img.emoticon { padding: 0; margin: 0; border: 0; }

Sunday, June 24, 2012

အမျိုးသမီးတစ်ဦးအား တရုတ်လုပ်ငန်းရှင်ထံ ယွမ် ၄၀၀၀၀ ဖြင့်ရောင်း


ရန်ကုန်၊ ဇွန်-၁၉
မြောက်ဥက္ကလာပမြို့နယ်၊ ၈ ရပ်ကွက်နေ (၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးအား တရုတ်စီးပွားရေးလုပ် ငန်းရှင်တစ်ဦးထံ ယွမ်လေးသောင်း (ကျပ် ၅၂ သိန်းဝန်းကျင်) ဖြင့် ရောင်းချမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး  အစိုးရ
အဖွဲ့မှ သတင်းရရှိသည်။


တရုတ်နိုင်ငံ ရွှေလီမြို့ စတိုးဆိုင်၌ တစ်လလျှင် နှစ်သိန်းကျပ်နှင့် နေ့စဉ်ဘောက်ဆူးငွေ တစ် သောင်းကျပ်ရရှိမည်ဟု မ/၄၁၊ ၀ဏ္ဏကျော်စွာလမ်း၊ ၁၄ ရပ်ကွက်၊ ရွှေပေါက်ကံမြို့သစ်၊ မြောက် ဥက္က လာပမြို့နယ်နေသူ ဒေါ်မြတ်မြတ်လွင်က သွေးဆောင်စည်းရုံးခဲ့ပြီး ၂၀၁၂ ဇန်န၀ါရီ ၁၀ ရက်တွင် ယင်းမြို့သို့ပို့ဆောင်ခဲ့သည်။

မေ ၁၅ ရက် လူကုန်ကူးခံရသူ၏ ဖခင်ဖြစ်သူ ဦး-- သည် သမီးဖြစ်သူနှင့် အဆက်အသွယ် ရရှိကာရောင်းချခံလိုက်ရသည်ကို သိရှိရ၍ လူကုန်ကူး(အထူး)အဖွဲ့ရုံးသို့ သွားရောက်တိုင်ကြားခဲ့သည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ဒေါ်မြတ်မြတ်လွင် အပေါ် အရေးယူပေးရန် ရကရ လူကုန်ကူးအထူးအဖွဲ့၊ ရဲအုပ်အောင်စိုးက  တရားလိုပြုလုပ်တိုင်တန်းမှုအား မြောက်ဥက္ကလာပရဲစခန်းက (ပ)၆၆၃/ ၁၂၊ လူကုန်ကူးပုဒ်မ-၂၄ ဖြင့် ၂၀၁၂ ဇွန် ၁၇ ရက်၊ ည ၇ နာရီမိနစ် ၂၀ အချိန်တွင် အမှုဖွင့်ပြီး အမှုစစ်ဒုရဲအုပ်အောင်မြင့်ဦးက တရားခံဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

လူကုန်ကူးခံရသော (၃၅) နှစ်အရွယ် မ--- ကိုလည်း ပြန်လည်လွတ်မြောက်အောင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား