img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, June 20, 2012

အခွန်ထမ်းဆောင်မှု မှတ်တမ်းကတ်ကို ယခုနှစ်မှစ၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း

ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစ၍ ကိုယ်တိုင် အခွန်ထမ်းဆောင်မှုမှတ်တမ်းကတ် စတင်ထုတ်ပေးမည် မည်မျှ အခွန်ဆောင်၍ မည်မျှ အခွန်ရှောင်ထားသည် ဆိုခြင်းကို ထင်ထင်ရှားရှား သိရှိနိုင်


လူတစ်ဦးချင်း၊ ကုမ္ပဏီတစ်ခုချင်း၊ လုပ်ငန်းတစ်ခုချင်းအလိုက် လစဉ် မိမိမည်မျှ အခွန်ပေးဆောင်ထားသည်ကို သိရှိနိုင်မည့် ကိုယ်တိုင် အခွန်ထမ်းဆောင်မှု မှတ်တမ်းကတ်ကို ယခုနှစ်မှစ၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ ဦးစီးရုံး၊ ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်က ပြောကြားခဲ့ပါသည်။

မိုးပြာရောင်နှင့် အစိမ်းရောင်ပါဝင်သော ကိုယ်တိုင် အခွန်ထမ်းဆောင်မှု မှတ်တမ်းကတ်ကို အခွန်ထမ်းများလက်ဝယ်သို့ ပေးအပ်ထားမည်ဖြစ်ပြီး လစဉ်မည်မျှ အခွန်ဆောင်ထားသည်ဆိုခြင်းကို သိရှိနိုင်ခြင်း၊ နိုင်ငံတော်မှ အခွန်ထမ်းများအတွက် အကျိုးခံစားခွင့် ပြန်ပေးမည်ဆိုပါက လည်း အဆိုပါကတ်ဖြင့် ကိုယ်ရရှိမည့် အကျိုးခံစားခွင့်ကို ရယူနိုင်ခြင်း၊ အခွန် ပိုမိုပေးဆောင်ချင်စိတ်ကို တွန်းအားပေးနိုင်ခြင်း၊ စနစ်တကျ ကိုယ်တိုင် အခွန်ပေးဆောင်သည့်စနစ်သို့ သွားရာတွင် အထောက်အကူများစွာ ဖြစ်နိုင်ခြင်းများကြောင့် အခွန် ပေးဆောင်မှု မှတ်တမ်းကတ်ကို ထုတ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

https://www.facebook.com/ElevenMediaGroup

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား