img.emoticon { padding: 0; margin: 0; border: 0; }

Thursday, January 31, 2013

နိုင်ငံတော် သမ္မတထံမှ ပေးပို့သော ၂ဝ၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေပါ သီးသန့် ရန်ပုံငွေမှ ဥပဒေ နှင့်အညီ ခွဲဝေသုံးစွဲ ခဲ့ရသည့် ရန်ပုံငွေ များနှင့် စပ်လျဉ်းသည့် သဝဏ်လွှာများကို လွှတ်တော်က မှတ်တမ်းတင်


၂၀၁၂ ခုနှစ် ပြည်ထောင်စု ၏ ဘဏ္ဍာငွေ အရ ရန်ပုံငွေ များနှင့် စပ်လျဉ်းသည့် သ၀ဏ်လွှာ များကို လွှတ်တော်က မှတ်တမ်းတင်
နေပြည်တော် ဇန်နဝါရီ ၃၁
 ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို အစီအစဉ် (၁၄) ခုဖြင့် ကျင်းပခဲ့ပြီး သ၀ဏ်လွှာ တင်ပြခြင်း ကဏ္ဍ၌ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းထွန်းနှင့် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရ ဦးမြင့်မောင် တို့အား ၎င်းတို့၏ ဆန္ဒအလျောက် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်မှ စ၍ တာဝန် ထမ်းဆောင်ခြင်းမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း အကြောင်းကြားသည့် နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာကို ပြည်ထောင်စု လွှတ်တော် နာယကက ဖတ်ကြား တင်ပြပြီး မှတ်တမ်းတင် ဆောင်ရွက်သည်။
အလားတူ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်အား လစ်လပ်လျက် ရှိသော သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ် တာဝန် ပေးလို ကြောင်း နိုင်ငံတော် သမ္မတ ထံမှ ပေးပို့ထားသည့် သ၀ဏ်လွှာကို လွှတ်တော် နာယကက ဖတ်ကြား တင်ပြပြီး ခန့်အပ်တာဝန် ပေးအပ်ရန် လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ် သည်။

မှတ်တမ်းတင်ခြင်း ကဏ္ဍ၌ နိုင်ငံတော် သမ္မတရုံးမှ ပေးပို့သော တိုင်းဒေသကြီး များအတွင်းရှိ ခရိုင်၊ မြို့နယ်၊ ကျေးရွာ၊ ကျေးရွာအုပ်စု နယ်နိမိတ်များ တိုးချဲ့ ဖွဲ့စည်းခြင်း စသည့် ဆောင်ရွက်ချက် များကို လွှတ်တော်က မှတ်တမ်း တင် ဆောင်ရွက်သည်။
အဆိုပါ ဆောင်ရွက်ချက် များမှာ ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် ဘားလား တံတား ကြီး ကျေးရွာရှိ သစ်ခွခြံမြေ ဧရိယာ ၂၈၈ ဒသမ ၉၇  ဧကအား မင်္ဂလာဒုံ မြို့နယ် ရွှေနံ့သာ စံပြကျေးရွာ အတွင်းသို့ ပြောင်းလဲတိုးချဲ့ ဖွဲ့စည်းခြင်း၊ ပဲခူးတိုင်း ဒေသကြီး ပေါက်ခေါင်း မြို့နယ်အတွင်း ရွှေတောင်ငွေတောင် ကျေးရွာ အုပ်စုနှင့် ကျေးရွာသုံးရွာ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်းတို့ဖြစ်သည်။
ထို့အတူ နိုင်ငံတော် သမ္မတထံမှ ပေးပို့သော ၂ဝ၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေပါ သီးသန့် ရန်ပုံငွေမှ ဥပဒေ နှင့်အညီ ခွဲဝေသုံးစွဲ ခဲ့ရသည့် ရန်ပုံငွေ များနှင့် စပ်လျဉ်းသည့် သဝဏ်လွှာများကို လွှတ်တော်က မှတ်တမ်းတင် ဆောင်ရွက်သည်။
ရှင်းလင်း တင်ပြခြင်း ကဏ္ဍ၌ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး ဖြစ်သည့် တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် နာယကက ရှင်းလင်း တင်ပြပြီး ယင်းဥပဒေကြမ်း တွင် လိုအပ်ချက်အရ ထပ်မံ ပြင်ဆင် ဖြည့်စွက်မှုများ ပြုလုပ်ရန် လွှတ်တော်က သဘောတူကြောင်း အတည်ပြု ဆုံးဖြတ်သည်။
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကို နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် ရပ်နားလိုက်သည်။



No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား