img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, June 20, 2012

၂၀၁၅ တွင် ဆန်ရှင် အားလုံး ဖယ်ရှားမည်ဟု မျှော်လင့်နိုင်ဖွယ် ရှိ

၂၀၁၅ တွင် ဆန်ရှင် အားလုံး ဖယ်ရှားမည်ဟု မျှော်လင့်နိုင်ဖွယ် ရှိပါသည်။ လက်ရှိအနေအထားတွင်မူ ဖွင့်လည်းဖွင့်-ပိတ်လည်းပိတ်သော မီးစ တစ်ဖက် ရေမှုတ်တစ်ဖက် လမ်းစဉ်ကိုသာ ကျင့်သုံးကြပေလိမ့်မည်။
မြန်မာပြည်သူများအတွက် အကောင်းဆုံး မျှော်လင့်နိုင်သည့်အရာကား အနောက်အုပ်စု မဟုတ်သော ကျန်ကမ္ဘာ့နိုင်ငံများမှ ရင်းနှီးမြုပ်နှံ မှုများသာ ဖြစ်နေသည် ဟု ရှုမြင်နိုင်သည်။ နောက်ကြောင်း ပြန်လှည့်ခြင်း မလှည့်ခြင်းဟူသည် ပြည်သူများ၏ လူမှု-စီးပွားဘ၀များကို တိုက်ရိုက် သက် ရောက်မှုရှိသည့် နိုင်ငံတော်စီးပွားရေးကဏ္ဍတစ်ခုလုံးအပေါ်တွင် မူတည်နေဖွယ်ရာ ရှိသည်။

နိုင်ငံရေးခေါင်းဆောင်ကောင်းတို့မည်သည် နိုင်ငံတော်နှင့် ပြည်သူများ၏ National Interest ကို ဦးထိပ်ထားရမည် ဖြစ်သည့်အတိုင်း အမေရိကန် အမတ်များအနေဖြင့် ဤဆောင်ရွက်ချက် ဆောင်ရွက်ရခြင်းအတွက် ခိုင်လုံ သော အကြောင်းပြချက်များ ရှိမည်ဟု ယူဆသည်။

မြန်မာနိုင်ငံကဲ့သို့ တစ်ဦးချင်းဝင်ငွေနိမ့်ကျနေသော ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ အနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးသို့ (လိုအပ်ချက်ပေါင်း များစွာ ရှိသည့်အနေအထားဖြင့်) လျှောက်လှမ်းရသည်မှာ စွန့်စားမှုပေါင်း များစွာ ရှိနိုင်သည်။ အလားတူ နိုင်ငံရေးမျက်နှာစာနောက်တွင် စီးပွားရေးတိုးတက်မှု တို့ တစ်ပါတည်း ကပ်ပါလာမှသာ ကူးပြောင်းလိုက်သည့် အဆင့်တိုင်း ခိုင်မာ စေမည် ဖြစ်သည်။

လက်ရှိအချိန်တွင် မည်သည့် ရင်းနှီးမြုပ်နှံမှုမှ လောက်လောက်လားလား အမှန်တစ်ကယ် စီးဝင်ခြင်း မရှိသေးဘဲ နာမည်ကြီးထမင်းငတ်ဖြစ်နေသော မြန်မာနိုင်ငံသည် လာမည့် (၄)နှစ်အတွင်း ထမင်းငတ်သော နာမည်ကြီးဘ၀၌ပင် ရှိမနေစေရန်သာ ဆုတောင်းရတော့မည်။

သေချာပေါက် ပြောနိုင်သည်မှာ Investment Law ထွက်ပြီးနောက် ယခုအတိုင်း ဒုံရင်း ဆက်ဖြစ်နေလျှင် မြန်မာ့ဒီမိုကရေစီခရီး ဆေးခါးကြီး သောက်ရသည့် အနေအထားသို့ မရောက်ရှိစေရန် ဆုတောင်းရပေလိမ့်မည်။
======================================


အမေရိကန် ထိပ်တန်း လွှတ်တော်အမတ်များက မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ထားရှိခဲ့သည့် ဒဏ်ခတ်အရေးယူမှုများကို နောက်ထပ်တနှစ် ဆက်လက်ထားရှိရန် တောင်းဆိုလိုက်ပြီး ယခုအချိန်သည် ၄င်းတို့အစိုးရ အနေနှင့် အမေရိကန်ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ လုပ်ဆောင်ရန် ခွင့်ပြုသင့်သည့်အချိန် မဟုတ်သေးကြောင်း ပြောဆိုလိုက်သည်။

အမေရိကန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်း ညှိနှိုင်းရေးဆွဲထားသော ဥပဒေ အဆိုပြုချက်အား လွှတ်တော်နှစ်ရပ်စလုံးတွင် ပြီးခဲ့သည့်တပတ်က ထုတ်ပြန်ရာ၌ ၄င်းတို့က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“မြန်မာပြည်က ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ လုပ်နိုင်ဖို့အတွက် အစိုးရအနေနဲ့ အခုအချိန်မှာ ယာယီ ခွင့်ပြုချက် (Waiver) ထုတ်ပေးတာမျိုး ရှောင်ကြဉ်ဖို့ ကျနော် တိုက် တွန်းပါတယ်။ မြန်မာအစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင် သဘောထားတွေအပေါ် အသေအချာဆန်းစစ်ပြီးမှ ဒီကိစ္စကို စဉ်းစားသင့်ပါတယ်”
(အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း John McCain)

မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ အမေရိကန်နိုင်ငံသို့ တင်ပို့မှုကို တားဆီးရာရောက်မည်

အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကင်ခေါင်းဆောင် မစ်ခ်ျ မက်ကော်နယ် (Mitch McConnell) ကလည်း မြန်မာ့လွတ်မြောက်ရေးနှင့် ဒီမိုကရေစီအက်ဥပဒေ (Burmese Freedom and Democracy Act) အား ဆက်လက် ထားရှိခြင်းဖြင့် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ အမေရိကန်နိုင်ငံသို့ တင်ပို့မှုကို တားဆီးရာရောက်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်း အားဖြင့် ယင်းဥပဒေအား မြန်မာပြည်တွင် ပြုပြင်ပြောင်းလဲမှုများ ပိုမိုဖြစ်ပေါ်လာရေးအတွက် အမေရိကန်အစိုးရက ကူညီရာ တွင် မောင်းနှင်အားအဖြစ် ဆက်လက်အသုံးပြုနိုင်ကြောင်း ပြောဆိုသည်။

“ဒီအက်ဥပဒေ ဆက်ရှိနေတဲ့အတွက် အစိုးရအနေနဲ့ လွှတ်တော်နဲ့ ညှိနှိုင်းပြီး ဒဏ်ခတ်အရေးယူမှုတွေကို လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ခွင့် ရှိနေမှာဖြစ်ပါတယ်။ ပြောင်းလွယ်ပြင်လွယ် လုပ်နိုင်တဲ့အနေအထားကိုလည်း ဆက်ထိန်းထားနိုင်မှာ ဖြစ်ပါတယ်” ဟု ၄င်းက အထက်လွှတ်တော် ၌ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သတိပေးခဲ့သလိုပါပဲ မြန်မာပြည်က အခြေအနေတွေဟာ နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ပြင်းထန်တဲ့ စိမ်ခေါ်ချက်တွေကို ရင်ဆိုင်ဖြေရှင်းဖို့လိုပါတယ်” ဟု မစ်ခ်ျ မက်ကော်နယ် က ဆိုသည်။

“ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေက လေးနက်တဲ့ ပြဿနာတရပ်အဖြစ် ဆက်ရှိနေပါသေးတယ်။ ထောင်ထဲမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေပါသေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ဒီမိုကရေစီ နည်းမကျသေးပါဘူး။ မြန်မာအစိုးရနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး အထူးသဖြင့် မြောက်ကိုရီးယားအစိုးရထံကနေ လက်နက်တွေ ဝယ်ယူတဲ့ကိစ္စကလည်း တကယ့်စိုးရိမ်စရာအဖြစ် ဆက်ရှိနေပါသေးတယ်” ဟု ၄င်းက ပြောသည်။

http://burma.irrawaddy.org/archives/12582

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား