တင်သွင်းခဲ့သည့် ဥပဒေကြမ်းအရ ပညာရေးကဏ္ဍတွင် နိုင်ငံပိုင် စီမံကိန်း လုပ်ငန်းများအတွက် ကျပ်သန်းပေါင်း ၂၂၂၅၃၃ ဒသမ ၉၉၁ လျာထားကြောင်း၊ ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းများတွင် သဘာဝဘေးဒဏ်ခံ ကျောင်းများ ပြန်လည်ဆောက်လုပ်ြုခင်း၊ အန္တရာယ်ရှိ ကျောင်းဆောင်များ ဖျက်သိမ်း၍ ဆောက်လုပ်ခြင်း၊ ဥပဓိရုပ် မကောင်းသည့် ကျောင်းဆောင်များ ဖျက်သိမ်း၍ ဆောက်လုပ်ခြင်း၊ ရန်ကုန်တက္ကသိုလ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် e-Government အတွက် website ရေးဆွဲခြင်း စသည့် စီမံကိန်းများ ပါဝင်သည်။
ထို့ပြင် ကျန်းမာရေး ကဏ္ဍအတွက် ငွေကျပ်သန်းပေါင်း ၁၉၇၉၃၁ ဒသမ ၃၈၇ လျာထားပြီး အများစုမှာ ကျေးလက်ကျန်းမာရေး ဌာနခွဲများ တည်ဆောက်ရန်နှင့် မြို့နယ်ဆေးရုံများ တည်ဆောက်ရန် တောင်းခံခြင်းဖြစ်သည်။
အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၄၅ ဦးမှ ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား