နေပြည်တော် ဇန်နဝါရီ ၃၁
KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ အနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သတင်း ထုတ်ပြန်ရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက် (၃/၂ဝ၁၃) ထုတ်ပြန် ကြေညာပြီးနောက် စစ်ရေးနှင့် မသက်ဆိုင်သော ပစ်မှတ်များအား
တိုက်ခိုက်လျက်ရှိရာ ဇန်နဝါရီ ၃ဝ ရက် နံနက်ပိုင်းက မုံးကိုးမြို့နယ်ခွဲ မန်ဂျယ်ရွာ၌ KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ပြောက်ကျား ယူနီဖောင်း ဝတ်ဆင်ထားသူ နှစ်ဦးသည် ဒေသခံ ပြည်သူနှစ်ဦးအား အကြောင်း မဲ့ လက်နက်ငယ် များဖြင့် ပစ်ခတ်ခြင်းကြောင့် ဦးဖောင်းချိန်ဖောင်း ၂၄ နှစ် (ဘ) ဦးဖိန်စမ်း၊ ဦးတီစမ်းဝေ (ခ) ချိန်းစင်းဝွေ့ ၂၃နှစ် (ဘ) ဦးရီစမ်းတို့မှာ အခင်းဖြစ်ပွားရာတွင် ရရှိ ဒဏ်ရာ များဖြင့် သေဆုံး ခဲ့ကြောင်းနှင့် နယ်မြေခံ တပ်မတော် စစ်ကြောင်းနှင့် ကွတ်ခိုင် ပြည်သူ့ စစ်အဖွဲ့တို့က လိုက်လံ ရှင်းလင်းလျက် ရှိကြောင်း သတင်းရရှိသည်။

No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား