ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် နယ်စပ်ရေးရာ
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး
သက်နိုင်ဝင်းတို့အား ပြည်ထောင်စုဝန်ကြီးများအဖြစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က
ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြု သဘောတူကြောင်း
ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။
နိုင်ငံတော် သမ္မတက တင်ပြလာသည့် တပ်မတော် အရာရှိကြီးများအား ပြည်ထောင်စု
ဝန်ကြီးများအဖြစ် ခန့်အပ်ရန် အဆိုပြုမှုအား ကန့်ကွက်သူ မရှိသည့်အတွက်
ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
ဝန်ကြီးခန့်အပ်မှုများနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဦးလှဆွေက "အနားယူသွားတဲ့ ၀န်ကြီးတွေနေရာမှာ အစားထိုး ခန့်အပ်ခံရတဲ့
ဝန်ကြီးတွေဟာ ပိုကောင်းအောင် လုပ်နိုင်မယ့် လူမျိုးဖြစ်ဖို့ လိုတယ်။
ရာထူးကနေ ပြုတ်မှာကြောက်ပြီး မလုပ်မရှုပ် မပြုတ်ဆိုတာမျိုး ဖြစ်သွားမှာ
ဆိုးတယ်။ ဘောလုံးပွဲမှာ အရန်လူသွင်းလိုက်ရင် ပိုကောင်းသွားတာမျိုး
ဖြစ်စေချင်တယ်။ အသစ်ဝင်ရောက်လာတဲ့ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေက
အတွေးအမြင်သစ်တွေနဲ့ ပိုကောင်းအောင်လုပ်ဖို့ လိုမယ်ထင်ပါတယ်" ဟု
သုံးသပ်ပြောကြားခဲ့သည်။
Wednesday, February 13, 2013
ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့အား ပြည်ထောင်စု ၀န်ကြီးများအဖြစ် ခန့်အပ်ရန် လွှတ်တော်က သဘောတူ
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား