img.emoticon { padding: 0; margin: 0; border: 0; }

Monday, January 14, 2013

နိုင်ငံခြားသားအလုပ်သမား ရွေးချယ်ခန့်အပ်မှုဆိုင်ရာ စည်းမျဉ်းဥပဒေ


ရွှေအလင်းတန်း မြန်မာ စာကြည့်တိုက်၊ အလုပ်သမား ဥပဒေ၊ ပညာပေး အစီအဉ် အမှတ်စဉ် (၃)

 အလုပ်သမား ရွေးချယ်ခန့်အပ်မှုစည်းမျဉ်းဆိုသည်မှာ
(EPS - Employ Permit Sysytem)
ကိုရီးယားနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမားများအား လုပ်ငန်းတွင် လုပ်အား ငှားရမ်းအသုံးပြုနိုင်ရန် အတွက် စည်းမျဉ်းဥပဒေ(အလုပ်သမား ရွေးချယ်ခန့်အပ်မှုစည်းမျဉ်း ဥပဒေ) အရ ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်အကိုင်များကို လုပ်ကိုင်နေလျှက်ရှိပါသည်။ ၎င်းဥပဒေတွင် အလုပ်အကိုင် ရရှိရေးနှင်ဆိုင်သော အဆင့်များ၊ စာချုပ်ချုပ်ဆိုခြင်း၊ စာချုပ်သက်တမ်း၊ လုပ်ငန်းပြောင်းလဲမှုစသည့် အကြောင်းအရာများစွာပါဝင်ပါသည်။ အလုပ်သမား ရွေးချယ်ခန်အပ်မှုဥပဒေပါ စာရင်းအရ ၂၀၁၁ခုနှစ် ၁၂လပိုင်းကုန် ယခု လက်ရှိ ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင် လက်ရှိသော အလုပ်သမား ဦးရေမှာ ၅၄၇ ၃၂၄ ယောက်ဖြစ်သည်။(အခြေခံ အလုပ်သမား ဗီဇာ(E-9)ဖြင့် ၂၃၄ ၂၉၆ ယောက်၊ သင်္ဘောသား အလုပ်သမား ဗီဇာ(E-10)ဖြင့် ၉ ၆၆၁ ယောက်၊ ဖိတ်ခေါ်ဗီဇာ(H-2) ဖြင့် ၃၀၃ ၃၆၈ ယောက်ရှိသည်ဟုဆိုသည်။ ၎င်းတွင် မြန်မာလူမျိုး ရွှေ့ပြောင်း အလုပ်သမားဦးရေမှာ စုစုပေါင်း ၃ ၄၃၁ဦး ရှိပါသည်။


 အလုပ်စာချုပ်( စံပြ စာချုပ်ပုံစံ)
အလုပ်စာချုပ် ဆိုသည်မှာ ကုမ္ပဏီနှင့် အလုပ်သမား အကြားတွင်ချုပ်ဆိုရသော စာချုပ်ကို ဆိုလိုပါသည်။ အလုပ်သမားမှ မိမိ၏ လုပ်အားနှင့် ထိုက်တန်သော အကျိုးခံစာခွင့် အနေဖြင့် ငွေကြေးကို ရရှိခြင်း ဖြစ်သဖြင့် ဖြစ်သလို ပြီးစလွယ် ပေးလို့ မဖြစ်သလို ဥပဒေအရ စာရွက်စာတမ်းဖြင့် အလုပ်သမားမှ မည်သည့် အကြောင်းအချက်များဖြင့် မည်သို့လုပ်ကိုင်မည်ဆိုသည့် အချက်အလက်များကို အလုပ်လုပ်မည့် အလုပ်သမားမှ သိရှိနေရမည်ဟုဆိုပါသည်။
l လစာ တွက်ချက်ပုံ
l လစာအတွင်း မည်သည့် အကြောင်းအရာများ ပါဝင်ပုံ
l ဘယ်လို ပေးမည်
l အလုပ်ချိန် မည်မျှ
l နားရက်၊ ပိတ်ရက်များကို မည်သည့် အချိန်တွင်
l နှစ်စဉ် လစာနှင့် ခွင့်ပေးခြင်း စသည့်
အကြောင်းကိစ္စများကို စာရွက်ပေါ်တွင် ရေး၍ အသိပေးရမည်ဖြစ်ပြီး၊ အကယ်၍ အလုပ်သမားမှ စာချုပ်နှင့် ပတ်သက်သော အကြောင်းအရာများကို အသိပေးရန်တောင်းဆိုလာသောအခါတွင် စာချုပ်အား အလုပ်သမားလက်သို့ပေးရမည်ဖြစ်သည်။ စာချုပ်သက်တမ်းမှာ ၃နှစ်ဖြစ်ပြီး၊ စာချုပ် ချုပ်ဆိုခြင်း၊ စာချုပ်ပါ အကြောင်းအရာများ ပြောင်း၍ အသစ်ချုပ်ဆိုခြင်းများ ပြုလုပ်နိုင်ပါသည်။
 အလုပ် ဗီဇာသက်တမ်းနှင့် သက်တမ်းတိုးခြင်း
၁။ ရွှေ့ပြောင်း အလုပ်သမား တစ်ဦးသည် နိုင်ငံအတွင်းသို့ဝင်ရောက်ပြီး ၃နှစ်တာကာလ အတွင်း အလုပ်လုပ်နိုင်သည်။ ၃နှစ်ပြည့်ပါက မိမိနိုင်ငံသို့ပြန်ရမည်ဖြစ်ပြီး ၆လ ကြာပြီးမှ ပြန်လည် လာရောက်လုပ်ကိုင်နိုင်သည်။(လုပ်ငန်း သစ် လျှောက်ထားမှု အဆင့်)
၂။ အထက်ပါ ၃နှစ်ပြည့်ပြီး မိမိနိုင်ငံသို့ မပြန်မှီ ကုမ္ပဏီမှ အလုပ်သမားဌာနသို့ လုပ်ငန်းတွင် ပြန်လည် ခန့်အပ်ရန်အတွက် လျှောက်ထားလျှင် တစ်ကြိမ် အတွက် ၂နှစ်အောက် သက်တမ်း(၁ နှစ်နှင့် ၁၀လ)ကို ပြန်လည် ရရှိနိုင်သည်။ (နောက် တစ်ကြိမ် ပြန်လည် ခန့်ထာခြင်း) ၎င်း ဗီဇာ သက်တမ်းကုန်၍ အမိမြေသို့ ပြန်လျှင်၊ ၆လ ကြာပြီးမှ ကိုရီယားနိုင်ငံသို့ ပြန်လည်လာရောက်၍ အလုပ်လုပ်ကိုင်နိုင်သည်။(လုပ်ငန်း သစ် လျှောက်ထားမှု အဆင့်)
၃။ ၂၀၁၂ ခုနှစ် ၄လပိုင်း ၂၉ရက်မှ စ၍၊ ၃နှစ် နှင့် နောက်ထပ် ၁နှစ် ၁၀လ အလုပ်လုပ်ပြီး သက်တမ်းကုန်ဆုံးသော အလုပ်သမားတစ်ဦးသည် အောက်ပါ သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံပါက မိမိနိုင်ငံသို့ပြန်ပြီး ၃လအတွင်း ကိုရီယားနိုင်ငံသို့ပြန်လာပြီး မိမိနှင့် သင့်လျှော်ညီသော(မိမိအား ခေါ်ဆိုသော) လုပ်ငန်းခွင်တွင် ပြန်လည် အလုပ်လုပ်နိုင်သည်။
လိုအပ်သော အရည်အချင်းများ
l လုပ်ငန်းပြောင်းရွှေ့မှု မရှိခြင်း( ကုမ္ပဏီမှ တစုံတရာသော အကြောင်းကြောင့် လုပ်ငန်းပြောင်းခဲ့ရသည့် ကစ္စများမပါ)
l ကိုရီယားနိုင်ငံသာ အလုပ်သမားအား ခန့်အပ်ရန် ခက်ခဲသည်ဟု သတ်မှတ်ထားသော လုပ်ငန်း၊ ၎င်းလုပ်ငန်းတွင် လက်ရှိအလုပ် လုပ်နေခြင်း
l ကိုရီယားနိုင်ငံသို့ ပြန်လည်လာရောက်ပြီး ၁နှစ်နှင့် အထက် ခေါ်ဆိုထားသော လုပ်ငန်းခွင်တွင် အလုပ်လုပ်မည်ဆိုသော စာချုပ် အထောက်အထား)
၎။ ၎င်း အပြင်၊ ၄နှစ်နှင့် အထက် စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတို့တွင် အလုပ်လုပ်ကိုင်ပြီးသော အလုပ်သမားများ အတွင်း အောက်ပါအရည်အချင်းများနှင့်ပြည့်စုံပါက ကျွမ်းကျင်အဆင့် ပညာရှင် အလုပ်သမား(E-7)ဗီဇာကို လျှောက်ထားနိုင်သည်။
▶ လိုအပ်သော အရည်အချင်းများ
l အသက် ၃၅နှစ်အောက်
l ၂နှစ်နှင့် အထက် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီး
l နောက်ဆုံ တစ်နှစ်၏ ပျှမ်းမျှ လစာသည် သတ်မှတ်ထားသော လုပ်ငန်းခွင် လစာထက် များနေခြင်း
l ကိုရီးယား ဘာသာစကား ကျွမ်းကျင်မှုအဆင့် ၃
 လုပ်ငန်းပြောင်းရွှေ့မှု
အလုပ်သမား ရွေချယ်ခန့်အပ်မှု ဥပဒေတွင် ရွှေ့ပြောင်း အလုပ်သမားတစ်ဦးအား မိမိစိတ်တိုင်းကျ ကုမ္ပဏီ (သို့) လုပ်ငန်းအမျိုးအစားကို ပြောင်ရွှေ့လုပ်ကိုင်ခြင်းကို ကန့်သတ်ထားသည်။ လစာနည်းသည်ဆိုသော အကြောင်းပြချက်၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှ စက်မှုလုပ်ငန်းသို့ပြောင်လဲလုပ်ကိုင်ချင်သည်ဆိုသော တောင်းဆိုချက်များကြောင် လုပ်ငန်းကို ပြောင်းလည်လုပ်ကိုခွင့်မရှိပါ။ သို့သော် သတ်မှတ်ထားသော စာချုပ်သက်တမ်း ကုန်ဆုံးပါက လုပ်ငန်းကိုပြောင်းလဲလုပ်ကိုင်နိုင်သည်။ ထို့အပြင် အောက်ပါ အကြောင်းအရာ ၅ချက်နှင့် ကိုက်ညီပါက စာချုပ်သက်တမ်း မကုန်ဆုံးမှီ လုပ်ငန်းခွင်အား ပြောင်းရွှေ့လုပ်ကိုင်နိုင်သည်။
 စာချုပ်သက်တမ်း ကျန်ရှိနေသေးသော်လည်း ကုမ္ပဏီမှ မျှတသော အကြောင်းပြချက် တစ်ခုခုဖြင့် စာချုပ်ကို ဖျက်သိမ်းလိုသောအခါ(သို့) စာချုပ်သက်တမ်း ကုန်ဆုံးပြီး ထပ်မံ၍​ စာချုပ်ချုပ်ဆိုရန်ငြင်းဆိုသောအခါ
 လုပ်ငန်းလည်မှု အခက်အခဲကြောင့် ကုမ္ပဏီမှ လုပ်ငန်းများ နားနေရခြင်း(휴업) လုံးဝ ပိတ်ပစ်လိုက်ရခြင်း(폐업) အလုပ်သမား၏ အပြစ်ကင်းသော အကြောင်းပြချက်( ပထမဦးဆုံး ကိုရီးယားသို့ရောက်ရှိစဉ် ကုမ္ပဏီမှ အလုပ်ခန့်အပ်မှုမရှိခြင်း)ကြောင့် ထိုကုမ္ပဏီတွင် ဆက်လက်လုပ်ကိုင်နိုင်မှု မရှိသော အခြေအနေ
 ကုမ္ပဏီမှ နိုင်ငံခြားသာ အလုပ်သမားဆိုင်ရာဥပဒေတစ်ခုခုအား ဖောက်ဖျက်သောအခါ(သို့) ဖောက်ဖျက်ပြီး၍ နိုင်ငံခြားသား အလုပ်သမားများအား အသုံး မပြုနိုင်ခြင်း
 လက်တွေ့အလုပ်လုပ်သော အခါတွင် စာချုပ်ပါ သဘောတူညီချက်များနှင့် မကိုက်ညီပဲ အလုပ်လုပ်နေရခြင်း (သို့) ကုမ္ပဏီမှ သာတူညီမျှ မဆက်ဆံမှုစသည်တို့ကြောင့် လုပ်ငန်းအား ဆက်လက်မလုပ်ကိုင်နိုင်ခြင်း
 ထိခိုက်ဒါဏ်ရာ တစ်ခုခုကြောင့် အဆိုပါ လုပ်ငန်းတွင် ဆက်လက်အလုပ်မလုပ်နိုင်သော်လည်း တခြားလုပ်ငန်းခွင်တွင် အလုပ်လုပ်နိုင် နိုင်သေးခြင်း
 လုပ်ငန်းပြောင်းရွှေ့နိုင်သော အကြိမ်အရေအတွက်
၃နှစ် အတွင်း ၃ကြိမ်၊ နောက်ထပ် ၂နှစ်အတွင်း ၂ကြိမ်၊ ပေါင်း ၅ ကြိမ်။ သို့သော် အထက်
တွင် ဖေါ်ပြခဲ့သော အမှတ်စဉ်
② ကဲ့သို့ အလုပ်သမား၏ အပြစ်မဟုတ်ပဲ ကုမ္ပဏီ ပိတ်ခြင်း၊ ဖျက်သိမ်းခြင်းများကြောင့် လုပ်ငန်းပြောင်းရပါက ၎င်းကို ထည့်၍ မတွက်ပါ။ ထိုကြောင့် နောက်တစ်ကြိမ် ပြောင်းလိုက ပြောင်းရွှေ့နိုင်ပါသေးသည်။
 လုပ်ငန်းပြောင်းရွှေ့မှု အဆင့်
l လုပ်ငန်းပြောင်းရွှေ့မှု လျှောက်လွှာတင်ခြင်း( စာချုပ်သက်တမ်ကုန်ပြီး တစ်လ အတွင်း လုပ်ငန်ရှာဖွေရေးဌာနသို့ လျှောက်ထားနိုင်သည်။)
l ပြဿနာရှိမရှိ စစ်ဆေးခြင်း၊ လစ်လပ်နေသော လုပ်ငန်းနေရာများ ရှာဖွေပေးခြင်း( အလုပ်သမားရုံး လုပ်ငန်ရှာဖွေရေးဌာနတွင်)
l စာချုပ်ချုပ်ဆိုခြင်း(ကုမ္ပဏီ အသစ်နှင့်)
l အလုပ်လုပ်ကိုင်ခွင့် ထောက်ခံစာ ထုတ်ယူခြင်း(အလုပ်သမားရုံး လုပ်ငန်းရှာဖွေရေးဌာနမှ )
l လုပ်ငန်းပြောင်းရွှေ့မှု ခွင့်ပြုမိန့်( ဥပဒေရုံး)
 ပြည်တွင်းမှ ထွက်ခွာပေးရခြင်း
ကုမ္ပဏီပြောင်းရွေှ့ရန် အတွက် အလုပ်သမား ၀န်ကြီးဌာနသို့လျှောက်လွှာတင်ပြီး ၃လအတွင်း လုပ်ငန်းအသစ်ကို ရှာဖွေနိုင်ခြင်းမရှိပါက ကိုရီးယားနိုင်ငံတွင်းမှ ထွက်ပေးရသည်။ သို့သော လုပ်ငန်ခွင်ထိခိုက်ဒါဏ်ရာရရှိခြင်း၊ ရောဂါတစ်ခုခုကြောင့် ဆေးကုသမှုခံယူနေရခြင်း၊ မီးဖွားနေရခြင်း စသည့် အကြောင်းမျာကြောင့် လုပ်ငန်းသစ်ကိုမရှာနိုင်ပါက အလုပ်သမား ၀န်ကြီးဌာန၊ လုပ်ငန်ရှာဖွေရေး ဌာနမှ အကြီးအကဲ၏ထောက်ခံစာဖြင့် သက်တမ်းကို ထပ်မံတိုးနိုင်သည်။
**ကယားလေး**

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား