထွက်ရှေ့နောက်ကို ပိတ်ထားပြီဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူအချို့ရှိနေပြီး မီးရှို့ဖျက်ဆီးခံရသည့် ဆိုင်ကယ် ၁၀ စီးကျော်ရှိနေပြီဖြစ်ကြောင်း ဓာတ်ပုံရိုက်သည့် သတင်းထောက်နှင့် ရဲဝန်ထမ်းအချို့ကို ခဲများဖြင့် ပစ်ပေါက်မှုများလည်းရှိခဲ့ကြောင်း မိတ္ထီလာမြို့ရှိ Eleven Media Group သတင်းထောက်၏ သတင်းပေးပို့မှုအရ သိရသည်။



Updated
မတ်လ ၂၀ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်တွင် လူတစ်စုမှ ကားအရောင်းပြခန်းအချို့အား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ရုန်းရင်းဆန်ခတ် အခြေအနေအား ထိန်းသိမ်းနိုင်ရေးအတွက် လက်ရှိအချိန်တွင် သက်ဆိုင်ရာမှ ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း လိုက်လံကြေညာလျက်ရှိသည်ဟု Eleven Media Group ၏ သတင်းထောက်မှ သတင်းပေးပို့ခဲ့သည်။

Updated
မတ်လ ၂၀ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေ နှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးမှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးဖြစ်သူအား Eleven Media Group မှ ဆက်သွယ်မေးမြန်းရာ ၎င်းက "အခုလက်ရှိအချိန်မှာတော့ အခင်းဖြစ်ပွားတဲ့နေရာမှ လူအချို့ပဲကျန်ရှိနေပါတော့တယ် အဲဒါကို ညှိနှိုင်းဖြေရှင်းမှု ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်" ဟု  ပြန်လည်ဖြေကြားခဲ့သည်။


Updated
မတ်လ ၂၀ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအခြေအနေနှင့် ပတ်သက်၍ အခြေအနေတည်ငြိမ်အောင် ထိန်းသိမ်းရေးတွင် သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများသည် ယနေ့ (မတ်လ၂၀ ရက်) ည ၁၁ နာရီ ၂၀ မိနစ်ဝန်းကျင်တွင်  မိတ္ထီလာမြို့သို့ ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရသည်။
Updated
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မိတ္ထီလာမြို့ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်ပြီး မတ်လ ၂၀ရက်နေ့ညပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည် facebook စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ရာ သံဃာတော်တစ်ပါးနှင့်အမျိုးသားတစ်ဦးတို့ မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ အမျိုးသား လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
ယင်းသို့ထုတ်ပြန်ခဲ့သော ပုဒ်မ ၁၄၄သည် ၅ဦးနှင့်အထက်လူစုလူဝေးမပြုလုပ်ရန်နှင့် တာဝန်ကျရဲတပ်ဖွဲ့ဝင်များအား အနှောက်အယှက်မပြုရန်ရည်ရွည်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Updated
မတ်လ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၅၅ မိနစ်
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ Eleven Media Group မှ မိတ္ထီလာမြို့ အမှတ် (၂) ရဲစခန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက
"လက်ရှိအချိန်မှာ အခြေအနေက ပြန်လည်တည်ငြိမ်မှု ရရှိနေပါပြီ၊ရမည်းသင်းဘက်က နယ်မြေခံ ရဲတပ်ရင်းနှစ်ရင်း ရောက်ရှိနေပြီး ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေပါတယ်။
တိုင်းအဆင့် အရာရှိကြီးတွေကိုယ်တိုင် စီမံကွပ်ကဲနေပါတယ်၊ နယ်မြေမှာ လှည့်ကင်း ဆောင်ရွက်ပြီး မြို့ရဲ့လုံခြုံရေးကို ရယူနေပါတယ်။ အခုအချိန်မှာတော့ လူစုကွဲသွားပြီဖြစ်ပေမယ့် ဟိုတစ်စု ဒီတစ်စုတော့ ရှိနေပါသေးတယ်။ သတင်းရရှိမှုအပေါ်မူတည်ပြီး ဒေသခံများ လုံခြုံရေးအတွက် ဆောင်ရွက်နေပါတယ်"ဟု ပြန်လည်ဖြေကြားခဲ့သည်။
Updated
မတ်လ ၂၁ ရက်နေ့ နံနက် ၄ နာရီ ၅၅ မိနစ်
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ Eleven Media Group မှ မိတ္ထီလာမြို့ အမှတ် (၂) ရဲစခန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ''လက်ရှိအချိန်မှာ လူစုလူဝေးတွေမရှိတော့ပါဘူး။အခြေအနေတွေ တည်ငြိမ်နေပါပြီ။ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမယ့် အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်တာမျိုးထက် ဒေသတည်ငြိမ်မှုရရှိအောင် လုံခြုံရေးယူတာမျိုးပဲ လုပ်ဆောင်တာပါ။ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လှည့်ကင်းတာဝန် ထမ်းဆောင်လျက်ရှိပါတယ်'' ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

Comments  

 
0 # Shweyoelatt 2013-03-21 10:23
change ရဲ့ သဘောထား အမြင်ကို ထောက်ခံပါတယ်။
titetu ရဲ့ ငြိမ်းချမ်းတည်ငြိမ်မှုအတွက် ပူပန်မှုနဲ့အတူ တောင်းဆိုမှုတွေကိုလည်း နားလည်ပါတယ်။

thargi, do u really mean it? or u just ရွဲ့ပြော? If u really mean it, sorry that i cannot agree with u. If u just make joke, okay, it is just a joke although not much fun. Pls take care ur words.

tynaymyoag အဖြစ်တွေက ရှုပ်ထွေးမှုရှိနေတာပဲ။ တကယ်လွန်တဲ့သူတွေ ရှိမှာပဲ။ ဒါက ပြစ်မှုကိစ္စပါ။ ရဲက လာဘ်စားမှာပဲဆိုပြီးတော့ပဲ တရုတ်သိုင်းကားတွေကလို ကိုယ့်စိတ်ထင်ရာကိုယ် လက်စားချေနေရင် ဥပဒေဆိုတာ (အရင့်အချိန်အတော်များများကအတိုင်းပဲ) ငပေါကြီး ဆက်ဖြစ်နေတော့မှာပေါ့။ ဒေါ်စုပြောတဲ့၊ သမ္မတတို့ ပြောတဲ့ Rule of Law ဆိုတာ ဒါပဲ။ (ဥပဒေအတိုင်း စိုးမိုးဖို့ဆိုတာ ခက်တာပေါ့။ ဒါနဲ့ပဲ အလွယ်လိုက်ပြီး ကိုယ်လုပ်ချင်တာလုပ်လို့ရမလား)

ဥပဒေပိုစိုးမိုးဖို့ ကြိုးစားရမှာ (၀ိုင်းဝန်းကြိုးပန်းရမှာ နိုင်ငံသားတိုင်းရဲ့တာဝန်ပဲလေ၊ တို့တွေအားလုံးပါတယ်။ တရားသူကြီးတွေ၊ ရဲတွေ၊ သမ္မတအဖွဲ့တွေ၊ အမျိုးသားခေါင်းဆောင်တွေကိုတင် ပုံလို့မရဘူး)

More Power- More Responsibilities ဆိုတဲ့စကားရှိတယ်လေ။ ခု ပိုပွင့်လင်းဖို့ လမ်းကြောင်းတချို့ (လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လုံးဝ မမျှော်လင့်ရဲခဲ့တော့တဲ့ အခြေအနေကနေ)တွေ့လာတယ်လေ။ ပို အခွင့် တချို့ရလာတာကို လူထုတွေဘက်ကလည်း တရားနည်းလမ်းကျကျ တာဝန် ယူခြင်းနဲ့ ထိန်းသိမ်းတုန့်ပြန်ပေးသင့်တာပေါ့။

ဘယ်သူ့မှကို လိုတာထက်လည်း အပြစ်ပြောစရာမရှိဘူး၊ လိုတာထက်လည်း ကာကွယ်ပြောစရာမရှိဘူး။

ရွှေဆိုင်ဘက်ကလွန်တဲ့သူတွေ သူ့ပြစ်မှုအတိုင်းကျခံစေသင့်တာပေါ့။ အဲလိုပဲ လိုတာထက်ပိုပြီး (မိမိကိုယ်ကို ခုခံပိုင်ခွင့် အတိုင်းအတာထက် ပိုမိုလွန်ကဲပြီး)လုပ်မိသွားတဲ့သူတွေရှိရင်လည်း (ရိုးသားစွာ ဒေသအလျောက် လုပ်မိသူတွေဖြစ်စေ၊ မရိုးမသားဘဲ ညှောင့်ပေးချင်တဲ့ မသမာသူများပဲဖြစ်စေ) သူတို့ သင့်တင့်တဲ့ အချိုးအစားအလျောက် ဒဏ် ကျခံစေသင့်တာပေါ့။ ဥပဒေအရ မကျလိုက်ရင်တောင်လည်း ကံ ကံ၏ အကျိုး ပေးမှာပဲလေ။

တခုရှိတာက ဒါဟာ တို့ နိုင်ငံမှာ အဆင့်မမြင့်သေးလို့ ဖြစ်တာပါ ဘာညာပဲဆိုပြီးတော့ လုံးဝ မပြောပါ၊ မထင်ပါ။ တိုးတက်ပါတယ်ဆိုတဲ့ အင်္ဂလန်မှာလည်း အဓိကရုဏ်း ဖြစ်ဖူးတာပဲ၊ အမေရိကန်လည်း ဖြစ်ဖူးတာပဲ၊ တရုတ်လည်း ဖြစ်ဖူးတာပဲ။ ဖြစ်နေတာပဲ။
ဒီလို ဖြစ်တိုင်းလည်း အဲဒီနိုင်ငံတွေမှာလည်း မျက်နှာပျက်ရတာပဲ၊ ကဲ့ရဲ့ခံရတာပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအဖြစ်မျိုးတွေဟာ တိုင်းပြည်နဲ့ လူမျိုး ဂုဏ်သိက္ခာကိုကော၊ အကျိုးပါ မတက်စေပါ။ မြန်မာနိုင်ငံကို တည်ငြိမ် ရင့်ကျက် တိုးတက် ငြိမ်းချမ်းစေချင်ပါတယ်။
တို့ရဲ့ ပြည်ချစ်နိုင်ငံသားကောင်းများ သတ္တိနဲ့ လက်ရုံးရည်ကို အလွဲအသုံးမချမိစေဘဲ (Last Option အဖြစ်သာထားပြီး)၊ ထောင်ချောက်မကျမိစေဘဲ၊ ပြသနာများ ကြုံဆုံလာလျှင် အခြား ရွေးချယ်လုပ်နိုင် ဖြေရှင်းနိုင်စရာ လမ်းကြောင်းများ ရှိသေးသရွေ့၊ ဖြစ်နိုင်သေးသရွေ့ ရှာဖွေသွားနိုင်ပါစေကြောင်း. . .
 
 
+4 # MZ Aye 2013-03-21 09:38 မြန်မာပြည်မှာ မွတ်ဆလင်နဲ့ပတ်သတ်တဲ့ အရေးအခင်းတွေပေါ်လာရင် ဒါဟာ နိုင်ငံရေးလှည့်ကွက်၊ ဒါဟာအစိုးရလုပ်တာလို့ပဲ စွပ်စွဲနေသူတွေရှိတယ်။ သူတို့ဟာ ကုလားဘက်က ရှေ့နေလိုက်ချင်လို့ ကုလားအပြစ်ကို အစိုးရဘက်ကို လွှဲပြောင်းပေးနေကြတာပဲ။ အချို့ကလည်း ခေတ်အဆက်ဆက် အစိုးရတွေ မကောင်းခဲ့လို့ တစ်ခုခုဆို အစိုးရကို မကောင်းမြင်တဲ့ အစွဲကြီးဖြစ်နေတာလည်း ဖြစ်နိုင်တယ်။ ဒီလို အစိုးရက နိုင်ငံရေးလှည့်ကွက်အနေနဲ့ လုပ်တာ နဂိုခေတ်တုန်းက ဖြစ်ရင် ဖြစ်နိုင်ပေမဲ့ အခု သမ္မတဦးသိန်းစိန်ခေတ်မှာ နိုင်ငံတကာက မျက်နှာကောင်း နာမည်ကောင်းတအားလိုချင်လို့ ကြိုးစားနေတဲ့ခေတ်မှာ နိုင်ငံတကာအလယ်မှာ မျက်နှာပျက်ရမဲ့ ကိစ္စကို အစိုးရကပိုတောင်ကြောက်မှာပါ။
စစ်တပ်အနေနဲ့ကလည်း ခုလို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို ရှေ့ဆက်သွားနိုင်မှ စစ်ဘက်ဆိုင်ရာဆန်ရှင်တွေပွင့်ပြီး တပ်မတော်ခေါင်းဆောင်တွေ လိုလားတဲ့ ခေတ်မီတဲ့တပ်မတော်တည်ဆောက်နိုင်မှာမိုလို့ နိုင်ငံတကာအလယ်မှာခုလို ဘာသာရေးလူမျိုးရေးကိစ္စနဲ့ မျက်နှာပျက်ရမဲ့ကိစ္စတွေ ခုချိန်မှာ ဖြစ်စေချင်မှာမဟုတ်ပါဘူး။ ခုလို ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းသွားနေတာဟာ အစိုးရအတွက်ရော စစ်တပ်အတွက်ရော နိုင်ငံအတွက်ပါ အကျိုးရှိလို့ ဘကတအဖွဲ့အနေနဲ့ ခုအစိုးရနဲ့ စစ်တပ်ဟာနောက်ကြောင်းပြန်ချင်စိတ်မရှိဘူးလို့ယုံကြည်တယ်။

မြန်မာပြည်ကို နောက်ကြောင်းပြန်စေချင်တဲ့ နဂိုတုန်းကလို ခေတ်မကောင်းတော့လို့ စားကွက်ပျောက်နေတဲ့ ဂွင်ပျောက်နေတဲ့ ပြည်တွင်းက ဂွင်ပျောက် ခေါင်းမာဂိုဏ်းသားသမားအချို့နဲ့ နိုင်ငံခြားက ခွက်ပျောက်သမားအချို့လည်းရှိနိုင်ပေမဲ့ မြန်မာပြည်က ကုလားနဲ့ပတ်သတ်တဲ့အဓိကရုဏ်းတွေဟာ သူများတွေ လှုံ့ဆော်လို့ထက် အဲဒီ မွတ်ဆလင်လူဆိုးအချို့ ပြဿနာရှာလို့ပါ။
မြန်မာပြည်ထဲက ကုလားအရေးအခင်းမှန်သမျှ အစိုးရကြောင့်ဖြစ်တယ်ဆိုရင် တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ မွတ်ဆလင်နဲ့ပတ်သတ်တဲ့ပြဿနာတွေကရော မြန်မာအစိုးရကြောင့်ပဲလား?
အစိုးရကို ကာကွယ်တဲ့အနေနဲ့ရေးတာမဟုတ်ပါဘူး။ တစ်ခုခုဆို ကုလားအပြစ်ဖြစ်မှာစိုးလို့ ရခိုင်ပြည်နယ်က အရေးအခင်းလိုမျိုးကိုတောင် အစိုးရလုပ်တာ အစိုးရလက်ချက်လို့ပြောနေသူတွေကို ရေးချင်လို့ပါ။
တကယ်လို့ အစိုးရကသာ တို့မီးရှို့မီးလုပ်ချင်တယ်ဆိုရင်တောင် မွတ်ဆလင်တွေက ကောင်းကောင်းမွန်မွန်အေးအေးချမ်းချမ်းနေချင်စိတ်ရှိပြီး ဓာတ်ဆီဖြစ်မနေရင် ဘယ်သူက ရှို့လို့ရမလဲ။ ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူး။ သူတို့ကိုယ်တိုင်မကောင်းလို့သာ တစ်ကမ္ဘာလုံးမှာ

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား